4

8.8K 439 2
                                    

လမ်းခွဲကြပြီးနောက်
Part 4
Give me one thing then I will give you everything.

"နေနေ အပြင်ဘက်ကို ခဏထွက်ပေး
ဖွားစော သူနဲ့သီးသန့်စကားပြောချင်တယ်"
သူသည် နောက်ဆံတင်းစွာ အပြင်သို့ထွက်သွားသည်။
"ဖြား..."
နှုတ်ခမ်းဖူးဖူးလေးသည် ပို၍ဆူလာသယောင်...
ထိုတောင်းဆိုမှုအားလက်ခံဖို့ရာ ဆန္ဒမရှိ
"လက်ထပ်မလား...ဒါမှမဟုတ် အိမ်ကိုရောင်းမလား
တစ်ခုခုတော့ ရွေးရမယ်နော် ဖွားက တကယ်မလုပ်ဘူးမထင်နဲ့"
"ဟင့်အင်"သူမကို ခေါင်းမာတဲ့ခလေးလို့ တစ်ခါမှမှတ်ချက်မပေးခံရဖူးဘူး...ဒီတစ်ခါတော့ သူမ ခေါင်းမာပြလိုက်ချင်သည်။ အဖွားက သူမလက်ကို အုပ်မိုး၍ဆုပ်ကိုင်ကာ...
"ဒါဟာ ဖွားစော ပေးတဲ့လက်ဆောင် ဆိုလဲဟုတ်တယ်။ ပြီးတော့ ဖွားစောကနောက်ထပ်တောင်းတဲ့ အကူညီလို့လဲ ပြောလို့ရတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါကွယ်"
သူမအား အရည်လဲ့နေသောမျက်ဝန်းများဖြင့် မော့ကြည့်လာသည့် အဖွား...ဆံပင်ဖြူနေပြီ။ သို့သော် အတိုလေးမို့ လူငယ်ဆန်လှသည်။ မွေးကတည်းက ဂုဏ်ရှိန်မြင့်စွာနေခဲ့ရသည့် အရိပ်ယောင်များကို ထိုအဖွားအိုထံတွင် တွေ့ရသည်။
"ဖွားစောရဲ့ ကျန်းမာရေးအခြေနေကို မြေးလေးသိသင့်သလောက် သိတယ်မလား။ ဖွားစောဟာ ရှမ်းစော်ဘွားအဆက်အနွယ်ထဲက...ဘိုးဘွားပိုင်အမွေတွေနဲ့ မွေးကတည်းက ပြည့်စုံလာခဲ့သူ။ နေနေလည်းဒီအတိုင်းပဲ...ဒါပေမယ့် သူက broken familyရဲ့ ခလေးလေး။ ဖွားစောသာ သူ့ရဲ့အုပ်ထိန်းသူ၊ သူ့ရဲ့တစ်ဦးတည်းသော မိသားစုဝင်၊ သူ့ရဲ့တစ်ခုတည်းသော နားခိုရာ...ဖွားမရှိတော့ရင် ဘယ်လိုလုပ်မလဲ။ဒီအမွေတွေနဲ့...သူ့အတွက် စစ်မှန်တဲ့မေတ္တာကိုပေးနိုင်တဲ့သူမျိုးနဲ့ပဲ စိတ်ချနိုင်မယ်။ အဲဒါသမီးပဲ..."
ဖွားစောသည် ရှည်လျားစွာပြောပြီးနောက် မောပန်းသွားဟန်...ထိုင်ခုံပေါ်ပြန်ထိုင်ချလိုက်သည်။
မဟုတ်သေးဘူးလေ...အဲ့ဒီလူကို မေတ္တာတွေပေးနိုင်မှာက မေလေးမဟုတ်ဘူးလေ။ သူ့ရဲ့ချစ်သူ ဟန်နီပဲဖစ်မှာပေါ့... ထိုစကားများသည်လည်း လည်ချောင်းတွင်သာ တစ်ဆို့လျက်။
"ဖွားစော စိတ်ချသွားချင်တယ် ခလေးရယ်။ မြေးတို့အိမ်ကိုရောက်ခဲ့တဲ့ညကတည်းက အဖွားအဲ့လိုတွေးမိခဲ့တာ...ဖွားစော နေနေကိုဖုန်းဆက်ခေါ်ပြီး ပြန်ခဲ့တယ်။ ကလောကိုမပြန်ပဲ သမီးနောက်ကြောင်းတွေကို စုံစမ်းခဲ့တယ်။ သမီးနောက်ကို လူတွေစောင့်ကြည့်ခိုင်းထားခဲ့တယ်။ သမီးက နေနေရဲ့အမေနဲ့တူတယ်...သမီးလိုပဲ အရာရာကိုကူညီတတ်တဲ့ သိပ်ဖြူစင်ခဲ့တဲ့ခလေး...သမီး သီရိမေ...ဖွားစောရဲ့မြေး စိုင်းနေရောင်ကို သမီးလိုမိန်းမကောင်းလေးနဲ့မှ စိတ်ချနိုင်မယ်ကွယ်... နေနေက သိပ်တဇွတ်ထိုးနိုင်တာ"
အဖွားသည် ပြောစကာများကိုဆက်တိုက်ပြောပြီးနောက် နွမ်းလျစွာ...သူမက ရေတစ်ခွက်ကမ်းပေးလိုက်သည်။
"သူ့မှာ ချစ်သူရှိတယ်လေ သူက လက်ခံမှာလား"
"နေနေက ဖွားစောပြောရင် ရပါတယ် သမီးဘက်ကသား..."
