လမ်းခွဲကြပြီးနောက် part 18
I love you.
ဥာဏ်လင်းပြန်သွားပြီးတဲ့နောက် သူမ အလုပ်ပင်ဆက်မလုပ်နိုင်အောင် စကားတွေအများကြီးပြောပြီး တွေးစရာတွေအများကြီး...
"ချစ်တယ်ဆိုတဲ့စကားထက် ပိုသေချာတဲ့လက်တွေ့အကြောင်းအရာတွေကို ငါ့ညီမ မြင်ပြီးပြီမလား...။ မေလေးက ကလေးမဟုတ်တော့ပါဘူး... မေလေးဥာဏ်ကောင်းတာကိုလည်း ကိုယ်သိပါတယ်။ မေလေး ဒီလိုသာ သူ့အချစ်တွေကို မသိချင်ယောင်ဆောင်ထားရင်... "တဲ့။ ဘာတွေဆက်ဖြစ်မှာလဲ...။ လက်ထပ်ခဲ့တဲ့ တစ်နှစ်ဆိုတဲ့ ကာလတွေမှာထိုလူသားဆီက ကြင်နာယုယမှုမျိုး မရခံတာက ဟန်နီချိုကြောင့်...။ ချစ်လှစွာသော ဆိုတဲ့ ဟန်နီချိုက ပြန်လာချင်ပါတယ်ဆိုတော့ကြမှ သူမကြောင့်တဲ့...။ သူမကြောင့် စိုင်းနေရောင်က လက်မခံခဲ့တာပါတဲ့...။ ဘယ်လိုနားလည်ရမလဲ... သူ့အချစ်ဆိုတာကို...။ အခုမှ... ဘာလို့လဲ။ သူချစ်တယ်ဆိုတာကို သူမက ယုံရမှာလား...။ ဘာတွေကြည့်ပြီး ဆုံးဖြတ်လိုက်တာလဲ...။
"ချစ်တယ်ဆိုတဲ့စကား တစ်ခွန်းမှ မပြောဖူးပဲနဲ့... မေက ယုံရမှာတဲ့လား... ခင်ဗျားကြီးရဲ့..."
သူမတီးတိုးရေရွတ်လိုက်သည်။ သူချစ်တယ်ဆိုတာကို ချစ်ပါတယ် ဆိုတဲ့စကားနဲ့ပဲအတည်ပြုချင်တာကို ကလေးဆန်တယ်ပြောကြရင်လည်း ပြောပါစေတော့...။
မေက အချစ်မှာ အဲ့လိုမျိုး ကလေးဆန်ချင်တယ်...
သူမ ဟိုဟိုဒီဒီ တွေးရင်း တောရင်း အိပ်ခန်းပြတင်းပေါက်ဆီလှမ်းကြည့်တော့ လခြမ်းကွေးကလေးက တိမ်တွေကြားမှာ တရွေ့ရွေ့...။ လိုက်ကာခန်းဆီးစ အဖြူလေးက လေတိုက်တိုင်း လွင့်လို့...။ ဇွန်လ မိုးနံ့များပါသည့်လေရူးတွေနဲ့ အိပ်ပျော်ခဲ့သည့် ထိုနေ့ညက အိပ်မက်တွေ မက်သည်။ အိပ်မက်ထဲမှာ ဖေဖေနှင့် မေမေလည်းပါသည်။ ဦးစိုင်းနေရောင်လည်းပါသည်။ မေမေက ဦးစိုင်းနေရောင်ရောင်ကို လက်ညှိုးညွှန်ရင်း... လက်ဆောင်တဲ့။ မတွေ့ရတာကြာပြီဖြစ်တဲ့ မေမေ့အပြုံးတွေ...စိုးရိမ်စိတ်တွေနဲ့ ဖျော့တော့နေသည် ထင်ရသည်။ ဖေဖေကတော့ သူမကို ပြုံးကြည့်လို့...