အပိုင်း (၁၉) - Zawgyi + Unicode

1.2K 180 28
                                    

အပိုင်း (၁၉) - Zawgyi

ဝေဟင်ထက်တွင် စစ်ချီသံများ မြည်ဟိန်းနေလေပြီ

တုန်းလင်းတပ်တွေအကုန်လုံး ခန့်ပုမြို့ အရှေ့ဘက်ခြမ်းမှာ အစီအရီတပ်စွဲထားပြီးကြလေပြီ။ သူတို့တွေရဲ့ မျက်နှာပြင်ပေါ်မှာ သွေးဆာနေဟန်ဖြင့် ဓားတစ်ဝင့်ဝင့်ဖြစ်နေကြလေပြီ။ ခေါင်းဆောင်ရဲ့ အမိန့်တစ်ခုသာရပါက အရာအားလုံးကို သတ်ဖြတ်ဖို့ရန် အသင့်ဖြစ်နေကြသည့်အလားပင်...

လေချွန်သံလေအလား အလံရဲ့ ရိုက်ခံသံလာရာ လမ်းတစ်လျောက် တပ်တွေအကုန် ချဲသွားပြီး စစ်သေနာပတိချုပ်အတွက် လမ်းဖွင့်ပေးလိုက်ကြတယ်။

ဖိန်းထင်ကတော့ ထိုအဖြစ်ပျက်တွေအကုန်လုံးကို မျှော်စင်အမြင့်ထက်မှ စူးစမ်းလို့နေလေရဲ့။

တုန်းလင်းတပ်ရဲ့ ခေါင်းဆောင်ဟာ သူ့ရဲ့မြင်းကိုစီးလျက် ၀ံ့ကြွားစွာထွက်ပေါ်လာတယ်။ သူ့ရဲ့ အသွင်ပြင်မှာ ယုံကြည်မှုအပြည့်ရှိဟန်အထင်းသားနှင့် လက်စွဲတော်ဓားကိုလည်း ခါးမှာချိတ်ကာ လက်မှာတော့ လေးကိုစွဲလျက်...

သူက တဖြည်းဖြည်း ရှေ့သို့တိုးလာရင်း တပ်ရဲ့ ထိပ်ကိုရောက်တော့ ခန့်ပုမြို့ရိုးပေါ်ကို လှမ်းမျှော်ကာ ကြည့်လိုက်တယ်။ သူမကလည်း ကြည့်နေမိတဲ့အချိန်ဆိုတော့ သူတို့နှစ်ယောက်သား အကြည့်တွေဆုံမိသွားကြပါလေရော။ ရုတ်တရက် ဆိုသလို နှစ်ယောက်လုံး ရင်ခုန်သံတွေမြန်သွားတယ်..

သူ့ရဲ့ တပ်မဟာတစ်ခုလုံးက ကြောက်ရွံ့ခြင်းအလျဉ်းမရှိ စစ်သွေးစစ်မာန် တကြွကြွဖြစ်နေကြလေပြီ။ ဒါပေမယ့် သူမကတော့ မျှော်စင်ထက်မှာ နန်းဆောင်လေးထဲမှာ တည်တည်ငြိမ်ငြိမ်ရှိနေတယ် တဲ့လား..

ဖိန်းထင် ရင်ခုန်သံမြန်သွားတာနဲ့အတူ သူမစိတ်တွေက သူမချုပ်ထိန်းမှုအောက်မှာ ရှိမနေတော့။ သူမကိုယ်တိုင်လည်း နောက်ဆုံးလက်ကျန်တင်းထားခဲ့ရတဲ့ အားအင်တွေအကုန်လုံး စုတ်ယူခံလိုက်ရသလို အရာအားလုံး ဝေေ၀၀ါးဝါးဖြစ်သွားပြီး လူပါယိုင်နဲ့နဲ့ဖြစ်ချင်သွားမိတယ်။ ချက်ခြင်းဆိုသလို ဘေးမှာရှိတဲ့ ကျောက်တိုင်ကို အမှီပြုကာ ရပ်လိုက်ရတယ်။

Gu Fang Bu Zi ShangWhere stories live. Discover now