လမ်းခွဲကြပြီးနောက်(season 2)
Part 17
We should keep our virtues forever."ဝါး... ရှမ်းခေါက်ဆွဲ... ချီချီတို့အမေက အကောင်းဆုံးပဲ"
ချီချီက တူကိုကြိုးစားကိုင်ရင်း ခေါက်ဆွဲကိုစားတော့ သီရိမေပြုံးကြည့်မိသည်။ အမွှာနှစ်ယောက်စလုံးက ပါရီမှာတုန်းက ရှားရှားပါးပါးလုပ်ကျွေးဖူးတဲ့ ရှမ်းခေါက်ဆွဲကို သိပ်ကြိုက်ကြတာမို့ မြန်မာပြည်ပြန်ရောက်ကတည်းက လုပ်ကျွေးဖို့ခဏခဏပူဆာနေခဲ့ကြသည်။ စိတ်မအားလူမအားနှင့် လုပ်မပေးဖြစ်ခဲ့တာ... ဒီနေ့မှ...။
"ကိုယ်ရော ဝင်စားလို့ရတယ်မလား"
"ဟာ... ဦးဦး"
နှစ်ယောက်စလုံး ပြိုင်တူအော်ကာ ပြေးဖက်ကြတော့ သူမ သက်ပြင်းတိုးတိုးလေးချမိသည်။
"ဧည့်သည်ဆိုတာက ဦးဦးလား... ညက ချီချီတို့ဆီလာအိပ်တာလား... ဦးဦးကို လွမ်းနေတာ..."
စိုင်းနေရောင်ကလေးနှစ်ယောက်စလုံးပါးကို မွှေးကြူလိုက်ပြီးမှ...
"ဦးဦးကလည်း မီးလေးတို့ကို လွမ်းနေတာပါဗျာ..."
ပြောရင်း သူမဆီလှမ်းကြည့်လာတော့ သူမက ကြည့်နေရင်းက မျက်နှာလွှဲသွားသည်။
"သွားတိုက်တံအသစ်နဲ့မျက်နှာသုတ်ပဝါအသစ်အတွက် ကျေးဇူးနော်..."
သီရိမေ နှုတ်ဆိတ်လျက်...
"မေမေ... မေမေ... ဦးဦးနဲ့... မနက်စာအတူစားလို့ရတယ်မလား ဟင်"
"အင်း..."
ခေါင်းကိုအသာငြိမ့်လိုက်ပြီး အသင့်ပြင်ပြီးသား ပန်းကန်ကို သူ့ရှေ့ထိုးပေးလိုက်သည်။
" မစားရတာကြာပြီ... ဒီလက်ရာလေးကိုလွမ်းနေခဲ့တာ..."
သူမက မျက်စောင်းလေးမသိမသာထိုးရင်း ထသွားမယ်လုပ်တော့
"မင်းရောမစားဘူးလား..."
"နောက်ပြီးမှ စားမယ်"
ပြောရင်း မီးဖိုခန်းဘက်ဝင်တော့ ထလာပြီး လိုက်ဆွဲသည်။
"တူတူစားရအောင်..."
သူမလက်ကို ဆွဲထားတာမို့ ဖြုတ်ချလိုက်ရင်း ကလေးတွေဆီ လှမ်းကြည့်တော့... အမွှာလေးတွေကလည်း သူတို့ကို ငေးလို့...
"ဘယ်လိုဖြစ်နေတာလဲ... ပြီးကျ စားမယ်လို့ပြောနေတာကို... ကော်ဖီဖျော်ထားတာတွေသွားယူမလို့"
နှုတ်ခမ်းဖူးဖူးကလေးက မရယ်မပြုံး...။သီရိမေ ကော်ဖီဗန်းသယ်ပြီးထွက်လာတော့ သုံးယောက်သားက တူတွေဖြင့် အလုပ်ရှုပ်နေကြသည်။
"ဒီလိုကွာ... ဟောဒီနေရာကနေ ကိုင်... ဒီလက်နှစ်ချောင်းကြားထဲကို... ညှပ်လိုက် ဒီမှာ..."
"ရသွားပြီ..."
ချီချီက တူနဲ့ခေါက်ဆွဲကော်ပြတော့ စိုင်းနေရောင်က ရယ်လျက်...
"သားလည်းရပြီ ဒီမှာကြည့်..."
"စားတာကိုပြီးအောင်စားကြမယ်နော် မဆော့ကြနဲ့..."