။ စိတ်ချပါရစေလို့ မှာနေသည့် အကြည့်တွေ...။ သိပ်လွမ်းနေတာမို့ ပြေးဖက်ဖို့ ကြိုးစားပေမယ့် အငွေ့တွေအဖြစ်သာ ပြောင်းသွားကြသည်။ ထိုအငွေ့တွေကို လက်ဖမ်းဆုပ်ရင်း နောက်တော့ စိုင်းနေရောင် ရင်ခွင်ထဲ ရောက်သွားတော့... လင်းလင်းနဲ့ ချီချီက လက်ခုပ်တွေတီးလို့...။ သူမ သူ့ဆီက ရုန်းထွက်တော့ မြေကြီးတွေအက်ကွဲသွားသည်။လင်းလင်းရယ်ချီချီရယ် ထိုလူသားရယ်က တစ်ဖက်... သူမက တစ်ဖက်...။ တဖြည်းဖြည်းနဲ့ သုံးယောက်စလုံးမြင်ကွင်းထဲက ပျောက်လုလု... သူမ ဘက်မှာ ဘယ်သူမှမရှိ။ ဖေဖေနဲ့မေမေက အငွေ့တွေအဖြစ် သူမအနားမှာ ဝေ့ဝဲနေရင်းက ကြာတော့ သူတို့လည်းပျောက်သွားကြတော့သည်။
"ဖေဖေ... မေမေ... လင်းလင်းရေ... ချီချီရေ..."
သူမ အော်ဟစ်ခေါ်နေသော်လည်း သူမအသံကိုတောင် သူမပြန်မကြားရ...တိတ်ဆိတ်လွန်းလှသည်။
"မေမေ... မေမေ..."
လင်းလင်းနဲ့ ချီချီအသံကို ကြားရပေမယ့်... မြူတွေနဲ့ ဘာကိုမှ မမြင်ရ...။
"ဦးနေ..."
သူရော... သူကရော...။ သူမကျေနပ်လို့ အခုလို လုပ်ပစ်တာလား...။ သူ့ရင်ခွင်ထဲက ထွက်သွားလို့ အဲ့လိုတွေဖြစ်ကုန်တာလား...
"ဦးနေ... ဦးနေ... "
သူမ အသံကုန် အော်လိုက်တော့ အသံထွက်လာသည်။
"ဦးနေ... မေ... မေ တောင်ပန်တယ်နော်..."
"ချာတိတ်... သတိထားအုံးလေ..."
လက်ကို ဆုပ်ကိုင်လိုက်သည် ထင်ပေမဲ့ သူမလက်တွေက ဗလာ...။
"မေလေးကို... သားသားမီးမီးတို့နဲ့ ခွဲမထားပါနဲ့နော် မေတောင်းပန်ပါတယ်... ခွင့်လွှတ်မယ်မလားဟင်..."
ကယောင်ကတမ်း မျက်လုံးစုံမှိတ် ပြောနေသည့် ကောင်မလေး...။ စိုင်းနေရောင် သူမနှဖူးပေါ်ကို ရေစိုဝတ်လေးတင်ပေးလိုက်သည်။ ခွဲထားခဲ့တာက သူ...။ ခွင့်မလွှတ်နိုင်ဘူးပြောပြီး... အခုပြန်ပြီး တောင်ပန်နေရှာသည့် ကောင်မလေး... ။
"မေလေး... ချာတိတ် ဆေးရုံသွားရအောင်နော်... ကိုကိုလိုက်ပို့မယ် ကြည့်ပါအုံး အဖျားတွေတက်နေတာ..."
