အပိုင်း (၅) - Zawgyi
ပြတင်းပေါက်အပြင်မှာ ကြောင်တစ်ကောင် လာအော်နေသံကြားလိုက်ရတယ်။ သူမပြတင်းပေါက်ဘက်ကို လှည့်ပြီး "တော်တော် စိတ်ရှုပ်ဖို့ကောင်းတဲ့အကောင်လေး မနက်ကျမှ တွေ့ကြသေးတာပေါ့" ပြောရင်း ရယ်လိုက်မိတယ်။ နောက်မှ ကျင်းအန်းဝမ်အိမ်တော်ကိစ္စ ခေါင်းထဲပြန်ဝင်လာပြီး သူမပါးပေါ်က ပါးချိုင့်လှလှလေး ပြန်ပျောက်သွားရှာတယ်။
"ငါဘာလုပ်သင့်လဲ?" သူမ အိပ်မှုန်စုံမွှားဖြစ်နေသေးတာမို့ စားပွဲပေါ်က ရေတစ်ခွက်ယူသောက်လိုက်တယ်။
အကယ်လို့ ငါသာ လူကုန်ကူးသမားတွေ အဖမ်းမခံရရင် ခုချိန်ဆို သခင်လေးဘေးနားမှာ ရှိနေနိုင်မှာ....တုန်းကျိုး သခင်လေးကို သေသေချာချာ စောင့်ရှောက်နိုင်ပါစေလို့ပဲ မျှော်လင့်ရတာပဲ....ငါမနက်ဖြန်ဒီကထွက်သွားနိုင်ရင်တောင် သခင်လေးကို ဘယ်မှာသွားရှာရမလဲမှ မသိတာ
သူမဘယ်လောက်ပဲ ဥာဏ်ကောင်းတယ်ပြောအုံး အသက်ကလည်းငယ်သေးတဲ့အပြင် အမြဲတမ်းအကုန်လုံးရဲ့ကူညီ ထောက်ပံ့မှုတွေကြားမှာနေခဲ့ရတာ...ဒါပေမယ့် ချုးပေ့ကျယ်ကတော့ တစ်ကိုယ်တော်သမား ပြီးတော့ သူကလူကဲခပ်နိုင်စွမ်းကလည်း အရမ်းတော်တာ
"အတုယောင် တုန်း မျိုးနွယ်ကောင်ကို ဒီထပ်ခေါ်ပြီး သတင်းအစ်ရင်ကောင်းမလား?" သူမစိတ်ထဲမှာ အဲ့လူကို ချုးပေ့ကျယ်လို့ပဲ ထင်နေတယ် ပြောမရဘူး သူက ဖိန်းထင်ဘယ်သူလဲတောင်သိပြီးနေနှင့်လောက်ပြီ "မဟုတ်မှလွဲရော...."
ဟို စောင်းကို လက်ဆောင်လာပေးတဲ့အချိန်တုံးကလည်း ခုလိုပဲ စိတ်မသက်မသာဖြစ်ခဲ့ရသေးတယ်။ ဒါပေမယ့် သူ့အကြောင်းစဉ်းစားလိုက်တိုင်း ယုံကြည်မှုအပြည့်နဲ့ သူ့ရဲ့ပုံစံ သူ့အတွေ့ကြုံတွေကို ဟန်ပါပါပြောနေတဲ့ပုံစံတွေ ပြန်တွေးမိလိုက်ပြီး ဖိန်းထင်မျက်နှာလေးရဲသွားတယ်
ဖိန်းထင် ကိုယ့်ကိုယ်ကို တစ်ချက်ကန်ထည့်လိုက်ပြီး ပါးကိုလည်းဆွဲစိတ်လိုက်ကာ "ဖိန်းထင် နင်ဘာတွေတွေးနေတာလဲ အခု သခင်လေးကိုကယ်ဖို့က အရေးကြီးဆုံးလေ"
KAMU SEDANG MEMBACA
Gu Fang Bu Zi Shang
Romansa"မိန်းမတစ်ယောက်က ရိုးအလေ ပိုအဖိုးတန်လေ" ဆိုတာ ပိုင်ဖိန်းထင် လုံးဝဆန့်ကျင်တဲ့စကား...သူမကကျင်းအန်းဝမ်အိမ်တော်က အစေခံမလေးတစ်ယောက် ဒါမယ့် ကြွယ်ဝမှုက တခြားအမျိုးသမီးတွေ အကုန်လုံးနီးပါးထက်ကို သာလွန်တယ်...ရုပ်ရည်အရ ရွက်ကြမ်းရေကျိုမိန်းကလေးတ...