အပိုင်း (၁၅) - Zawgyi
ညနေစောင်းလေပြီ။ နူးညံ့လေသော လေပြေညှင်းလေးတွေ လည်း ထွက်ခွာသွားပြီး မြူမှုန်လေးတွေက အစားထိုးခဲ့တယ်။
အာရုဏ်ဦးနေရောင်ခြည်က အရှေ့ဘက်မှ ပေ့မော့ဘုရင့်နန်းဆောင်ဘက်ဆီကို ဖြာဆင်းကာ လင်းလက်နေတယ်။ ပေ့မော့ မင်းကြီးကတော့ နိုးနှင့်လို့နေပြီ။ ဒီရက်ပိုင်း ညတွေသူကောင်းကောင်းအိပ်လို့မရပေ။ တုန်းလင်းဘက်က တပ်တွေစပြီး ကျူးကျော်တိုက်ခိုက်တဲ့အချိန်မှစပြီး တဖြည်းဖြည်းနဲ့ နန်းမြို့ဆီကို နီးကပ်လာတာကြောင့်လဲပါတယ်။ မနေ့ကရတဲ့ စစ်မြေပြင်သတင်းအရဆိုရင် ချုးပေ့ကျယ်က မြို့ကိုဝိုင်းထားပြီး ပေ့မော့ဘက်က စစ်သည်တွေ ဒဏ်ရာရ သေဆုံးမှုတွေများတယ်လို့ကြားခဲ့ရတယ်။ ကျဲ့ယင်းရဲ့စွမ်းဆောင်နိုင်မှုကြောင့်သာ တုန်းလင်းတပ်တွေ ဒီအချိန်ထိ နန်းမြို့ဆီမရောက်အောင် ထိန်းထားနိုင်တာ။ ဒါပေမယ့် အခုလက်ရှိစစ်အင်အားနဲ့သာဆို ကြာကြာတောင့်ခံနိုင်မှာ မဟုတ်တာ အသေချာပဲ။
လက်မြှောက်အရှုံးပေးချိန် ရောက်လာခဲ့လေပြီလား....
တုန်းလင်းတပ်တွေ ခန့်ပုမြို့ကိုရောက်ခဲ့ချိန်က ပေ့မော့နန်းမြို့တော်ကို လာနိုင်တဲ့ ဖြတ်လမ်းကို ရှာဖွေသိရှိပြီးသား ဖြစ်တယ်။ ပေ့မော့တော့ ဒုက္ခလှလှရောက်တော့မယ့်အရာပေါ့။
စောစောစီးစီး ရန်ဖန်းတစ်ယောက် အခစားဝင်လာတယ်။
"လူတစ်ယောက်အကြောင်း တင်ပြခွင့်ပြုပါ အရှင်မင်းကြီး" သူမက အရိုအသေပေးရင်း ပြောလိုက်တယ်။ သူမက မင်းကြီးကိုယ်တိုင် သူမကို ချီးမြှင့်ထားတဲ့ ၀တ်စုံကို ဆင်မြန်းထားလေရဲ့။
ပေ့မော့ဘုရင်မှာ ကျဲ့ယင်းရဲ့ ဇနီးသည်အပေါ် အစထဲက အမြင်ကြည်ပြီးသားသူတစ်ယောက်လေ။ ဒါကြောင့် သူအားထားရာ စစ်သူကြီး ကျဲ့ယင်းမရှိတဲ့အချိန်မှာ ရန်ဖန်းက သူ့အတွက် ကယ်တင်ရှင်တစ်ယောက်အလား ဖြစ်လို့နေတယ်။ သူက ရန်ဖန်းကို ပြုံးပြလိုက်ရင်း "အလို! မင်းကိုယ်တိုင် တကူးတကလာပြီး မိတ်ဆက်ပေးရလောက်အောင် ဘယ်လိုလူမျိုးမို့လို့ပါလိမ့်?"
YOU ARE READING
Gu Fang Bu Zi Shang
Romance"မိန်းမတစ်ယောက်က ရိုးအလေ ပိုအဖိုးတန်လေ" ဆိုတာ ပိုင်ဖိန်းထင် လုံးဝဆန့်ကျင်တဲ့စကား...သူမကကျင်းအန်းဝမ်အိမ်တော်က အစေခံမလေးတစ်ယောက် ဒါမယ့် ကြွယ်ဝမှုက တခြားအမျိုးသမီးတွေ အကုန်လုံးနီးပါးထက်ကို သာလွန်တယ်...ရုပ်ရည်အရ ရွက်ကြမ်းရေကျိုမိန်းကလေးတ...