ပြတင်းပေါက်မပိတ်ပဲ တစ်ညလုံးအိပ်ခဲ့လို့လား...။ တစ်ခြားအကြောင်းကြောင်းကြောင့် ပင်ပန်းနေလို့လားမသိ... နှာခေါင်းလေးတွေရဲနေအောင် ဖျားနေသည့်ကောင်မလေ...။ ည၂နာရီလောက်ကြီးအဖျားတွေတက်ပြီး ကယောင်ကတမ်းတွေရွတ်တော့ လင်းလင်းတို့မောင်နှမက အားကိုးတကြီး စိုင်းနေရောင်ဆီကို ဖုန်းဆက်ကြသည်။ ရေပတ်အုပ်ပေးနေတာတောင် အဖျားကမကျတော့ စိုင်းနေရောင်စိတ်ပူလာတော့သည်။ ဆေးရုံသွားဖို့ပေမယ့် ထိုကောင်မလေးက သူ့လက်တွေကို ဆုပ်ကိုင်လာသည်။
"ချစ်တယ်လို့မပြောပဲ... ခင်ဗျားချစ်တာကို ဘယ်လိုယုံမှာလဲ...ဟင်..."
စိုင်းနေရောင် သူမလေးကို ပြုံးကြည့်နေလျက်...
မလုံလောက်သေးဘူးလား... ယုံကြည်ဖို့ရာ... သံသယတွေလည်း များလိုက်တာ...
"လင်းလင်း ညီမလေးနဲ့ အိမ်မှာနေခဲ့မလား... နှစ်ယောက်လုံး ဖေဖေနဲ့လာခဲ့မလား..."
စိုင်းနေရောင်က သီရိမေကို အိပ်ယာပေါ်က ပွေ့ချီရင်းပြောတော့ လင်းလင်းက ညီမဖြစ်သူကို ငဲ့ကြည့်သည်။ အိပ်ချင်မူးတူးနဲ့ ငိုက်နေသည့် ချီချီ့ကိုကြည့်ကာ
"သားနဲ့ ချီချီနေခဲ့မယ်... မေမေ့ကိုသာ ဂရုစိုက်ပေးနော်"
"ဟုတ်ကဲ့ပါခင်ဗျ... ဖေဖေ ဦးဥာဏ်ကိုဖုန်းဆက်ထားမယ်... သူလာခေါ်လိမ့်မယ်။ ဖေဖေတို့အိမ်ကို သွားနေချေနော်... အဲ့ဒီမှာ ဖွားဖွားကြီးရှိတယ်... ဖေဖေသွားပြီးနော် သားသား"
မှာတမ်းတွေ တစ်သီတစ်တန်းခြွေရင်းသူမကိုပွေ့ကာ အပြေးတပိုင်း အောက်ထပ်ကိုဆင်းလာခဲ့သည်။ သီရိမေကတော့ ချွေးတွေရွှဲကာ ပျော့ခွေလို့... သူ့ရင်ခွင်မှာ။
ဘယ်လောက်ထိပင်ပန်းခဲ့လို့ အခုလို ပုံကျတဲ့ထိ.. ………
အရာကာမြူတွေဆိုင်းနေသလို မီးခိုးရောင်သမ်းနေရာကနေ တဖြေးဖြေး လင်းကျင်းလာသယောင်...။ အေးစက်နေတဲ့ လက်တွေက တစ်စုံတစ်ဦး၏ ဆုပ်ကိုင်မှုနဲ့ နွေးထွေးနေသလိုလို...။ မျက်လုံးဖွင်ကြည့်တော့ ဆေးရုံ...။ ကုတင်ဘေးမှာ အိပ်နေသည့်လူကို ကြည့်လိုက်တော့ ဦးနေ...။ သီရိမေ မသိစိတ်က ကြည်နူးမိသွားရသည်။ ကိုယ့်တစ်ယောက်ထဲ ပါလားဆိုတဲ့ အားငယ်မှုတွေ သူမ သိပ်မခံစားရတော့...။ ကိုယ့်ကိုကိုယ် သန်မာလှချေရဲ့ထင်ထားပေမယ့်... တစ်ယောက်ထဲအားငယ်တတ်တာကိုလည်း ကိုယ်ပဲသိသည်...