အပိုင်း (၁၇) - Zawgyi
နောက်တစ်နေ့ရောက်တော့ မေ့ဆေးက အဆင်သင့်ဖြစ်လို့နေပြီ။ နန်းတော်ဆီကို ကိုယ်တိုင်သွားမပို့တော့ပဲ ရန်ဖန်းကိုသာ ဘယ်လိုအသုံးပြုရမည့်အကြောင်းပြောကာ ပေးခဲ့လိုက်တယ် "မမှားစေနဲ့နော်။ ဒါက လူတစ်ယောက်စာ အတွက်ပဲရှိတာ။"
ရန်ဖန်းက မ၀ံ့မရဲလှမ်းယူလိုက်ပြီး နားမလည်ဟန်ဖြင့် "နင်ဘာလို့ ၂ယောက်စာလောက်မလုပ်တာလဲ။ လိုလိုပိုပိုပေါ့ တစ်ခုခုဖြစ်ခဲ့ရင်ဘယ်လိုလုပ်မလဲ?"
ဖိန်းထင်က ခန့်မှန်းရန်ခက်တဲ့ အပြုံးနဲ့ ပြုံးပြလိုက်ပြီ "ငါ့မှာလည်း အကြောင်းပြချက်ရှိလို့ပေါ့။ သူများတိုင်းပြည်မှာ သူလျှိုလုပ်နေတဲ့သူက ဒီလောက်တော့ ပါးနပ်ပြီး သတိရှိမှာပါ။ ဒီလိုအရေးကြီးတဲ့ ပစ္စည်းတစ်ခုကို အလဟသပ်ဖြစ်အောင် လုပ်လောက်မှာ မဟုတ်ပါဘူး။"
သူမက ယုံကြည်မှုအပြည့်ရှိဟန်နဲ့ ရန်ဖန်းကို အားပေးနှစ်သိမ့်လိုက်တော့မှ ရန်ဖန်းလဲ ဆေးပုလင်းကို အကျီင်္စထဲထည့်သိမ်းလိုက်တော့တယ်။ "ငါ နန်းတော်ထဲအခစားဝင်ရင် မင်းကြီးကို ဒီမေ့ဆေး ဆက်သလိုက်မယ်။ တပ်တွေစထွက်ဖို့ အသင့်ဖြစ်နေကြပြီ။ နင်အမိန့်ကို စောင့်နေကြတာ။" သူမက အကျီင်္လက်ထဲက စစ်တပ်တံဆိပ်တုံးထုထားတဲ့ စာအိတ်တစ်ခုကို ထုတ်လိုက်ပြီး ဖိန်းထင်ကို ကမ်းပေးလိုက်တယ်။ "ဒီဟာကို သေချာသိမ်းပြီး ကျဲ့ယင်းကို တွေ့ရင်ပေးလိုက်ပါ။"
"နင် ဒီထဲမှာရေးထားတာ အကုန်လုံးက ငါ့အကြောင်းချည်းပဲပေါ့။"
"သူ့ကို အကြောင်းစုံသိစေတာက ပိုကောင်းမယ်ထင်လို့ပါ။ သူ့အကူညီနဲ့ဆို နင်လည်း တပ်တွေကို အမိန့်ပေးရတာလည်း လွယ်ကူသွားတာပေါ့။" ရန်ဖန်းတစ်ယောက် ဖိန်းထင်ရဲ့ နက်မှောင်နေတဲ့မျက်ဝန်းနက်တွေဆီက မယုံသင်္ကာဟန် အကြည့်တွေကို တွေ့လိုက်ရတယ်။ သူမ ပါးနှစ်ဖက်လုံး နီမြန်းသွားပါလေရော။ ချက်ခြင်းပဲ သတိပေးသံနဲ့ "ခိုးမဖတ်နဲ့။ နင့်အကြောင်းကလွဲရင် ကျန်တာအကုန် လင်မယား၂ယောက်ကြား မှာချင်တဲ့စကားတွေချည်းပဲ။ နင့်လို ကလေးမလေးကတော့ ဘယ်နားလည်နိုင်ပါ့မလဲ။"
![](https://img.wattpad.com/cover/185090956-288-k686581.jpg)
YOU ARE READING
Gu Fang Bu Zi Shang
Romance"မိန်းမတစ်ယောက်က ရိုးအလေ ပိုအဖိုးတန်လေ" ဆိုတာ ပိုင်ဖိန်းထင် လုံးဝဆန့်ကျင်တဲ့စကား...သူမကကျင်းအန်းဝမ်အိမ်တော်က အစေခံမလေးတစ်ယောက် ဒါမယ့် ကြွယ်ဝမှုက တခြားအမျိုးသမီးတွေ အကုန်လုံးနီးပါးထက်ကို သာလွန်တယ်...ရုပ်ရည်အရ ရွက်ကြမ်းရေကျိုမိန်းကလေးတ...