S2_3

7.5K 277 0
                                    

လမ်းခွဲကြပြီးနောက်(season 2)
Part3
Don't go...

လမ်းခွဲကြပြီးနောက်... လမ်းမှာတွေ့တဲ့အခါ ဖက်လှဲတကင်း နှုတ်မဆက်ချင်မှာမဟုတ်ဘူးလို့တော့ သိသည်။ ဒါပေမယ့်... မနေ့ကမှထွက်သွားတဲ့
ကောင်မလေးက ထိုကဲ့သို့ တံခါးပိတ်ကြိုဆိုလိမ့်မည်လို့လည်း သူမထင်ထားမိ။
"မင်းက တစ်မနက်ခင်းထဲနဲ့ စိမ်းကားတတ်ပြီပေါ့"
စိုင်းနေရောင် ကားပေါ်က ဆင်းကာ သံတံခါးကိုကြည့်တော့ သော့ခတ်ထားသည်။
ဒါဆို ထိုကောင်မလေး... အိမ်ကိုမပြန်ပဲ ဘယ်ကိုသွားတာလဲ...။ သူ့မှာ သွားစရာနေရာရှိလို့လား...
တတီတီလာနေသော ဖုန်းကို သူမဖြေအား။ ယခုချိန်တွင် ထိုခေါင်းမာသည့်ကောင်မလေးကိုသာ တွေ့ဖို့စိတ်က စေနေသည်မို့...
"Hello"
အသံက အနည်းငယ် ခက်ထန်နေလျက်...
"သား နေနေ...
သားက အလောတကြီးထွက်သွားတာကိုး...
ဒေါ်လေးပြောလိုက်တာ ကြားမသွားဘူးမလား။ မေလေးက သူ့အိမ်ကိုပြန်တာမဟုတ်ဘူးတဲ့ သူ့သူငယ်ချင်းလေ...ဆုမြတ်ဆိုတဲ့ ကောင်မလေးအိမ်မှာ အခုရောက်နေတာ။ အဲဒါ... လှည်းတန်းဘက်မှာ အိမ်နံပါတ်က___ အခုသွားပေးလိုက်နော် သမီးက_"
စိုင်းနေရောင် ဖုန်းပိတ်ကာ ကားကို မောင်းနှင်ခဲ့သည်က သူ့ဘဝ၏ အလင်းရောင်ရှိရာသို့...
"ငါမှားခဲ့ပါတယ်။ တောင်းပန်ဖို့အတွက် အခွင့်ရေးရှိတယ်မလား..."
နွေဦးမနက်ခင်းသည် ယနေ့မှ ပို၍ လှနေသလိုမျိုး...
ဆုတောင်းတွေ ပြည့်ခွင့်ပေးပါ မေ...
နာရီကြည့်လိုက်တော့ 9နာရီ ၂၀။

"ဘယ်သူနဲ့ တွေ့ချင်လို့လဲ"
ခြံတံခါးကို ဖွင့်မပေးသေးပဲ ရပ်နေသည့် အမျိုးသမီးက သူ့ကို ပေါ်တင်ပင် အကဲခတ်နေသည်မို့ နေရခက်နေလျက်။ အိပ်ယာထပြီးစ ဘာမှ မပြင်ဆင်ပဲ တီရှပ်အဖြူနှင့် ဂျင်းဘောင်းဘီတိုကိုသာ ဝတ်ထားပြီး အပြေးအလွှားထလာခဲ့ကာ ဆံပင်တိုများက ဖရိုဖရဲဖြင့်...
"ဆုမြတ်တို့အိမ်မလား... ကျွန်တော် သီရိမေနဲ့တွေ့ချင်လို့ပါ။ သူ ဒီမှာ ရှိတယ်ကြားလို့"