။ ကိုယ်သာတစ်ခုခုဖြစ်ရင်ဆိုတဲ့စိတ်နဲ့ ထူထောင်သမျှဟာ... လဲပြိုသွားခဲ့လျင် အားကိုးရာမဲ့ကြမယ့် ကလေးတွေအတွက်နဲ့ ပိုခိုင်မာလာရရင်း... နောက်တော့ ပုံအပ်စရာ ရင်ခွင်ကို ရှာတွေ့ပြီထင်၏...။ အားငယ်တတ်ခြင်း... ဝမ်းနည်းခြင်း... တစ်ခုခုဆို သူ့ကိုတချင်မိသည့် အားကိုးချင်စိတ်တွေ...။ အကယ်၍ တစ်ခုခုကိုယ့်မှာဖြစ်ခဲ့ရင်တောင် ကိုယ့်ကလေးတွေအတွက် နားခိုရာရှိပြီဆိုတဲ့စိတ်...။ တင်းထားသမျှ မာန်တွေလျော့လိုက်ကာမှ လူလည်း ယိုင်နဲ့နဲ့... ယဲ့ယဲ့သာ ကျန်ခဲ့တော့သည်။ လဲကျသွားရင် ဆီးကြိုမဲ့ရင်ခွင်ရှိပြီးသားမို့လား... ဖေးမပေးမဲ့လက်တွေကြောင့်လား မသိ... အားကိုးနဲ့ ဖျားရတာလည်း ပျော်စရာ...။ သီရိမေ ကုတင်ပေါ်က လူးလဲကာထတော့ စိုင်းနေရောင် နိုးလာသည်။
"ချာတိတ်... နိုးပြီလား။ သက်သာရဲ့လား ခေါင်းတွေနောက်နေလား... ဟင်... အဆင်ပြေရဲ့လား"
စိုးရိမ်ပူပန်စွာ နဖူးစမ်းလိုက် လက်ကိုကိုင်လိုက်နဲ့ ဆက်တိုက်မေးနေသည့်... အဲဒီလူ...။
ယုံလိုက်လို့ ရတယ်မလား... သူချစ်တာကို...
"ချာတိတ်... အဆင်ပြေရဲ့လားလို့... မေးတာဖြေအုံးလေ။ ဘာလို့ကိုကို့ကိုပဲ ကြည့်နေတာလဲ... စိတ်ပူတယ်ဗျ"
"ဘယ်မေးခွန်းကို အရင်စဖြေရမလဲ စဉ်းစားနေတာ..."
သီရိမေ ပြုံးကာဆိုတော့ စိုင်းနေရောင် မျက်နှာက ဝင်းပလျက်...
"နေရတာ သက်သာရဲ့လား... ဒီလိုချိန်ဖျားတာက သိပ်ဆိုးတာ...။ မနေ့ညကဆို ချွေးတွေကိုရွှဲနစ်လို့... ကိုကို ချာတိတ်ကို အင်္ကျီသုံးခါ လဲပေးရတယ်"
"ဟင်..."
သီရိမေ ဝတ်ထားတဲ့ အင်္ကျီကို ငုံ့ကြည့်တော့ မနေ့ညက အင်္ကျီမဟုတ်။ ဆေးရုံအင်္ကျီ ပြာနုရောင်...
သူလဲပေးတာတဲ့လား...
ဖျားလို့ရဲနေသည့်မျက်နှာမှာ ရှက်သည့်စိတ်ကြောင့် ရဲတွတ်နေလောက်ပြီ...
"ရေသောက်မလား..."
"ဟုတ်..."
စိုင်းနေရောင် ရေဘူးငဲ့နေတုန်း သူမက အိုက်တာကြောင့် ကျနေသည့်ဆံင်တွေကို စည်းဖို့ရန်ပြင်လိုက်သည်။ လက်မှာ ဆေးသွင်းထားသည့် အပ်ကြောင့် မြှောက်ရတာအဆင်မပြေဖြစ်နေတုန်း သူက ရေခွက်ကမ်းပေးလိုက်သည်။
"ရေသောက်လိုက်... ဆံပင်က ကိုကိုစည်းပေးမယ်..."
