အပိုင်း (၁၁) Part 1 - Zawgyi + Unicode

941 132 2
                                    


ဆောင်းလွန်ကာ နွေဦးသို့ဝင်လာခဲ့ပြီ...

ပန်းကလေးတွေ ဖူးပွင့်ဝေဆာနေပြီး လိပ်ပြာငယ်လေးများကလည်း လေပေါ်မှာဝဲပျံနေကြတယ် တခါတခါဆို လက်ပေါ်ကိုတောင် လာနားနေကြသေးတာ

ပေ့မော့ နှင့် ကွေ့လဲ့နယ်စပ်ကြားမှာတည်ရှိနေတဲ့ အိမ်တော်ကြီး တစ်ခုထဲမှာ ဖိန်းထင်တစ်ယောက် အတွေးများနဲ့ မြောနေလေရဲ့...

"နင် ဒီရက်ပိုင်း ပိုပိန်သွားတယ်" ဟဲရှက သူမအနားလာရပ်ရင်း ပြောလိုက်တယ် "ဖိန်းထင် နင်ပြောင်းလဲသွားပြီ"

"ပြောင်းလဲတယ်?" ဖိန်းထင် တစ်ခစ်ခစ်ရယ်လိုက်တော့ သူမလက်ပေါ်မှာ နားနေတဲ့ လိပ်ပြာငယ်လေး ပျံပြေးသွားတယ်။ သူမက အပေါ်ကို မော့ကြည့်လိုက်ရင်း "ဘယ်သူက ပြောင်းလဲနေလို့လဲ? ဖိန်းထင် က အခုထိ ပိုင် မျိုးနွယ်ပဲလေ...သခင်လေးရဲ့လူ...နေ့တိုင်းသခင်လေး နားထောင်ဖို့ စောင်းနဲ့ဖျော်ဖြေပေးနေတဲ့ သူပဲလေ"

ဟဲရှက သူမကို ကြည့်နေမိတယ် သူမဘက်က အကြည့်တွေလွှဲသွားတဲ့ တိုင်အောင်ပဲ။ အဲ့တော့မှ သူလည်း တစ်ဖက်ကိုလှည့်ရင်း သူ့အနောက်က ပစ္စည်းတစ်ခုကို ယူလိုက်ကာ "မင်းအတွက်"

"ဘာလဲ?" ဖိန်းထင် ထိုအရာကို သေချာစူးစမ်းကြည့်မိနေတယ်...အဲ့ဒါက စစ်ပြေငြိမ်းရေးအတွက် ကတိသင်္ကေတအနေနဲ့ ထားခဲ့တဲ့ ချုးပေ့ကျယ်ရဲ့ လက်စွဲတော်ဓား မဟုတ်လား "ဒါက နှစ်နိုင်ငံကြားက ကတိသက်သေတစ်ခုလေ...နင် ငါ့ကိုပေးတာလား"

"ချုးပေ့ကျယ်မှာ စစ်ပွဲတွေတိုင်း အကျင့်တစ်ခုရှိတယ်...အဲ့ဒါက သူ့ရဲ့ ဘယ်ရော ညာရော ဓားတစ်လက်စီ ဆောင်ထားတတ်တာပဲ..ဒီဓားက သူ့ဘယ်ဘက်မှာ အမြဲဆောင်ထားနေကျ ဓားပေါ့" ဟဲရှက စကားစကို ခနရပ်လိုက်တယ်။ ပြီးတော့ သူ့ရဲ့ အသံကိုနှိမ့်ရင်း ဆက်ပြောတယ် "ဒီဓားရဲ့ နာမည်က ခွဲခွာခြင်းဝိဥာဉ်"

ဖိန်းထင် အကြည့်တွေက ဓားဆီကိုရောက်သွားပြီး လှမ်းယူကာ တစ်ချက် နှစ်ချက်လောက် လွှဲကြည့်လိုက်တယ် "ခွဲခွာခြင်းဝိဥာဉ်?"

"အစက ငါနားမလည်ခဲ့ဘူး ညာဘက်မှာဆောင်တဲ့ အနှိုင်းမဲ့ ဓားအစား ဒီလို အဖိုးတန်ရှေးဟောင်း ဓားတစ်လက်ကို ဘာလို့ထားခဲ့မှန်း...အခုတော့ ငါသိလိုက်ရပြီ။ တကယ်တော့ သူက ဒီဓားကို မင်းအတွက်ရည်ရွယ်ပြီး ထားခဲ့တာပဲ။ မင်းရဲ့ စိတ်ဝိဥာဉ်က ဒီလောကကြီးကနေ ထွက်ခွာသွားတော့မယ့် အတွက်ကြောင့်လေ" ဟဲရှက ဓားကို ဖိန်းထင်လက်ထဲ ထည့်ပေးလိုက်တယ်။

Gu Fang Bu Zi ShangTempat cerita menjadi hidup. Temukan sekarang