အပိုင်း (၁၀) Part 1 - Zawgyi + Unicode

987 139 5
                                    


ဆောင်းညလေးတစ်ည.....

ညဉ်းဦးယံက တိတ်ဆိတ်ပြီး ငြိမ်သက်နေလေရဲ့။ ကောင်းကင်ယံမှာတော့ လခြမ်းကွေးလေးက ဆောင်းနှင်းဖွဲဖွဲလေးတွေကြားကနေ မှိန်ပြပြလေး လင်းလက်နေတယ်။

မြေအောက်အကျဉ်းခန်းဆီ ဦးတည်သွားနေရင်း သူမစိတ်တွေဆိုးနေတယ်

ဒီရက်ပိုင်းအတွင်း သူမစုံစမ်းထားရသလောက်ဆိုရင် ဒီအစောင့်တွေလက်ကလွတ်ဖို့က ဘာမှမခက်တဲ့ကိစ္စလေးရယ်။ သူမသွားနေတဲ့လမ်းမှာပဲ အိမ်ဖော်ကောင်မလေးတစ်ချို့  အလောတကြီးပြေးလာတာမြင်လိုက်တယ်။

ချက်ခြင်းပဲ ဘေးမှာရှိတဲ့ ဥယျာဉ်ထဲက ကျောက်တုံးတစ်ခုနောက်မှာ ကွယ်ပြီး ပုန်းနေလိုက်မိတယ်။ နောက်တော့ ဒီဥယျာဉ်နဲ့ ၀ါးရုံတောလေးကိုလဲ ဖြတ်ကျော်လာပြီးရော မြေအောက်ခန်း အကျဉ်းစခန်းတံခါးဝကို ရောက်လာခဲ့ပြီလေ။

တံခါးမှုးက တစ်ယောက်ယောက်လာနေတာကို တွေ့တယ်။ နောက်တော့မှ ဖိန်းထင်မှန်းလဲသိရော အံ့သြသွားတယ်။ သူက ဖိန်းထင်ကို ပြုံးပြနှုတ်ဆက်လိုက်ပြီး "ရန်ဖန်းမိန်းကလေး ဒီကို ဘာကိစ္စရှိလို့များပါလဲ? ရာသီဥတုက အေးစိမ့်နေတာပဲနော်"

"ငါ့ဆံထိုးတစ်ချောင်းပျောက်သွားလို့ အဲ့ဒါလာရှာတာရယ်"

"ဆံထိုး?" တံခါးမှုးက တွန့်ဆုတ်သွားဟန်ဖြင့် "အခန်းထဲမှာ ကျန်ခဲ့တာရော မဖြစ်နိုင်ဘူးလား?"

"ငါရှာပြီးသွားပြီ။ အခန်းထဲမှာ မရှိဘူး။ ဒီလာတုန်းက ကျကျန်ခဲ့တာ ဖြစ်ဖို့များတယ်။" ဖိန်းထင်က အသံကို နှိမ့်လိုက်ပြီး "အဲ့ဟာလေးက မနက်ကမှ ၀မ်ရယ်က လက်ဆောင်ပေးထားတာ။ အခုမှ တစ်ခေါက်ပဲသုံးရသေးတယ်။ မနက်ဖြန် ၀မ်ရယ်မေးရင် ငါအကျပ်တွေ့မှာပေါ့။ ကျေးဇူးပြုပြီး ရှာခွင့်ပေးပါနော်"

"အဲ...အဲ့ဒါက....." တံခါးမှုးက စဉ်းစားကခက်နေတယ် "ဒီမြေအောက်အကျဉ်းစခန်းက အရေးကြီးတဲ့နေရာ။ တော်ရုံဆို ဘယ်သူမှ ၀င်ခွင့်ရတာမဟုတ်ဖူး။"

"ငါမနက်ကတောင် ၀င်လို့ရတာပဲလေ"

တံခါးမှုးက စိတ်ထဲမှာ တင်းသွားပေမယ့်လည်း ဟန်ကိုယ့်ဖို့လုပ်ကာ ရယ်လိုက်ရင်း "သခင်မလေး ကျွန်တော့်ကို အကျပ်တွေ့အောင်မလုပ်ပါနဲ့ဗျာ...အကယ်လို့ ၀မ်ရယ်မေးလာခဲ့ရင်...."

Gu Fang Bu Zi ShangOnde histórias criam vida. Descubra agora