လူက အားနည်းနေလို့ထင်သည်... သူပြောသမျှ နာခံလိုက်လျောနေမိသည်။ ကတ်ကတ်လန် ပြန်စွာဖို့... သူမမှာ အင်အားမရှိ...။ စိုင်းနေရောင် သူမဆံပင်တွေကို စုစည်းပေးရင်း သည်ထိုကဲ့သို့ ငြိမ်နေတာလေးကို သဘောကျလျက်...
"သားသားနဲ့ မီးလေးက ကိုယ့်အိမ်မှာ"
"ဟုတ်..."
"ဆိုင်ကိုလည်း မွန်မွန့်ကို ခဏနားဖို့ပြောထားတယ်..."
"ဟုတ်..."
ဆံပင်စည်းပြီးတော့ ကုတင်ခြေရင်းမှာ လာထိုင်သည်။
"တစ်ပတ်လောက်တော့ အေးဆေးနားလိုက်... ဆုမြတ်တို့ honeymoonကပြန်လာမှ ဆိုင်ပြန်ဖွင့်"
"ဟုတ်..."
သူ့ကိုမော့မကြည့်ပဲ ခေါင်ကို တွင်တွင်ငုံ့ထားသည့် ကောင်မလေး...။ ဖျားနေတာကပဲ ခပ်ကောင်းကောင်း... တစ်ခုမကျန် ပြန်ပြောတတ်တဲ့ ခပ်စွာစွာကောင်မလေးက အခု သူပြောသမျှ နာခံနေလျက်...
"ဖွားစောက ကလေးတွေကို ပြန်မလွှတ်တော့ဘူးတဲ့။ အဲ့ဒါမင်းလည်း ကိုကိုတို့အိမ်မှာပဲနေတော့..."
"ဟုတ်... ဟင်... မဟုတ်ပါဘူး"
အလန့်တကြားသူမမော့ကြည့်တော့ သူမအကြည့်တွေကို အမိဖမ်းဖို့စောင့်နေသည့် သူ့မျက်လုံးတွေနှင့် ဆုံသည်။ သူမခေါင်းကို ပြန်ငုံထားလိုက်သည်။
"ဘာလို့ ခေါင်းမာချင်နေရသေးတာလဲ... ခလေးရယ်"
စိုင်းနေရောင် သူမလက်တွေကို ဆုပ်ကိုင်လိုက်တော့ သူမက မရုန်း...။
"ကိုကို မင်းကိုချစ်တယ်..."
ငုံ့နေရာမှ သူမမော့ကြည့်လာသည်။
"မင်းကို တစ်သက်လုံးပျော်ရွှင်အောင်ထားပါ့မယ်လို့ ပြောထားပြီးသားမလား... မယုံနိုင်သေးဘူးလား ဟင် ချာတိတ်... တစ်ခါတလေ စကားလုံးတွေထက် လုပ်ရပ်တွေက ပိုထိရောက်ပါတယ်ကွယ်... ယုံပေးပါ...။ မင်းကလွဲပြီး နောက်ထပ် တန်ဖိုးထားရမယ့်သူ... ကိုကို့မှာ တကယ်မရှိတော့တာ..."
