လမ်းခွဲကြပြီးနောက်(season 2)
Part 5
Misfortunes never come alone."ကျွန်တော်လက်မခံနိုင်ဘူး။ ဖွားစော သိတယ္မလား...
ဟန္နီက ကျွန်တော့်အတွက် ဘယ်လိုမျိုး အေရးပါတယ္ဆိုတာကို"
ဒေါ်စောနန်းခင်ဦးကို သူပြော၍မရမှန်းသိပေမယ့် မျှော်လင့်ချက်ကလေးသဲ့သဲ့ဖြင့် သူကြိုးစားကြည့်ချင်သေးသည်။
"ဘဝကြီးနဲ့ ချီပြီးလား"
"ဟုတ်တယ်... ကျွန်တော့်ဘဝကြီးအတွက် အရေးပါတယ်"
"ဖွားစောရဲ့ဘဝနဲ့လည်း လဲနိုင်တယ်ပေါ့"
စားပွဲနှင့်ခပ်ဝေးဝေးမှ စကားပြောနေရာမှ တရှိန်ထိုးပြေးလာပြီးမှ လက်နှစ်ဖက်ကို စားပွဲပေါ်တွင် ထောက်လိုက်ကာ ကုလားထိုင်တွင်ထိုင်နေသည့် အဖြားအိုကို ကြည့်လိုက်သည်။
"ဘယ်လိုပြောလိုက်တာလဲ... ဘာလို့ ဖွားစောဘဝနဲ့လဲရမှာလဲ... ဘာလို့လဲ။ ဟန္နီက ဟန္နီ။ ဖွားစောက ဖွားစော။ ကျွန်တော့်ဘဝအတွက် အရေးပါဆုံးလူတွေကြီးပဲ... သူ့နည်းသူဟန်နဲ့... ဒါပေမဲ့..."
ပြောလက်စစကားကို ခေတ္တရပ်တန့်ကာ စားပွဲပေါ်က ကလေးတွေကြားမှာ မျက်လုံးတွေပျောက်သွားတဲ့ထိ ရယ်နေသည့် ကောင်မလေးပုံကို ငေးကြည့်နေမိသည်။
ဘယ်လိုဖြစ်နိုင်မှာတဲ့လဲ... ဒီခလေးမလေးနဲ့သူ...။
"ဒီကောင်မလေးနဲ့ ဘာဆိုင်လို့လဲ... ဘာမှမဆိုင်ဘူးလေ"
ဖွားစောကို မျက်လုံးချင်းဆိုင်ကာပြောဖို့ကြိုးစားပေမယ့် မျက်လွှာချ မျက်ကွယ်ပြုခြင်းကိုသာ ရလိုက်ရသည်။
"သူက ဖွားစောအသက်ကို ကယ်ခဲ့တယ်လို့ပြောထားတယ်လေ"
"ဘယ်လိုမျိုးကယ်ခဲ့တာမို့လဲ... ဘယ်တုန်းကတွေ့ဖူးတာလဲ။ တစ်ခြားနည်းနဲ့ ကျေးဇူးဆပ်လို့ရတာပဲ။ ဘာမှန်းမသိတဲ့ကောင်မလေးနဲ့ လပ်ထပ်ခိုင်းမလို့လား... ဖွားစော။ သူက အခုမှခလေးပဲရှိသေးတယ်"
"သီရိမေ
အသက္က ၂၃။ မိဘတွေကမရှိတော့ဘူး။ English specializationနဲ့ကျောင်းပြီးထားတယ်။ Graceစက်ချုပ်ဆိုင်ကို သူငယ်ချင်းတစ်ယောက်နဲ့တွဲဖွင့်ထားတယ်။ စိတ်ထားကောင်းတယ်။ ကူညီတတ်တယ်။ ဖွားစောအားလုံးစုံစမ်းပြီးပြီ။ ဘာတွေထပ်သိချင်သေးတာလဲ... နေနေ။ ဪ... သူ့မှာ ရည်းစားသနာ ဘာမွမရွိဘူး။ ဒီလိုဆို မြေး အားလုံးသိပြီပေါ့"
"အဲဒီခေလးမက လက်ခံတယ်တဲ့လား"
"မကြာမီပေါ့..."
