အပိုင်း (၈) Part 2 - Zawgyi
[Warning: ဒီအပိုင်းမှာ minor warning နဲနဲပါပါတယ်နော်။ တကယ်တမ်းတော့ minor level လောက် စကားနဲ့ပုံဖော်ရုံဆိုပေမယ့် English Translation မှာလည်း ထည့်ထားတာမို့ ကိုယ်လည်း သူ့နည်းတူလိုက်ထည့်လိုက်တယ်ဆိုရုံပါ]
ဆယ်ရက်ကြာသော်....
ပင်မြင့်ထက်မှ ရွက်ဝါရော်တို့ ကြွေကာ ဆောင်းဦးသို့ဝင်လာလေပြီ။
အချိန်တန်နေပေမယ့်လည်း သူမသွားဖို့ရန် တွန့်ဆုတ်နေမိသည်။
ချုးပေ့ကျယ်က သူမဆီ လာပြီး စောင်းသံနားဆင်တတ်တာက နေ့စဉ်ရက်ဆက် အကျင့်တစ်ခုလိုပင်ဖြစ်နေပြီလေ။ သူမ သီချင်းဆိုပြီဆိုတာနဲ့ မျက်လုံးလေးကိုမှိတ်ကာ ပြုံးပြုံးလေးနဲ့ သံစဉ်ထဲမှာ စီးမြောနေတတ်တာ။
အဲ့ဒီအပြုံးလေးတွေက ဖိန်းထင်အတွေးထဲမှာ သံမှိုရိုက်ထားသလိုပဲ စွဲနေတယ်။ အရမ်းလှတာပေါ့။
သူမကိုယ်တိုင်ကလည်း ချုးပေ့ကျယ်ကို နေ့စဉ်အဲ့လိုဖျော်ဖြေပေးနေရတာ အကျင့်တစ်ခုလို နေသားကျနေပြီ။ ဒါပေမယ့် သူစပြီး မလာဖြစ်တော့တဲ့နေ့ထဲက အိမ်တော်မှာ ကိစ္စကြီးတစ်ခုခုဖြစ်နေပြီဆိုတာ ရိပ်မိတယ်။ အိမ်တော်ထဲမှာပဲ ပြသနာတက်နေလို့လား၊ နန်းတွင်းမှာပဲ တစ်ခုခုဖြစ်တာလား၊ အဲ့ဒါမှမဟုတ်ပဲ တခြား ကိစ္စတစ်ခုခုကြောင့်လားပဲ...
အရင်နေ့တွေလိုပဲ ချုးပေ့ကျယ်က သူမကို စောင်းတီးခွင့်မပေးပြန်ဘူး
"မင်းမနေ့ညက ချောင်းဆိုးပြန်ပြီဟုတ်? ဟန်ဆောင်မနေနဲ့.....အိမ်တော်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ငါမသိဘူးများမင်းထင်နေလား။ ပြီးတော့ ငါလိုလူက သမားတော်လေးတောင် မပင့်နိုင်တဲ့လူလည်းမဟုတ် အဲ့ဒါကိုဘာလို့မပြောဘဲ နေနေရတာလဲ?"
ဖိန်းထင် မနေ့က ညစာစားဝိုင်းကို မသွားခဲ့။ သူမသိရသလောက်ဆိုရင် ချုးမို့ယန်လည်း အဲ့နေရာမှာ ရှိမနေခဲ့ပေ။ သူကတစ်ညလုံး ဖိန်းထင် ပိုကောင်းတဲ့အခန်းကို ပြောင်းနိုင်ဖို့စီစဉ်နေရတာနဲ့ ချန်းကွမ်းကျီ နဲ့ တွေ့နေရာတာနဲ့ ယားလို့တောင်ကုတ်ချိန်မရတာလို့ကြားတယ်။
DU LIEST GERADE
Gu Fang Bu Zi Shang
Romantik"မိန်းမတစ်ယောက်က ရိုးအလေ ပိုအဖိုးတန်လေ" ဆိုတာ ပိုင်ဖိန်းထင် လုံးဝဆန့်ကျင်တဲ့စကား...သူမကကျင်းအန်းဝမ်အိမ်တော်က အစေခံမလေးတစ်ယောက် ဒါမယ့် ကြွယ်ဝမှုက တခြားအမျိုးသမီးတွေ အကုန်လုံးနီးပါးထက်ကို သာလွန်တယ်...ရုပ်ရည်အရ ရွက်ကြမ်းရေကျိုမိန်းကလေးတ...