"
အဲ့လုပ်ရပ်တွေကြောင့်ပေါ့... ယုံရခက်နေတာ... ဟိုတုန်းက မေလေး ဦးနေနားမှာရှိတုန်းက... ဦနေ မမြင်တတ်ခဲ့ဘူးမလား။ မေလေပေးခဲ့တဲ့ ဖြူစင်တဲ့မေတ္တာတွေ... ငဲ့ကြည့်ခဲ့ဖူးလား... ဟင်... မေလေးက အဲ့လိုမျိုးတစ်ခါမှအချစ်မခံရဖူးလို့ ချစ်ဆိုတာကို ပြောမှပဲ သိတတ်မှာ ဦးနေရဲ့...။ ပြီးတော့ ဦးနေက... မေလေးအပေါ်ရက်စက်ခဲ့သမျှ ဥပေက္ခာတွေနဲ့... ဘယ်လိုလုပ် ယုံရဲမှာလဲ... ဟင်"
"တော်ပါတော့ ချာတိတ်ရယ်... အဲ့ဒီစိတ်နဲ့ ကိုယ်၅နှစ်လုံး နောင်တတွေနဲ့ခံစားခဲ့ရပြီးပါပြီ... အဲ့ဒီအတွက် ကိုကိုမင်းကို အတိုးချပြီး ချစ်ပါ့မယ်... နော် ကလေးလေး ကိုကို့ကို ခွင့်လွှတ်ပါကွာ..."
" ………"
"တကယ်ဆိုရင်လေ... ကိုကိုကမင်းထွက်မသွားခင်ကတည်းက မင်းကို ချစ်နေခဲ့ပြီးသား... မင်းက ကိုယ့်ရင်ဘက်ထဲရောက်နှင့်နေခဲ့ပြီးသား... ကိုကို အသိနောက်ကျခဲ့တာ... ကိုကိုမင်းကိုထွက်သွားခွင့်မပေးခဲ့ပါဘူး... မင်းကိုယ်တိုင်က အလျင်လိုနေခဲ့တာ...။ တစ်ရက်ကလေးသာ စောင့်လိုက်ရင် အခြေနေတွေအများကြီး ပြောင်းလဲသွားမှာ...။ လင်းလင်းနဲ့ချီချီအပြင် နောက်ထပ်ဘေဘီကလေးတွေတောင် ရချင်ရနေမှာ..."
"ဘာရယ်..."
"ဟုတ်တယ်... ကိုကိုက အသက်ကြီးပြီဗျ... ၅နှစ်လုံး ဘယ်လောက်သည်းခံစောင့်ခဲ့ရတယ် မင်းထင်လဲ...။ သားသားမီးမီးတွေအများကြီးနဲ့မိသားစု ဘဝကို ကိုကိုဘယ်လောက်စိတ်ကူးယဉ်ခဲ့ရသလဲ... ပြီးတော့နော်... အဲ့ဒီသားသားမီးမီးတွေနဲ့ မိသားစုဘဝဆိုတာကလည်း... မင်းနဲ့မှ...။ လုပ်ပါ ချာတိတ်ရယ်..ကိုကို့ကို အကြာကြီး စိတ်ဆိုးမနေပါနဲ့..."
"ဘယ်သူက စိတ်ဆိုးနေလို့လဲ..."
"အဲဒါဆို စိတ်မဆိုးဘူးပေါ့..."
"………"
"ဟေ့... ဖြေလေဗျာ"
စိုင်းနေရောင် သူမ မေးဖျားလေးကိုဆွဲယူက မော့စေတော့... သီရိမေ အကြည့်တို့ လွှဲဖယ်ခဲ့ပြန်သည်။ "ဒီလို လွယ်လွယ်နဲ့စိတ်ဆိုးပြေကြေးဆို... မေလေးမေတ္တာတွေ ဈေးပေါကုန်မှာပေါ့..."
"ကဲကြည့် မေတ္တာတရားကို ဘာတွေနဲ့တိုင်းတာခဲ့သလဲ မင်း... ဖြူစင်တဲ့ချစ်ခြင်းမေတ္တာဟာ... ဘယ်အခြေနေမှာပဲဖြစ်ဖြစ် တန်ဖိုးရှိတယ် မေလေးရဲ့"
" အဲဒါဆို... ခင်ဗျား ဘာလို့ နားမလည်ခဲ့တာလဲ...
မေလေး ခင်ဗျားကို ဖြူဖြူစင်စင် ပေးခဲ့တုန်းက ဦးနေ တန်ဖိုးထားခဲ့လို့လား..."
