3

9.5K 350 0
                                    

လမ်းခွဲကြပြီးနောက်
Part 3
No one can run from the fate.

စိတ်ထားကောင်းရင် ကံကောင်းသတဲ့။ သူမမှာတော့ ထိုနေ့ရဲ့နောက်နေ့ကအစ အခက်အခဲတွေရင်ဆိုင်ရတော့တာပါပဲ။ ပထမကတော့ သူမတို့ဆိုင်နေရာမှာ ဆောက်လုပ်ရေးလုပ်ချင်တယ်ဆိုကာ မတန်တဆဈေးတွေပေးဝယ်လာရာကနေစတာ။ ဒီနေရာ ဒီခြံဝန်း ဒီအိမ်သေးသေးလေး... သူမမွေးဖွားခဲ့တဲ့အိမ်ကလေး...သူမမိဘတွေနဲ့အမှတ်တရများစွာရှိခဲ့သော၊ သူမရရှိခဲ့သော တစ်ခုတည်းသော ပိုင်ဆိုင်ရာ...မွန်မွန်နဲ့ မသိမ့်တို့မှီခိုရာ...သူမနဲ့ဆုမြတ်တို့ရဲ့ အမြတ်တနိုးထားရတဲ့ အိမ်မက်တို့စတင်ရာ...ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံနိုင်ပါဘူး။ ဤမျှသော ငွေပမာဏကိုပေးလို့နှင့်လည်း မရောင်းနိုင်...သို့သော် ပြသနာက ထိုနေရာတွင်မပြီး ပို၍ပို၍ ကြီးလာသောအခါ
အနှစ်၂၀ကျော် တည်ရှိလာတဲ့ ဒီအိမ်ကလေးက အခုမှ လမ်းနယ်ကို ကျော်နေသတဲ့လား...အဘယ်မျှသောပါဝါရှိ လက်က ထိုအခြေနေတွေကို ဖန်တီးနေရသလဲ...သူမ တွေးမရ...တွေးမမီတော့။
"မေကလေး အိမ်ကိုမရောင်းပါဘူးနော်"
အိမ်မှာအကြီးဆုံး ၈တန်းအရွယ်မောင်လေးနဲ့ တက္ကသိုလ်ကျောင်းသူညီမလေးကို သူမတစ်ယောက်ထဲလုပ်စာနဲ့ ထောက်ပံ့နေရတဲ့ မွန်မွန်...
"ဟင့်အင် မေလေးမရောင်းပါဘူး မွန်မွန်ရဲ့"
ဟုတ်တယ်...မေတကယ်မရောင်းဘူး။ ထိုရက်တွေမှာ သူမအိပ်မပျော်။ မသိမ့်နဲ့ ဆုမြတ်တို့တောင် အရင်လို စကားတွေအများကြီးမပြောဖြစ်ကြ...ဘာကြောင့်များ ဒီပြသနာတွေက သူမဆီမှာဖြစ်လာရသလဲ... အိပ်ပျက်ညတိုင်းတွေးမိခဲ့သည်... သို့သော် အဲ့ဒီနေ့မတိုင်ခင်အထိ အဖြေက မရခဲ့။
အဲဒီနေ့...
ဆိုင်ရှေ့ကို အနက်ရောင်ခပ်မြင့်မြင့်ကားတစ်စီး ရပ်သွားသည်။ ထို့နောက် အရပ်ရှည်ရှည်အသားဖြူဖြူနဲ့ ခန့်ညားချောမောလှပခြင်းဟူသောဂုဏ်ဒြပ်တို့ဖြင့် ပြည့်စုံသော လူရွယ်တစ်ဦး သူမတို့ဆိုင်အတွင်းသို့ ချင်းနင်းဝင်ရောက်လာပုံမှာ...စက်ချုပ်နေကြသောဆုမြတ်တို့တတွေ အသက်ရှုရပ်ရခြင်းအဖြစ်သို့... သေချာကြည့်လျင် ထိုသူသည် တိုင်းရင်းသားစပ်သည်။
ထိုသို့ရပ်တန့် ငေးမောရခြင်းများသည်
"သီရိမေနဲ့ တွေ့ချင်လို့ပါ"ဆိုသော တည်ငြိမ်ပြတ်သားသည့် အသံအဆုံးမှာ ပြန်လည်အသက်ဝင်လာကြ၏။
"အော် အင်း...ခဏနော် မေလေးက Cusတစ်ယောက်နဲ့စကားပြောနေလို့ ခဏစောင့်ပေးနော်"
ဆုမြတ်က ထစ်ငေါ့စွာဖြေဆိုရင်း ထိုလူသားကိုအကဲခတ်သည်။
