အပိုင်း (၆) Part 1 - Zawgyi
ဖိန်းထင် ညစာပန်းကန်ကို စိုက်ကြည့်နေပြီး စိတ်ပျက်လက်ပျက်ငိုင်နေတယ်။ အဲ့ဒီနေ့က ချုးပေ့ကျယ်တစ်ယောက်မရောက်လာခဲ့ဘူး သူမကတော့ သူ့ကို မေးချင်တာတွေ ပုံလို့နေတယ်
အခြေနေက အရမ်းတိတ်ဆိတ်နေလို့ ဟွားသခင်မလေးလည်း ရိမ်မိတယ်ရယ် ဒါပေမယ့် ဖိန်းထင်ကို မနှောင့်ယှက်တော့ဘဲ သူမစိတ်ချမ်းသာသလိုပဲ နေခွင့်ပြုထားလိုက်တယ်
ဖိန်းထင်မနေ့ညကလည်း မအိပ်ဖြစ်ဖူး။ ဒီနေ့ညလည်း ပင်ပန်းနေပေမယ့် သူမအိပ်မပျော်နိုင်ဖြစ်နေတယ်။ ခေါင်မိုးပေါ်က အရိပ်တစ်ခုကြောင့် သူမမျက်လုံးတွေ ၀ိုင်းစက်သွားတယ်။ အိပ်ယာပေါ်က ကမန်းကတမ်းထပြီး ပြတင်းပေါက်ကနေ အပြင်ကို ချောင်းကြည့်လိုက်တယ်
ဟွားသခင်မလေး အခန်းတံခါးရှေ့မှာ လူရိပ်တစ်ခု
သူ့ပုံစံက ရဲရင့်ပြီး လျှို့ဝှက်နက်နဲတဲ့အမူအယာတွေအပြင် သူ့ရဲ့နှုတ်ခမ်းတစ်စုံထက်မှာ အထက်စီးဆန်တဲ့အပြုံးတွေကို ဆင်မြန်းထားတယ်..ဖိန်းထင်တစ်ယောက် သူမအကြည့်တွေကို မလွှဲနိုင်လောက်အောင်ပင် သူ့ကိုသေချာအကဲခပ်နေမိတယ်
သူ့နောက်က ခြေသံကြားလို့လှည့်ကြည့်လိုက်တော့ "မင်းပဲကိုး"
ဖိန်းထင်က သူမမျက်လွှာလေးတွေကိုချလိုက်ပြီး သားရေခင်းထိုင်ခုံတစ်လုံးကိုချကာ ချုးပေ့ကျယ်ကိုတစ်လှည့် ထိုင်ခုံကိုကိုတစ်လှည့် လက်ညိုးထိုးပြလိုက်တယ်
ချုးပေ့ကျယ်က ဒီညလဲ တစ်ညလုံးရပ်ပြီး ကင်းစောင့်ဖို့ ထပ်လာတာ...မလာခင်ကလည်း ကျန်းပေ့ဝမ်အိမ်တော်မှာ အလုပ်တွေအများကြီး အပြီးသပ်ခဲ့ရသေးသည် မနက်ဖြန်ဆိုလည်း ဒီအလုပ်တွေက လျှော့ဖို့အလားလာမရှိပေ။ ဒါတောင်မှ သူဒီကိုထပ်လာပြီး ရပ်နေဖို့ ဆုံးဖြတ်ထားသည်။ သူ့အတွေးထဲမှာတော့ ဟွားသခင်မလေးရဲ့ စောင်းတီးနေတဲ့ပုံစံလေးကို ပြန်လည်တမ်းတလို့နေသည်။
"ငါမပင်ပန်းပါဘူး။ ထိုင်စရာမလိုဘူး။"
သူမ မျက်လုံးတွေက ဒီလောကမှာ အတောက်ပဆုံးအရာတွေဖြစ်နိုင်လောက်တယ် တမဟုတ်ချင်းဘဲ အဲ့ဒီ အတောက်ပဆုံးအရာက ညှိုးငယ်သွားတဲ့ပုံစံကိုလည်းတွေ့ရော သူ့နှလုံးသားတစ်ခုလုံးကို ဓားနဲ့မွှန်းသွားသလိုပင်..ထိုအကြည့်တွေကြောင့်ပဲ သူမတောင်းဆိုတာကို လက်ခံဖို့လုပ်လိုက်ရသည်။
CITEȘTI
Gu Fang Bu Zi Shang
Dragoste"မိန်းမတစ်ယောက်က ရိုးအလေ ပိုအဖိုးတန်လေ" ဆိုတာ ပိုင်ဖိန်းထင် လုံးဝဆန့်ကျင်တဲ့စကား...သူမကကျင်းအန်းဝမ်အိမ်တော်က အစေခံမလေးတစ်ယောက် ဒါမယ့် ကြွယ်ဝမှုက တခြားအမျိုးသမီးတွေ အကုန်လုံးနီးပါးထက်ကို သာလွန်တယ်...ရုပ်ရည်အရ ရွက်ကြမ်းရေကျိုမိန်းကလေးတ...