အပိုင်း (၄) - Zawgyi + Unicode

1.3K 143 4
                                    


အပိုင်း (၄) - Zawgyi

"အိုင်းယား.....ရှိုးက ပြီးပြီပေါ့" ချုးပေ့ကျယ်ထွက်သွားတယ်ဆိုတာနဲ့ ဟွားသခင်မလေးတစ်ရောက် နှာချေလိုက်ပြီး နေရာကခုန်ထကာ ကန့်လန့်ကာကို ဖယ်လိုက်တယ်။ နောက်တော့ ပျင်းရိနေဟန်နဲ့ "ဒီလူက စစ်ရူးပဲ။ ရုပ်ကလေးကြည့်ကောင်းတာကလွဲပြီး ဘာမှလည်းပျော်စရာမကောင်းဘူး။ နင်မို့လို့သူလိုလူနဲ့ ဒီလောက်ကြာကြာပြောနိုင်တယ်...ဟေ့ ဟုန်လေး နင်ဘာလို့တိတ်နေတာလဲ?"

ဖိန်းထင်ကတော့ ချုးပေ့ကျယ် မထွက်ခင်ကပြောသွားတဲ့ စကားကြောင့် စိတ်တွေရှုပ်နေတယ်

သခင်လေး သတင်းများရလို့လား?

ကျင်းအန်းဝမ် အိမ်တော်ကလူတွေရော ဘေးကင်းကြရဲ့လား?

တုန်းတင်းနမ် ဆိုတဲ့သူက ဘာလုပ်တဲ့သူလဲ?

သူ့မှာအထင်ကြီးလောက်စရာ အငွေ့အသက်တွေနဲ့ နိုင်ငံရေးအကြောင်းပြောနေရင်လည်း ကျေနပ်နေတဲ့ အပြုံးနဲ့။ ပြီးတော့ စစ်ရေးစစ်ရာ ဗျုဟာတွေကိုလည်း ပိုင်နိုင်ချက်က ဖိန်းထင်ပင် ကြောက်ရွံ့ရတဲ့အထိပင်။ ဘယ်လိုပဲကြည့်ကြည့် သူဟာ စစ်ရေးအတိုင်ပင်ခံတစ်ယောက်ရဲ့ ပုံစံကမလွဲ။

စစ်ရေးအတိုင်ပင်ခံ? သူမခေါင်းထဲမှာ ကြားဖူးသမျှ စစ်ရေးအတိုင်ပင်ခံများကို ပြန်စဉ်းစားကြည့်လိုက်တယ်။ သူက တုန်းလင်းက လူငယ်တစ်ယောက်ဆိုတော့....ပထမဆုံး သူမခေါင်းထဲဝင်လာတဲ့သူက ကျန်းပေ့ဝမ်။ သူမအရင်က ကျန်းပေ့ဝမ် ပုံတူကို မတောင်းကြည့်ခဲ့မိတာကိုပင် နောင်တရမိသွားသည်။

ကျန်းပေ့ဝမ်က သူမဘယ်သူဆိုတာကိုရိပ်မိလို့များ စောင်းလက်ဆောင်ပေးသလိုလိုနဲ့ ကျင်းအန်းဝမ်အိမ်တော်ရဲ့ အတွင်းလူတစ်ယောက်ဖြစ်တဲ့ သူမကို လာစုံစမ်းတာများလား? ဒါပေမယ့်....အဲ့လိုဆိုရင်တောင် ဒီလောက်ရှုပ်ရှုပ်ယှက်ယှက်တွေလုပ်ဖို့လိုလို့လား?

ဟွားသခင်မလေးက သူမငိုင်နေတာလည်းတွေ့ရော စိတ်မကြည်ဟန်နဲ့ "သွားတဲ့သူကဖြင့်သွားပြီ။ နင်ကသူ့အကြောင်းစဉ်းစားလို့ မပြီးနိုင်သေးဘူးလား။ နင်တကယ်သူ့ကို စိတ်ဝင်စားသွားတာလား" ပြောရင်း စသလို နောက်သလိုနှင့် ဖိန်းထင်ပါးကို လှမ်းဆိတ်လိုက်တယ်

Gu Fang Bu Zi ShangDonde viven las historias. Descúbrelo ahora