အပိုင်း (၂၁) - Zawgyi + Unicode

1.2K 154 27
                                    

အပိုင်း (၂၁) - Zawgyi

ဘေးပတ်ပတ်လည်မှာ လေက အရှိန်ပြင်းစွာ တိုးဝှေ့လို့နေလေရဲ့။ ဖိန်းထင် မျက်လုံးကို အတင်းမှိတ်ထားပေမယ့် သူမကို မြဲမြံစွာဖက်ထားတဲ့ ချုးပေ့ကျယ်ရဲ့ လက်ကို ခံစားမိတယ်။ သူမကျသွားတဲ့နောက်ကို သူပါအတူခုန်ဆင်းလာပြီး ဖိန်ထင်းကိုဖမ်းဆွဲကာ လှည့်ထားလိုက်ပြီး ကြမ်းပြင်ရှိမည့်ဘက်ကို သူ့ရဲ့ ကျောပြင်ကိုအပ်ထားလိုက်တာပင်။

နက်ရှိုင်းလှတဲ့ တောအုပ်အတွင်းထဲကို ကျလာသည်နှင့်အတူ ရိုက်ခက်မိသည့် သစ်ပင် သစ်ကိုင်း ကျိုးကျသံများက ကပ်ပြီး ပါလာကြသည်။

တရစပ်ရိုက်ခက်မှုများကြောင့် လွတ်ထွက်သွားခါနီးစဲစဲမှာတင် သူတို့နှစ်ဦးသား တွဲလက်တွေကို ပိုမိုတင်းကြပ်စွာ ဖက်ထားမိသွားကြတယ်။ မြေပြင်နဲ့ တဖြည်းဖြည်းနီးကပ်လာသည်ကို ခံစားမိလာတာနဲ့အတူ မလွတ်တမ်း ပိုပိုလို့တိုးပြီးတော့သာ ဖက်ထားမိကြတော့လေသည်။

အကယ်လို့များ သေခြင်းတရားနဲ့ ရင်ဆိုင်ခဲ့ရမယ်ဆိုရင်တောင် နှစ်ယောက်အတူတူပေါ့...

ဘုတ်! ဘုတ်! တောအုပ်အတွင်းမှာ ခပ်အုပ်အုပ် အသံ၂သံ ထွက်ပေါ်လာလေသည်။ မြေပြင်သို့ကျသွားချိန်မှာတော့ ပြင်းထန်တဲ့ရိုက်သံတို့အစား ထိုအသံ၂သံသာလျှင် ထွက်ပေါ်လာခဲ့သည်။ ကြည့်ရတာ မျက်နှာပြင်က ပိုးဖယောင်းခဲ့သို့ နူးညံနေသည်နှယ်ပင် သူတို့ကျလာသည့်အရှိန်ကိုပင် လျော့ကျသွားစေခဲ့တယ်။

ဖိန်းထင်နဲ့ ချုးပေ့ကျယ်တို့ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ သူတို့ထင်ထားခဲ့သလို ပိန်းပိတ်အောင်မှောင်နေတဲ့ ပတ်ဝန်းကျင်တစ်ခု ဖြစ်မနေသည့်အပြင် သူတို့ကိုယ်တိုင်လည်း အသက်ရှင်လျက် ရှိနေသေးပေသည်။ နှစ်ယောက်သား ပတ်ပတ်လည်ကို အံ့သြမင်သက်စွာကြည့်နေရင်းမှ အား ခနဲပြိုင်တူအော်မိသွားကြပြန်သည်။ သူတို့ရောက်နေတဲ့နေရာမှာ ဘယ်ရီပင်ကြီးတွေအများအပြားပေါက်ရောက်နေကြပေသည်။ လူသူမရောက်ပေါက်သည့်နေရာ ဖြစ်နေသည့်အတွက် အချိန်တန်ဘယ်ရီပွင့်များပွင့်ကာ အသီးသီးချိန်ရောက်လာသော်လည်း ခူးယူမည့်သူဟူပြီး မရှိဘူးလေ။ တဖြည်းဖြည်းနဲ့ အသီးများမှည့်ရော်ကာ အပင်ထက်ကနေ ကြွေကျကုန်ပါလေရော။ ဒီလိုနဲ့တနှစ်ပြီးတနှစ် ကြွေကျ ကြွေကျရင်းဖြင့်ပင် အပင်တွေက ဘယ်ရီသီးနှင့် သစ်ရွက်များက မြေပြင်တစ်ခုလုံး တောင်ပုံရာပုံပင်ဖြစ်လို့နေလေပြီ။ ဘယ်လောက်ထူသလဲဆိုရင် လူနှစ်ယောက်ရဲ့ အသက်ကို ကယ်လိုက်နိုင်လောက်အောင်ပဲလေ။

Gu Fang Bu Zi ShangDove le storie prendono vita. Scoprilo ora