ဖြစ်နိုင်ပါ့မလား...သူ့မှာချစ်သူရှိတယ်လို့ပြောသွားခဲ့တာလေ။ ပြီးတော့ ဖွားစောပေးတဲ့လက်ဆောင်ဆိုတာက သက်ရှိလူသားကြီးမလား... အဲ့ဒီလူကြီးအစား မေလေးကိုသာ ပိုက်ဆံတွေ ပေးလိုက်ပါတော့လား...
"နောက်တစ်ခု ရှိသေးတယ်နော်။ နေနေကိုလက်ထပ်မယ်ဆိုရင် ၁နှစ်။ ၁နှစ်တော့ သမီးရဲ့အိမ်ကို သိမ်းထားရမှာပဲ။ တစ်နှစ်မပြည့်ခင် ကွားရှင်းခဲ့မယ်ဆိုရင် သမီးရဲ့အိမ်ကို ပြန်မပေးတော့ဘူး။ တစ်နှစ်ပြည့်ရင်တော့ သမီးလုပ်ချင်ရာလုပ်"
"အဖြား မတရားဘူး"
"အချစ်နဲ့ စစ်မှာ မတရားတာမရှိဘူးတဲ့ သမီးကြားဖူးတယ်မလား။ ဖွားစောရဲ့ မြေးကလေးအပေါ်မှာ ထားတဲ့ အဖွားတစ်ယောက်ရဲ့မေတ္တာအတွက်...ဖွားစောရက်စက်နေရတယ်။ အဖွားကို ကူညီလက်စနဲ့ ကူညီပါ ကလေးရယ်။ အဲ့ဒီအစား သမီးတောင်းတာပေးပါ့မယ်။ ဖွားစောကို အဲ့ဒီတစ်ခုပဲဘပြန်လုပ်ပေး...နော် ကလေး"
ခက်ပါလား အဖွားရယ်။ အဖွားတောင်းတယ်ဆိုတဲ့အကူညီက မေလေးဘဝတစ်ခုလုံးကို ရင်းရမယ့်အဖြစ်။ သမီးအတွက်ရော...သမီးကိုရော မသနားဘူးလား။ ထိုစကားများကိုတော့ သူမ မပြောဖြစ်တော့။ သီရိမေဆိုသည်မှာ ကိုယ့်ကိုကိုယ်အဆင်မပြေရမှာထက် သူတစ်ပါးကို အားနာရမှာကို ပိုစိုးရိမ်နေတတ်တဲ့သူမျိုး...။
"သမီးတောင်းတာ အကုန်ပေးမှာလား"
သူမ ရသလောက်တော့ ရုန်းကြည့်ချင်သေးသည်။ အဖွားသည် သူမအား ပြောကြည့်စမ်းပါဆိုတဲ့ စိန်ခေါ်သည့်အကြည့်မျိုးဖြင့်...