ဖွားစောသည် နုတ်ခမ်းများကို တွန့်ရုံပြုံးကာ စိုင်းနေရောင်အား စိုက်ကြည့်လျက်...
"တစ်နှစ်။ တစ်နှစ်ပါပဲ... သူလေးနဲ့ နေကြည့်ပါ။ တစ်နှစ်ပြည့်လို့မှ သားစိတ်မပြောင်းရင် ကွာရှင်းခွင့်ပေးမယ်။ ပြီးရင် သားစိတ်ကြိုက်လုပ်... ဖွားစောဘာမှ မစွက်ဖက်တော့ဘူး။"
ခေါင်းငုံ့ထားရာမှ စိုင်းနေရောင် မော့လာကာ...
"သူက အရုပ်လား။ ကုန်ဆုံးရက်ပါပြီးသား လက္ထပ္ပြဲကို... သူ့အပေါ် ကျွန်တော်တို့ မတရားလွန်းရာကျမနေဘူးလား ဖွားစော...။ တစ်နှစ်ထဲဆိုလည်း ဘာလို့ ဒီလိုမျိုးလုပ်နေရအုံးမှာလဲ..."
"ယုံလို့... အဲဒီတစ်နှစ်အတွင်းမှာ သားသူ့အပေါ် မေတ္တာသက်ဝင်မိသွားမယ်လို့ ယုံကြည်လို့။"
"ကျွန်တော် ဟန်နီ့အပေါ်မှာ သစ္စာရှိရှိချစ်တယ်။
နောက်ထပ် ဘယ်မိန်းခလေးကိုမှ_"
"ဟန်နီချို... သူကေရာ သားအပေါ်မှာ သစ္စာရှိမှာ သေချာလို့လား..."
"သေချာတယ် ကျွန်တော် ပြောနိုင်တယ်"
"ဒီလိုဆို...ဘာလို့ လက်မခံနိုင်ရမှာလဲ"
"ကျွန်တော် တစ်သက်မှာ တစ်ခါပဲ ချစ်ပြီးတော့ အဲ့တစ်ယောက်ကိုပဲ လက်ထပ်ချင်တယ်"
"နေနေ... ဖွားစော အသက်ကြီးပြီ။ မင်းကို မှန်ကန်တဲ့လူနဲ့ပဲတွေ့စေချင်တယ်... ဖွားစော ထွက်မသွားခင်စိတ်ချသွားချင်တယ်... ဖွားစောမရှိတော့တဲ့နောက်ပိုင်း... သီရိမေဟာ အမှန်ကန်ဆုံးမိန်းကလေးပဲ။ အဖွားပေးတဲ့ လက်ဆောင်ကို ကျေးဇူးပြုပြီး လက်ခံပေးပါကွယ်... တစ်နှစ်ပါပဲ"
အုပ်မိုးဆုပ်ကိုင်လာသည့် လက်များကို စိုင်းနေရောင်ငေးကြည့်နေမိသည်။ ဘာလုပ်ရမလဲ သူ မသိ။ သူ ဘယ်တုန်းက ဖွားစောကို လွန်ဆန်နိုင်ခဲ့လို့လဲ... ဖွားစောပြောသလိုပဲ ငြင်းမရ သူလုပ်ရမည်သိမေမယ့်... ဒီတစ်ခေါက်တော့ ချစ်ရသူအတွက် ဆန့်ကျင်လိုက်ချင်သည်။ လက်ဆောင်တဲ့... expiry dateပါတဲ့ လက္ထပ္ပြဲ။ ချစ်ရသူကို သစ္စာမဲ့ရမည့်အဖြစ်... အဲ့ဒီကောင်မလေးကို သူက ချစ်မိသွားဦးမယ်တဲ့... ဖွားစော ဘယ်တုန်းက ဟာသေတြ ပြောတတ်သွားရတာလဲ။
"ကျွန်တော် လက်မခံဘူး ဖွားစော"
လက်ကျန် အင်အားများနှင့် ငြင်းဆန်ဖို့ ကြိုးစားလိုက်ပေမယ့်...
