အပိုင်း (၂၆) - Zawgyi + Unicode

189 33 3
                                    

အပိုင်း (၂၆) - Zawgyi

တုန်းလင်းမှာ မင်းပြောင်းမင်းလွှဲ ၂ကြိမ်တိုင်တိုင် ဖြစ်သွားခဲ့လေသည်။ ထိတ်လန့်ဖွယ်ရာအတိဖြစ်ခဲ့တဲ့ ထိုညမှ အဖြစ်မှန်ကို အလုံးစုံသိသူမှာတော့ အနည်းငယ်မျှသာ...

နောက်တနေ့မနက်ရောက်သော် လူတွေလည်း မိမိတို့အိမ်ထဲမှ သတိကြီးစွာထားလျက် အလျှိုလျှိုထွက်လာကြတယ်။ နန်းသိမ်းတပ်ရဲ့ သတိပေးစကားအတိုင်း ပြည်သူအားလုံး တစ်ညလုံး အိမ်ထဲမှာပင်ပုန်းနေခဲ့ကြတာပင်။ ညတညလုံး မြို့တော်မှာ စစ်မြေပြင်အလားပင် မီးဟုန်းဟုန်းတောက်ကာ တိုက်ပွဲအသံအတိ ညံနေခဲ့ပေမယ့် ရှင်ဘုရင်ရော နန်းတွင်းတစ်ခုလုံးရော ဘာမျှပြောင်းလဲမှုမရှိနေချေ။

အမှုထမ်းတွေအားလုံး ဘေးကင်းပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ မှုးမတ်အချို့မှာ နန်းတော်သို့ ဆင့်ခေါ်သွားကြတယ်။ တုန်းလင်းဘုရင်မင်းမြတ်က သူတို့ကိုဆင့်ခေါ်ပေမယ့် အပြစ်ပေးခြင်းမျိုးတော့ မရှိ။ လက်ယာအမတ်ချုပ်ကြီးရဲ့ အကြံပေးမှုဖြင့်ပင် အားလုံးကို ချီးမြှင့်မြှောက်စားကာ နှစ်သိမ့်ပေးလေသည်။

အားလုံးရဲ့စိတ်ထဲမှာတော့ ဒါဟာကောင်းမွန်တဲ့အလားလာလို့ ခံစားနေမိကြလေရဲ့။

နန်းသိမ်းတပ်စတင်ဝင်ရောက်စဉ်က ညှိနှိုင်းခြင်းကိုလက်မခံပဲ ပိတ်ပင်တားဆီးကာ ခုခံတိုက်ခိုက်ခဲ့သူအချို့မှလွဲ၍ ဒဏ်ရာရသူ အသေအပျောက် အလွန်နည်းသည်ဟု ပြောရပေမည်။ ဒါပေမယ့် ထိုမိသားစုအသီးသီးကိုလည်း ဘုရင်က ထောက်ပံ့ကြေးပေးကာ အနားယူစေသည်။

အတုမဲ့သော အင်အားကြီးလှသည့် တုန်းလင်းစစ်တပ်မှာလည်း ယခင်အတိုင်းရှိနေစဲပင်။ မတူတော့သည်က စစ်သေနာပတိ ကျန်းပေ့နယ်စားမရှိတော့ခြင်းပင်။

မြေဝါလမ်းလေး တစ်ခုတွင်... မည်သည့်အမှတ်တံဆိပ်အလံမှ လွှင့်ထူထားခြင်းမရှိသည့် သာမာန် လှည်းတန်းငယ်လေးတစ်ခု တစ်ရွေ့ရွေ့သွားနေလေရဲ့...

သူတို့တွေရဲ့ မျက်နှာတွေက သာယာမနေကြ။ ဒီခရီးကိုလည်း အလိုကျဟန်မတူကြချေ။ အလယ်က လှည်း၂စီးမှာတော့ မိန်းမနဲ့ ကလေးများ လိုက်ပါလာကြတယ်။ ဒါပေမယ့် နောက်ထပ်လှည်း၂စီးကတော့ ဘာတွေ တင်ဆောင်လာသည်မသိ။ လမ်းတစ်လျှောက် လှည်းဘီးရာတို့ ရွံ့ထဲတွင် နစ်ဝင်ကာ ကျန်နေခဲ့တာကိုထောက်ရလျှင် လေးလံသည့်ပုံပင်။

Gu Fang Bu Zi ShangOnde histórias criam vida. Descubra agora