"ကိုကိုမှားခဲ့ပါတယ် ကလေးလေးရေ... ကိုကို့ကို ခွင့်လွှတ်ပါတော့ဗျ... ဒီကောင်ကြီးက စိတ်ရှည်တာမဟုတ်ဘူးနော်..."
"စိတ်မရှည်ရင်... ပြန်လေ။ ခင်ဗျားကို ဘယ်သူက တောင်းပန်ခိုင်းနေလို့လဲ...
လုပ်ချင်ရာလုပ် "
သီရိမေ သူ့လက်တွေကို ဖယ်ချကာ ပြန်လှဲဖို့ရန်ပြင်လိုက်သည်။ သို့သော် စိုင်းနေရောင် သူမကို ရုန်းမရအောင် ထွေးပွေ့လိုက်ရင်း...
"ဒီကောင်ကြီးက စိတ်ရှည်တာမဟုတ်ဘူး...
ပြောလို့မရရင်...ကျွန်တော်ကတော့ ရတဲ့နည်းနဲ့... "
"ဟေ့... ဟေ့... မေက နေမကောင်းဘူး... ဖယ် အိပ်တော့မယ်"
"ကိုယ်နဲ့တူတူအိပ်မယ်... ကိုကို ညက အိပ်ရေးပျက်ထားတာ မင်းကြောင့်"
"မအိပ်နဲ့... ကုတင်က ကျဉ်းကျဉ်းလေး..."
သီရိမေ အတင်း အိပ်ယာပေါ်လှဲချတော့ သူပါ လိုက်လှဲသည်။
"ကုတင်ဆိုတာ ကျဉ်းလေ ကောင်းလေ..."
ပြောရင်း သူမကို တင်းတင်းကျပ်ကျပ်ထွေးပွေ့ကာ အိပ်လေတော့သည်။
"ဟေ့... အဖျားတွေကူးလိမ့်မယ်"
"ကိုယ်ချစ်တဲ့သူဆီကကူးတာပဲ ကူးပါစေ..."
"ဟာ... တဇွတ်ထိုးကြီးပါလား... ထလို့ ဦးနေ နော်..."
"အိပ်တော့မယ်ဆို... တိတ်တိတ်လေးနေရင်ကောင်းမယ်နော်... "
"အရင်ဆုံး...ဖယ်လေ...ဟိုလူနာစောင့်ကုတင်မှာသွားအိပ်"
ပြောရင်း သူ့ခန္ဓာကိုယ်ကြီးကို တွန်းထိုးနေတော့ စိုင်းနေရောင် တကယ်စိတ်မရှည်တော့...
"နေမကောင်းဖြစ်နေလို့ဒီတိုင်းလေး ပေးအိပ်မလို့ကို..."
စိုင်းနေရောင် ထလိုက်ကာ သူမနှုတ်ခမ်းဖူးဖူးလေးအား ဖိကပ်နမ်းလိုက်တော့ အောက်ကခလေးမက တွန့်ခနဲ့...
တွန်းဖယ်နေသည့် လက်များကို ဖမ်းချုပ်လိုက်ရင်း...
"ငြိမ်ငြိမ်လေးနေ... မဟုတ်ရင်..."
"ဟုတ်"
မျက်လုံးကိုဇွတ်ပိတ်သွားတဲ့ကောင်မလေးကို သူသဘောတကျ...။ တကယ် ချစ်စရာကောင်းတာထက်ပိုပါတယ် ခလေးရာ...
စိုင်းနေရောင် သူမနှုတ်ခမ်းတို့အား ထပ်မံဖိကပ်နမ်းမိနေခဲ့ရင်း... အိပ်မက်အသစ်တို့ တည်ဆောက်မိခဲ့သည်။ ချစ်တဲ့သူနဲ့ လှပသော အိပ်မက်...

YOU ARE READING
လမ်းခွဲကြပြီးနောက်
RomanceZawGyi code is below. A young normal girl met an old lady and her life changed.