Zawgyi
ငါဘယ်ရောက်နေတာလဲ? ငါသေသွားခဲ့ပြီ မဟုတ်ဘူးလား? ဒန်နာရီ သူနောက်ဆုံးမှတ်မိတာ သူ့ဖခင်ဟာ သူ့ကိုကျောပေးခဲ့ပြီး သူချစ်ရတဲ့သူဟာ ငိုယိုနေတဲ့သူ့ညီကို ရင်ခွင်ထဲပိုက်ကာ ကာကွယ်ပေးပြီး သူ့ကိုမုန်းတီးစွာစိုက်ကြည့်နေခဲ့သည်၊ထိုနောက် သူယုံကြည်ရဆုံး သက်တော်စောင့်ဟာ သူရဲ့နှလုံးအိမ်တည့်တည့်ကို ဓားနဲ့စိုက်ထိုးခဲ့သည်၊
'သူဘာများ အမှားလုပ်မိခဲ့လို့လဲ!' သူ ဘယ်လောက်ဘဲ ကောင်းအောင်ကြိုးစားခဲ့ ကြိုးစားခဲ့ သူ့ညီမျက်ရည်ကျပြလိုက်တာနဲ့ ထိုအရာအားလုံးက ဘာမှမဟုတ်တော့ပေ၊ ရိုစဲဆလက်အိမ်တော်ရဲ့အထက်မြက်ဆုံးသား...ဟားဟား ငါ့အကြံတွေနဲ့ကောင်းစားခဲ့တဲ့အထက်မြက်ဆုံးသား!
ဒန်နာရီနာကျင်စွာတွေးလိုက်ပေမယ့် သူရောက်နေသည့်နေရာကို ကြည့်ရန်ကြိုးစားလိုက်တော့...
'ဒီနေရာကို ဘာကြောင့်ရင်းနှီးနေရတာလဲ'
ထိုချိန်မှာ တံခါးဟာ ပွင့်လာပြီး နူးညံ့တဲ့မျက်နှာပေါက်နဲ့ အစေခံဝတ်စုံ ဝတ်ထားသည့် အမျိုးသမီးတစ်ယောက်ဝင်လာသည်ကို မြင်တော့ ဒန်နာရီအံ့အားသင့်စွာ ထိုအမျိုးသမီးရဲ့နာမည်ကို ခေါ်လိုက်ပေမယ့်...
"ဒါ...ဒါ... ဂူ" ဟမ်... ဘာ!!ငါ့ဆီကနေ ထွက်လာတာလား? ငါ ဓားထိုးခံရပြီးနောက်မှာ လျှာလေး၊အာလေးဖြစ်ကုန်တာလားဟ? မဟုတ်သေးပါဘူး ဘာကြောင့် ငါ အန်နာကိုတွေ့နေရတာလဲ? အန်နာက ငါဆယ်ငါးနှစ်အရွယ်ထဲက အဆိပ်မိသေဆုံးသွားခဲ့ပြီးပြီလေ
အန်နာ သူ့ဆီလျှောက်လာပြီး ...
"သခင်လေး...နိုးနေပြီလား?ဗိုက်ဆာနေပြီလား? "လို့ လမင်းလိုအေးချမ်းသည့် သူ့မိခင်လို ခင်တွယ်ချစ်ခင်ရသည့်အန်နာရဲ့အပြုံးများကို ထပ်မံမြင်တွေ့ရသည့်အချိန်မှာ ဒန်နာရီဟာမျက်ရည်များကို မထိန်းနိုင်စွာ ငိုကြွေးမိတော့သည်၊
"ဝါး...ဝါး... ဂူ...ဒါဒါ ဝါး "
'အန်နာ ကျွန်တော် အန်နာကို သတိရနေခဲ့တာ 'အန်နာ သူငိုတာကြောင့် စိတ်ပူသွားပြီး သူ့ကိုချီမ...ဟမ် ငါ့ကို ချီတယ်? သူအခုမှ သတိထားမိသွားတယ် သူပုခက်ထဲမှာပဲ?နေဦး သူပြန်ဝင်စားသွားတာလား
KAMU SEDANG MEMBACA
FantasiStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...