အပိုင်း (၃) - Zawgyi + Unicode

1.3K 148 2
                                    


အပိုင်း (၃) - Zawgyi

ဘုံကျောင်းက ပြန်လာပြီးတဲ့နောက်ပိုင်း ဟွားသခင်မလေးတစ်ယောက် ဖိန်းထင်မှ ဖိန်းထင်ဖြစ်နေတယ် တွေ့တဲ့အခါတိုင်းလည်း တော်ကီတွေတရစပ်လွတ်တာ လွတ်တာဆိုတာ သူ့အပါးတော်မြဲကောင်မလေးတွေတောင် ဖိန်းထင်လောက် နေရာပေးခံရတာမျိုးမရှိဘူးရယ်...ဘယ်သွားသွား ဖိန်ထင်ပါ ပါမှ

ဒီလိုနဲ့ ဖိန်းထင်တစ်ယောက် အလုပ်ကြမ်းအစေခံကနေ အပ်ချုပ်သမလေး အဲ့ဒီကနေမှ သခင်မလေး လက်စွဲတော် ဖြစ်လာတဲ့ထိ နေ့ချင်းညချင်း ပြောင်းလဲသွားတယ် အိမ်တော်တစ်ခုလုံးကတော့ ဖိန်းထင်ရဲ့ ကံကြမ္မာကို သြချနေကြလေရဲ့

စက်တင်ဘာလက တကယ်တော့ နွေရာသီမဟုတ်ဘူး ဒါပေမယ့်လည်း ရာသီဥတုကတော့ တော်တော်လေး ပူနေသေးတယ် ပြောရမယ်

မိန်းမငယ်လေး၂ယောက် ရယ်မောသံတွေက မကြာခနဆိုသလို ဟွားသခင်မလေး အခန်းထဲက ကြားနေရတတ်တယ်

"ဒီလိုလား?"

"မဟုတ်ဘူး"

"ဒါဆို...ဒီလိုလား?"

"မဟုတ်သေးဘူး"

ဟွားသခင်မလေးတစ်ယောက် ပန်းထိုးတာသင်နေတာလေ...တနေ့လုံးကုန်နေပြီ သူမကတော့ခုထိ ဘာမှမတတ်လာသေးဘူး။ သူ့ပန်းထိုးစကို ဘေးပစ်လိုက်ပြီး ဒရာမတွေခင်းပြပါလေရော "တော်ပြီ မသင်တော့ဘူး။ ပျော်စရာလည်းမကောင်းဘူး ပြီးတော့ ငါ့လက်တစ်ခုလုံးလည်း အပ်ရာတွေချည်းပဲ။"

ဖိန်းထင်က ရယ်လိုက်ပြီး "ငါအစထဲက နင့်ကို ပျော်စရာမကောင်းပါဘူးလို့ပြောသားပဲ။ ငါစသင်တုန်းကဆို ငါ့လက်တစ်ခုလုံးရောင်ကိုင်းနေတာပဲ။ ဒါမယ့်ဒီဒဏ်ရာလေးက မပြောစလောက်ဟာလေးပါ" တကယ်တန်းတော့ အရှေ့ရက်တွေထဲက သူမထွက်ပြေးဖို့စီစဉ်ထားပြီးနေပြီ နောက်တော့ သခင်လေးသတင်းလည်း ဘာမှ မကြားရတော့ ဒီမှာပဲ ခနစတည်းချဖို့ ဆုံးဖြတ်လိုက်တာ

စောင်းလေးက တကယ်အကောင်းစားလေး။ ဖိန်းထင်ကစောင်းကို ဟွားသခင်မလေး အခန်းမှပဲထားစေတယ် ဘာလို့ဆိုတော့ ဒီပစ္စည်းက ဘာပဲပြောပြော ဟွားသခင်မလေးအတွက်ပါဆိုပြီး ရည်ရွယ်ပြီး ပေးထားတာလေ

Gu Fang Bu Zi ShangWhere stories live. Discover now