သူကခေါင်းတစ်ချက်သာ ငြိမ့်လျက်...ထိုလူ သူ့မျက်လုံးများက သမုဒ္ဒရာရေကဲ့သို့ နက်ရှိုင်းသလားဟုထင်ရသည်။ ၆ပေနီးပါး ရှည်သည့်အရပ်၊ ဖြူသည်ထက် စိမ်းဖန့်သည့်အရောင်ဘက်ကိုဦးတည်နေသည့်အသားအရေ၊ ထူထဲသည့် မျက်ခုံး၊ ပိရိသေသပ်သည့်နှုတ်ခမ်း အို ယောက်ျားလေးတန်မဲ့ ရဲဆွေးနေပါရောလား... ကြည့်ပါအုံး ဂျင်းဘောင်းဘီနဲ့ ရှပ်အင်္ကျီကိုတွဲဝတ်ထားပုံက သူနဲ့မှ ပိုလိုက်ဖက်နေပြန်တယ်...ဒီလောက်ပူတဲ့ နွေရာသီအတွက် သူက အိုအေစစ်ကလေးပဲ ဟုတ်တယ် အိုအေစစ်...
"ဆုမြတ် ဘယ်သူရောက်နေတာလဲ"
"ဟင် အိုအေစစ်...အဲ မဟုတ်ပေါင် ဟိုလေ ဧည့်သည် နင်နဲ့တွေ့ချင်လို့တဲ့"
အယောင်ယောင်အမှားမှားနဲ့ ဆုမြတ်...
ကြည့်ပါအုံး ငေးနေလိုက်ပုံက ရှေ့ကဧည့်သည်မှာ နေရခက်စွာ...သူမက နေရာချပေးပြီး သူ့ကိုကြည့်မိသည်။ ချောလိုက်တဲ့ လူ...
ထိုလူသားက ဆိုင်ခန်းပတ်ပတ်လည်ကို ကြည့်နေရာမှ
"Oh sorry
ဒါ ကျွန်တော့Visiting card"
ရွှေရောင်cardကလေးတစ်ခု။
Sai Nay Yaung
CEO at Sunshine Construction CO.,LTD.
ဆိုတော့ ခင်ဗျားက ကျွန်မအိမ်ကိုဝယ်ချင်တဲ့ လူပေါ့...
"ကျွန်မ မရောင်းနိုင်ဘူးလို့ ပြောပြီးသားလေ"
သူမရဲ့ နှုတ်ခမ်းစုစုလုံးလုံးလေးကို တမင် တင်းထားလိုက်သည်။ ဆုမြတ်တို့ကပါ စိတ်ဝင်တစား သူမတို့စားပွဲရှိရာဆီ လှမ်းကြည့်နေကြသည်မို့ ပတ်ဝန်းကျင်သည် တိတ်ဆိတ်လွန်းလှသည်။
"တစ်ဆိတ် ကျွန်တော်ပြောပြတာကို နားထောင်ပေး။ ကျွန်တော်က CEO ဒါပေမယ့် ကျွန်တော့်အထက်မှာ တစ်ယောက်ရှိသေးတယ်။ သူက မင်းကိုမှာလိုက်တယ် မင်းဆိုင်ကိုမရောင်းချင်ရင် ဒါမှမဟုတ် မဖျက်ဆီးစေချင်ရင် သူနဲ့လာတွေ့ပါတဲ့။ အခုမင်းကို ကျွန်တော်လာခေါ်တာ။ ပြီးတော့ မှာလိုက်သေးတယ်။ အခုလိုက်မတွေ့ရင် မင်းနောင်တရလိမ့်မယ်တဲ့...ကဲဘယ်လိုလဲ ချာတိတ် ကိုယ်နဲ့လိုက်ခဲ့မှာလား"
ရှည်လျားစွာ သူရှင်းပြပြီးနောက် သူမဆီမှာ ဘာပြန်ပြောရမယ် ရွေးခြယ်ပြီးသားစကားလုံးမရှိ... ခေါ်ပုံကိုက ချာတိတ်တဲ့ ခင်ဗျားထက်ငယ်လှ ၃ ၄နှစ်ပေါ့...သူမ နှုတ်ခမ်းကို ထပ်မဲ့လိုက်သည်။
"လိုက်ခဲ့မှာလား"
"ဟင်..."
သူမတကယ်ဘာလုပ်ရမလဲ မသိတော့...
"မေလေးလိုက်သွားလိုက်လေ တစ်ခုခုတော့ ထူးခြားလာမှာပါ"
ဆုမြတ်က လေးလေးနက်နက်။
ဟုတ်တယ် သူမ ညတိုင်းအိပ်ပျက်ခံပြီး စဉ်းစားနေရတဲ့အဖြေတွေက အဲ့ဒီ သူ့အထက်က လူဆိုတဲ့ဆီမှာ ရှိလိမ့်မယ်။ အဖြေ...ကောင်းတဲ့အဖြေလား ဆိုးတဲ့အဖြေလား ဘာပဲဖစ်ဖြစ် သူမသိဖို့...
"ဟုတ် လိုက်ခဲ့ပါ့မယ် ဦးစိုင်းနေရောင်"

လမ်းခွဲကြပြီးနောက်Место, где живут истории. Откройте их для себя