လမ်းခွဲကြပြီးနောက်
Part 1Anniversary
"ဒါက...."
ထူးဆန်းသလို၊အံ့သြသလို...တစ်ခုခုကိုနားမလည်ဟန်နှင့် သူမရှေ့တွင်ထိုင်နေသော ထိုလူသားသည် သူမဆီမှ တစ်စုံတစ်ရာဖြေရှင်းချက်ကို စောင့်စားနေဟန်။
"ကွာရှင်းစာချုပ်ပါ ဦး"
အတတ်နိုင်ဆုံး သူမလေသံကို တည်ငြိမ်အောင် ထိန်းလျက်...
"ဘာလို့လဲ "
ဒီမေးခွန်းကို ခင်ဗျားမေးစရာလိုသေးသလား သူမ မေးလိုက်ချင်သည်။
"ကျွန်မတို့လက်ထပ်ခဲ့တာ ဒီနေ့၁နှစ်ပြည့်ပြီလေ...ဖွားဖွားပေးထားတဲအချိန် ပြည့်ပြီ..."
သူမ ရှေ့ဆက်ဖို့ စကားတွေ ထစ်အချင်နေသည်။ သို့သော် မပြောမပြီး ပြောမှဖြစ်မည့် အခြေနေမှာ...
"ပြီးတော့ ဖွားဖွားမျှော်လင့်သလိုအခြေနေမျိုး ကျွန်မတို့ဖြစ်မလာခဲ့ဘူးလေ...ဒီတော့..."
"အဲ့တော့ မင်းကလမ်းခွဲချင်တယ်ပေါ့ သီရိမေ"
ထိုလူသားရှေ့တွင် ခေါင်းငုံ့လျက်...
မဖြစ်ဘူး သီရိမေ...နင်ကဒီပွဲမှာ အရင်ဆုံးနှုတ်ထွက်ပေမယ့် နင်သာ အောင်နိုင်သူမို့ ခေါင်းကိုမော့ထား..."ဟုတ်ပါတယ် "
"နစ်နာကြေးအနေနဲ့ကရော..."
သြရှသည့် ထိုလူသား၏အသံ။
"ဖွားဖွားသိမ်းခဲ့တဲ့ ကျွန်မရဲ့ဆိုင်ကိုပြန်လိုချင်တယ် ။ပြီးတော့ Sunshine Company က share10%"
များသွားလား...ကျွန်မများစွာနစ်နာခဲ့ရတယ်။ တစ်ချို့ပြောပြမရတဲ့အကြောင်းပြချက်တွေအတွက်...
ကျွန်မ တောင်းမှဖြစ်မယ်။"လိုသေးလား။ကား...ကလောက မင်းကြိုက်တယ်ဆိုတဲ့ စံအိမ်။ဒါမှမဟုတ် ငါ့လုပ်ငန်းစုက လုပ်ငန်းတစ်ခုခု။ဘာကျန်သေးလဲ ပြောပါ အားမနာနဲ့...ငါနဲ့နေခဲ့ရတဲ့ မင်းရဲ့တစ်နှစ်တာအချိန်အတွက်..."
ရက်ရောခြင်းတွေလား...ထွက်သွားရမယ့်သူတစ်ယောက်အတွက် ဝမ်းသာခြင်းလက်ဆောင်လား။ တော်ပါ ဒီအကြင်နာတရားခေါင်းပါးလိုက်တဲ့လူသား။

ВЫ ЧИТАЕТЕ
လမ်းခွဲကြပြီးနောက်
Любовные романыZawGyi code is below. A young normal girl met an old lady and her life changed.