"နောက်ကျသွားပြီ ဦးစိုင်းနေရောင်"
အနည်းငယ်အက်ရှနေသောအသံသည် သူ့နောက်ကျောမှ...
"အဲ့ဒီ အရူးမက ထွက်သွားပြီ"
ငိုသံစွက်လျက် သူမ၏အသံ။
လှည့်ကြည့်မိသည့် ဆုမြတ်ဆိုသည် မိန်းခလေး၏ မျက်လုံးများသည် နီရဲနေသည်။ သူမဘေးက
"ခန့်ကျော်..."
သူကဘယ်လိုဖြစ်ပြီး...
"ဆရာ..."
ခန့်ကျော်က သူ့မျက်လုံးများကို ရင်မဆိုင်ရဲ၍လားမသိ ခေါင်းကိုငုံ့ထားသည်။
နေပါအုံး... ထွက်သွားပြီဆိုတာက...
"ဘယ်သူက ထွက်သွားတာလဲ။ သီရိမေကရော ဘယ်မှာလဲ မင်းအိမ်မှာဆိုလို့"
ခေါင်းငုံ့နေသည့် ဆုမြတ်က တိတ်ဆိတ်နေလျက်... တံခါးဖွင့်ဖို့လုပ်နေသည့် အမျိုးသမီးအား ကြည့်မိတော့လည်း မျက်လုံးများက ဝမ်းနည်းနေသည့်ဟန်... ဘာတွေလဲ။
"သီရိမေကရော... ဘယ်မှာလဲလို့"
ခြံထဲက အမျိုးသမီးက တံခါးကို တွန်းဖွင့်လိုက်သည်။
"သီရိမေက ထွက်သွားပြီလို့ Ukကို ထွက်သွားပြီလို့"
"ဂျွီး...."
တံခါးဖွင့်သံနှင့်အတူ သူမ၏ ရှိုက်သံတစ်ဝက် အသံက စူးလျက်... မျက်ရည်တို့ စီးကျလာသည်ကို သူမြင်လိုက်ရသည်။ သို့သော် သူမယုံချင်...
"ဘာရယ်..."
မဟုတ်ဘူးမလား...။
"သီရိမေ အဲ့ဒီအရူးမ..."
ခေါင်းမော့လာခြင်းနှင့်အတူ ရှိုက်သံက ပို၍ ပီသလာလျက်။ သူမ ငိုနေသည်။
"ကျွန်မကို ထားပြီး ထွက်သွားပြီ သိရဲ့လား အဲဒါ ရှင့်ကြောင့်မလို့သိလား။ သူချစ်တဲ့ အိမ်နဲ့ဆိုင်... ပြီးတော့ ကလေးတွေ... အားလုံးထားပြီး ထွက်သွားပြီ။ အဲဒါတွေအားလုံးက ခင်ဗျားကြောင့်..."
သူ့ကြောင့်တဲ့လား...
သူ့ဆီသို့ ဦးတည်လာသည့် ဆုမြတ်ကို သူမရှောင်မိ။ သူမက စိုင်းနေရောင်ကို ရိုက်ပုတ်သည်။ ထုနက်သည်။
အဲဒီအဝေးကြီးကို ထွက်သွားတယ်ဆိုတာ...
"ဆုမြတ် တော်တော့"
ခန့်ကျော်က သူ့အားရိုက်နှက်နေသည့် သီရိမေ၏ သူငယ်ချင်းလေးကို လက်တွေချုပ်ပြီးတားတော့
"ဘာလဲ ငါက နင့်ဆရာကိုရိုက်လို့ နင့်ကိုအလုပ်ဖြုတ်မှာစိုးလို့လား။ ထွက်လိုက် သူ့လို အကြင်နာတရားမရှိတဲ့လူနားမှာ နင်ရှိစရာမလိုဘူး။ သူက ငါလုပ်တာထက် ပိုတန်တယ်။ ငါရိုက်တာ သူ့အသားပဲနာမှာပေါ့... ငါ့ရင်ထဲမှာလေ သိလား ငါ့ရင်ထဲမှာ အဆအများကြီး ပိုနာတယ် သိရဲ့လား..."
ထိုညိုစိမ့်စိမ့်ကောင်မလေးက စိုင်းနေရောင်ကို မျက်လုံးစူးကြီးများဖြင့် ကြည့်လျက်...
ကျွန်တော်ကရော မနာဘူးထင်လို့လား... ဒီရင်ဘက် အနက်ဆုံးအထိ ကျွန်တော်နာနေတယ်။ ခင်ဗျားပြောသလိုမျိုးပေါ့ ကျွန်တော်နဲ့ တန်ရာ ဒဏ်ရာ...
"ဆုမြတ် အိမ်ထဲဝင်တော့ လာလာ"
ခြံထဲက အမျိုးသမီးကြီးက ရှိုက်ကြီးတငင်ငိုနေသည့် ဆုမြတ်ကို အိမ်ထဲသို့ ဆွဲခေါ်သွားသည်။ ခန့်ကျော်က သူမတို့နောက်သို့လိုက်ဝင်ကာ ခြံတံခါးကို ဆွဲပိတ်လိုက်သည်။
"ဂျိုင်း..." ခနဲ့အသံက ကျယ်လောင်စွာ။
စိုင်းနေရောင်က နောက်ကျောသုံးခုကို ငေးနေရင်းမှ သူ့လက်ထဲက အပြာရောင်စာအုပ်ကလေးဆီသို့...
"မင်းပြောတော့ အရေးကြီးတယ်ဆို... အရေးကြီးတယ်ပြောပြီး စောင့်မသွားနိုင်ရလောက်အောင်ကို... မင်းက ထွက်သွားချင်ခဲ့တာလား... သီရိမေ..."
လေတစ်ချက်ဝေ့လိုက်တော့ ခြံရှေ့က ယူကလစ်ပင်မှ အရွက်ခြောက်များက တဖွဲဖွဲ... တစ်ချို့ ရွက်ကြွေများက သူ့ပေါ်ကို ဖြတ်ကျော်သွားသည်။ တစ်ချို့က သူ့မျက်နှာကို ထိခတ်သွားကြသည်။ လောကတစ်ခုလုံးသည် သူ့ခက်ခဲစွာရှူနေရသည့် အသက်ရှူသံမှ လွဲ၍ အရာအလုံး တိတ်ဆိတ်သွားသယောင်...
"နောက်ဆုံးတော့... မင်းလည်း ငါ့အနားက ထွက်သွားတာပဲပေါ့... ဟိုးအဝေးကြီးဆီကို"

လမ်းခွဲကြပြီးနောက်حيث تعيش القصص. اكتشف الآن