"မွန်မွန်နဲ့မသိမ့်တို့ကလေ သမီးဆိုင်လေးကိုပဲ အားကိုးနေရတာ။ ဖွားဖွားက သမီးဆိုင်ကိုသိမ်းရူ် ဘယ်လိုလုပ်မလဲ"
"ရတယ်။ ဖွားစောက သမီးဆိုင်ကို သိမ်းပေမယ့် ဆိုင်မှာ သမီးတို့ကို ဆက်လုပ်ခွင့်ပြုထားမယ်"
"ပြီးတော့ သမီးရဲ့ခလေးတွေ။ သမီးက လပ်ထပ်သွားရင် သူတို့ဘယ်လိုလုပ်မလဲ။ သူတို့အတွက် အိမ်ကောင်းကောင်းရယ်။ ဂရုတစိုက်စာသင်ပေးမယ့်သူရယ်၊ နွေးနွေးထွေးထွေးစောင့်ရှောက်ပေးမယ့်သူရယ် နောက်ပြီး သူတို့ဘဝနောင်ရေးစိတ်ချရမယ့် အနာဂါတ်အစီအစဉ်...ဖွားဖွားက လုပ်ပေးမှာလား"
ပြောကြည့်ပါအုံးအဖွားရဲ့...သူမ မျက်နှာကလေးကို ချီထားလိုက်သည်။
"သမီးစာသင်နေတဲ့ ပလက်ဖောင်းပေါ်က ခလေးတွေလား"
အဖွားက တစ်ချက်ပြုံးလျက်...သူမ ထိုအပြုံးကို တကယ်လန့်လာသည်။ အဖွားက ဆက်ပြောဆိုသည့် အမူအယာဖြင့် ခေါင်းကိုဆတ်လိုက်သည်။
"ပြီးတော့ သူတို့အတွက် စာကြည့်တိုက်ကောင်းကောင်း။ သူတို့စာဖတတ်ဖို့လိုတယ်လေ...ပြီးတော့....သမီးလတိုင်းအလှူလုပ်တဲ့ ဘိုးဘွားဂေဟာတစ်ခုရှိတယ်... အဲ့ဒါကလေ အဲ့ဂေဟာက အထောက်အပံအလုံအလောက်မရှိဘူး အဲ့ဒါ သူတို့အတွက်ရော..."
"ဟုတ်ပြီ ဆက်ပြော"
သူမက ဟိုဟိုဒီဒီ အနှံ့စဉ်းစားပြီး နောက် ဆုံး...
"မရှိတော့ဘူး"
"ဟုတ်ပြီလေ...ခလေးတွေကိစ္စအရင်စပြောမယ်
သူတို့အတွက် ဂေဟာတစ်ခုစီစဉ်ထားတယ် သမီးပြောတဲ့နွေးနွေးထွေးထွေးဂကုစိုက်ပေးမယ့် ဂေဟာမှူးရယ် ဆရာမရယ် ထားပေးမယ်။ သူတို့၁၀တန်းထိကျောင်းတက်ဖို့လဲ Nay Foundation ကထောက်ပံ့ပေးမယ်။ ပြီးတော့...သမီးပြောတဲ့ ဘိုးဘွားရိပ်သာကိုလည်း ရာသက်ပန် ထောက်ပံ့ပေးမယ် ကဲ ဘာကျန်သေးလဲ"
"စာကြည့်တိုက်"
"ဟုတ်ပြီ မနက်ဖြန် ချက်ချင်းဆောက်ခိုင်းလိုက်မယ်"
သူမ မျက်လုံးအဝိုင်းသားဖြင့် သူမပြောသမျှ အကုန်လုပ်ပေးမယ်တဲ့လား။
"ဖွားဖွား တကယ်ကြီးပြောနေတာလား သမီးက အလကားပြောတာ"
"ဖွားစောကတော့ အတည်ပြောနေတာ"
"ဟို...သမီးစဉ်းစားဖို့..."
"အချိန်၁ပတ်ပေးမယ် ခလေး"
"ပြီးတော့ ဦးစိုင်းနေရောင်...သူ_"
"ဖွားစော တာဝန်ထားလိုက်ပါ"
မဟုတ်သေးဘူးလေ...လက်ထပ်ဖို့ကိစ္စက အဲ့သလောက်လွယ်သတဲ့လား။ သူမအတွက် အချိန်က ၁ပတ်သာ...။
လိုချင်သမျှအားလုံးကိုပေးပါ့မယ်။ သူမက တစ်ခုသာပြန်ပေးရုံပဲတဲ့...အဲ့ဒီတစ်ခုဆိုတာကလည်း သူမဘဝတစ်ခုလုံး... လိုချင်တာပေးပါ့မယ်ဆိုတဲ့ထဲမှာ သူမအတွက်လုံလောက်တဲ့ ချစ်ခြင်းမေတ္တာ၊ ပြည့်စုံတဲ့ အိမ်ထောင်ရေး...အဲ့ဒါတွေတွေရော ပါမှာမို့လား။ ထိုမေးခွန်းများကို အဖွားစောနန်းခင်ဦး ဖြေနိုင်လိမ့်မည်မထင်။

လမ်းခွဲကြပြီးနောက်Место, где живут истории. Откройте их для себя