အပိုင်း (၂၂) - Zawgyi
ပူလောင်လွန်းတယ်......မျက်နှာတစ်ခုလုံး ချွေးစေးတွေ တဒီးဒီးကျလောက်တဲ့ ထိပင်
"ဖိန်းထင်ကို နောက်ဆုံးအခွင့်အရေးလေး တစ်ခုပဲပေးပါ။ ဖိန်းထင် အသက်နဲ့လဲပြီး အာမခံပါတယ်။ နင်နာကျင်ရမယ့် ကိစ္စမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး ဆိုတာကို"
သူမက သူ့ရဲ့ရင်ခွင်ထဲမှာတိုးဝှေ့နေဆဲ အပြုံးလေးတစ်ခုကလဲ မျက်နှာမှာ ဆင်မြန်းလျက်ပေါ့
"ဖိန်းထင်က နင့်ကို နာကျင်အောင် လုပ်ရက်မယ့်သူမဟုတ်ဘူးလေ။ နင့်ဘေးနားက သူတွေလည်း အတူတူပဲပေါ့"
"မင်းကို ငါ တုန်းလင်းမှာ စောင့်နေမယ်"
လနတ်သမီးဆီမှာ တိုင်တည်ကြစို့.....
ကိုယ်တို့၂ယောက် ဘယ်သောအခါမှ လက်တွဲမဖြုတ်ဖို့.....
"ကျွတ်စ်......ကျွတ်စ်....ချုးပေ့ကျယ် မင်းက ငတုံးပဲ!" စကားသံနဲ့အတူ တွဲပါလာတဲ့ ကြက်သီးထဖွယ်ရာ ရယ်မောလိုက်သံက သူမတစ်ကိုယ်လုံးကို ဓားချက်များစွာနှင့် စူးနက်စွာ ထိုးနှက်လိုက်သည့်နှယ် နာကြင်မှုအပြည့်
သူမတစ်ကိုယ်လုံး အရိုးများ ကွဲကြွေကုန်သည့်အလား
သွေးကြောတို့ ပြန်ပြောင်းစီးဆင်းကုန်ကြသည့်အလား
အသားစိုင်တို့ ကြွေမွပျက်စီးကုန်သည့်အလား....အိပ်မက်ပဲ ဖြစ်ရမယ်။ ဒါက အိပ်မက်လို့ပဲ ပြောလိုက်ပါတော့
ပူလောင်လွန်းတယ်....မီးတောင် ချော်ရည်တွေထဲ ရောက်သွားသည့်အလားပင် ပူလောင်လွန်းလှတယ်
ဒါက အိပ်မက်ပါ။ ဒါပေမယ့် ဖိန်းထင် နိုးထဖို့ ကြိုးစားလို့မရပေ။ အိပ်မက်ထဲမှာပေါ့ သူမက ဘယ်ရီသီးတွေကို အငမ်းမရ၀ါးစားလျက်ရှိသည်။ ဘယ်ရီသီးများက မှည့်ရော်ကာ စားချင်စဖွယ် နီနီမြန်းမြန်း အရောင်သန်းလို့နေသည်။ ဒါပေမယ့် စားလေ စားလေ တစ်လုံးထက် တစ်လုံးက ပိုပိုပြီး ခါးသက်လို့လာတယ်။ ဆိုးရွားလိုက်တာ...
ဘာလို့ ဒီလောက် ခါးနေရတာလဲ?
ဘာလို့ ပိုပြီး ပိုပြီး ခါး လာရတာလဲ?
ESTÁS LEYENDO
Gu Fang Bu Zi Shang
Romance"မိန်းမတစ်ယောက်က ရိုးအလေ ပိုအဖိုးတန်လေ" ဆိုတာ ပိုင်ဖိန်းထင် လုံးဝဆန့်ကျင်တဲ့စကား...သူမကကျင်းအန်းဝမ်အိမ်တော်က အစေခံမလေးတစ်ယောက် ဒါမယ့် ကြွယ်ဝမှုက တခြားအမျိုးသမီးတွေ အကုန်လုံးနီးပါးထက်ကို သာလွန်တယ်...ရုပ်ရည်အရ ရွက်ကြမ်းရေကျိုမိန်းကလေးတ...