"နောက်ဆုံးလက်နက်ကိုထုတ်သုံးရတော့မှာပေါ့ ဒီမွာ..."
ရှေ့သို့ထိုးပေးလာသည့် စာရွက်ကလေး... ဘာတွေလဲ။
"ဒါက..."
အသံတို့ တုန်ရီနေစွာ။အခြေနေသည်...
"ဦးနှောက်ထဲမှာ အကြိတ်ဖြစ်နေတယ်။ မကြာခင် ခွဲစိတ်ရင်တော့ အသက်ရှင်ဖို့ 50%။ ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်တာလဲ။ ဆေးရုံသွားရအောင် ဖွားစော"
ဖွားစောကို ဆုံးရှုံးရလို့ မျဖစ္ဘူး... ဘယ္လိုမွ မျဖစ္ဘူး။
စိုးထိတ်တုန်ရီစွာ ကြောက်လန့်စွာ... ဖွားစောလက်မောင်းကို ဆုံးရှုံးရမည်ကြောက်နေသည့်အလား ဖက်တွယ်လျက်...
"သွားရအောင်ပါ ဆေးရုံကို သွားကြရအောင်"
ဒူးထောက်ကာ ကုလားထိုင်ပေါ်က အဖြားအိုအား တောင်းဆိုနေပေမည့် တုတ်တုတ်မျှမလှုပ်...။
ထွက်မသွားရဘူး... ဖွားစောပါ သူ့ဘဝထဲက ထွက်သွားခဲ့ရင်...အတွေးနှင့်ပင် မျက်ရည်တို့စီးကျလာရသည်။ အဖွားအိုသည် ထိုမျက်ရည်များကို မျက်ကွယ်ပြုကာ ဘယ်ဆီရယ်မသိသော အဝေးတစ်နေရာကို ငေးလျက်...
"မင်းတို့ မင်္ဂလာဆောင်ပြီးမှ ခွဲစိတ်မယ်"
ဒါက ဖွားစောရဲ့ တောင်းဆိုချက်လား...
ရှိုက်သံတစ်ချက်ထွက်လာပြီးနောက်
"မျဖစ္မေန ဒီလို လုက်မှ ဖြစ်မှာလား"
ဖွားစော အသက်ရှင်ဖို့ဆိုလျင်...
တောက်ပသည့် မျက်လုံးများဖြင့် သူ့အားစိုက်ကြည့်လျက် ခေါင်းငြိမ့်လိုက်သည်။ ဖွားစော၏ က်လက္စ မျက်ရည်ပေါက်များက
စိုင်းနေရောင် လက်ပေါ်သို့လာစင်သည်။ သူ့ခေါင်းက အလိုလို လိုက်ငြိတ်မိသည်။
"ဖွားစော ခွဲစိတ်မှ ရမယ်နော်"
ဖွားစော အသက်ရှင်ရမည်ဆိုလျင်... လက်ထပ်တာပဲဖြစ်ဖြစ် ဘာပဲ ဖြစ်ဖြစ် လုပ်ရတာပေါ့...
"တစ်နှစ်ပဲနော်... တစ်နှစ်ပြည့်လို့ လမ်းခွဲပြီးရင် ကျွန်တော်ကြိုက်တာလုပ်မှာနော်"
ကလေးငယ်တစ်ဦး၏ ဟန်မျိုးဖြင့် ခေါင်းကို ထပ်ခါ ထပ်ခါငြိတ်ပြကာ မျက်ရည်များကြားက ဖွားစောပြုံးလျက် ။ တစ်နှစ်ပါပဲ... တစ်နှစ်ပြည့်ရင် သူနဲ့ ကိုယ်နဲ့ကြားမှာ ဘာကိစ္စမှမရှိတော့ပဲ... လမ်းခွဲကြမည်။ ဘာခက်တာမှတ်လို့...။

CZYTASZ
လမ်းခွဲကြပြီးနောက်
RomansZawGyi code is below. A young normal girl met an old lady and her life changed.