ကော်ဖီဗန်းကို စားပွဲပေါ်ချလိုက်တော့ အမွှာနှစ်ယောက်က သွားစေ့ပြကာ ခေါက်ဆွဲပန်းကန်ကို ငုံ့စားကြတော့သည်။
" ဒါက ချီချီအတွက်"
နွားနို့ခွက်ကို ချီချီ့ရှေ့မှာချလိုက်ပြီး ဟောလစ်ခွက် လင်းလင်းရှေ့ချလျက်...
"လင်းလင်းဖို့... ဒါက"
ကျန်တဲ့ခေါ်ဖီနှစ်ခွက်ထဲက တစ်ခွက်ကို စိုင်းနေရောင်ရှေ့ချပေးပြီးမှ သူမစားပွဲမှာ ထိုင်ရသည်။
"မေမေ... နွားနို့မသောက်ရလို့... သားအရပ်မရှည်ရင် ဘယ်လိုလုပ်ရမလဲ..."
ဟောလစ်ခွက်ကိုငေးရင်း မျက်နှာငယ်လေးနဲ့မေးတော့ သီရိမေ စိတ်မကောင်းစွာ...
"ဟောလစ်ကလည်း အရပ်ရှည်မှာပါ သားရဲ့...
သားမှ နွားနို့နဲ့ဓာတ်မတည့်တာ..."
ထိုစကားကြားတော့ စိုင်းနေရောင် ဆတ်ခနဲ့မော့ကြည့်လာသည်။
"သားကရော နွားနို့အလာ့ဂျစ်ရှိတာလား"
"ဟုတ်..."
"ဖေဖေလည်း နွားနို့အလာ့ဂျစ်ရှိလို့ ငယ်ငယ်ကတည်းက နွားနို့မသောက်ခဲ့ရဘူး... ဒါပေမယ့် အခုကြည့် ဖေဖေ့အရပ်အရှည်ကြီးပဲ... ၆ပေရှိတယ်"
"ဟင်... ဖေဖေ... ဦးက သားတို့ဖေဖေလား..."
ခေါင်းဆွဲပန်းကန်ထဲခေါင်းစိုက်လုနီးပါး ငုံ့စားနေတဲ့ သမီးငယ်ကပါ မျက်လုံးအဝိုင်းသားဖြင့်...
"ဟုတ်လား... ဦးဦးက ချီချီတို့ ဖေဖေလား... ဟုတ်လား ဟင် မေမေ..."
"ဦးစိုင်းနေရောင်... ခင်ဗျား...."
"ဘာလဲ... နောက်ကျလည်း သိသွားကြမှာကို... ဘာလို့မပြောပဲထားမှာလဲ..."
ပြုံးစိစိဖြင့် သူမမျက်နှာလေးကို စီးမိုးကြည့်နေသည့် သူ...
သူမမျက်နှာက ဒေါသဖြင့် ရဲတွတ်နေသလောက် အမွှာလေးနှစ်ယောက်က ရွှင်မြူးလျက်...
"ချီချီသိတယ် ဦးဦးက ချီတို့ဖေဖေဖြစ်နေမယ်ဆိုတာ... သိနေတယ်... ညတိုင်း ချီတို့ရဲ့အဖေက ဦးဦးဖြစ်ဖို့ ဆုတောင်းနေခဲ့တာ..."
စူးစူးရှရှသူမလေးအသံကြောင့် စိုင်းနေရောင် ပြုံးနေလျက်...
"မေမေ... တကယ်ပဲလား... သားတို့ဖေဖေတကယ်ပဲလား..."
မျက်ရည်စတို့ဝေ့သီးနေတာကို မမြင်စေခြင်းငှါ သူမ မျက်နှာကို လွှဲလိုက်ရင်း...
"အင်း..."
ထပ်ပြီးထိန်းထားနိုင်စွမ်းမရှိတော့တာကြောင့် ထထွက်သွားမိသည်။
"မေမေက ဖေ့ဖေ့ကို စိတ်ဆိုးနေတာ...အဲဒါကြောင့်မို့ မေမေက သားတို့ကိုပြောမပြတာ စိတ်မဆိုးဘူးမလား"
စိုင်းနေရောင် လင်းလင်းလေးကို ဒူးထောက်ထိုင်ကာ မေးတော့ ကလေးငယ်က ခေါင်းကို ခါရမ်းလျက်...
"ဟင့်အင်... သားက အံ့ဩသွားရုံလေးပါ..."
"လိမ္မာတယ်... ဖေဖေ သားတို့မေမေကို လိုက်ချော့လိုက်အုံးမယ်နော်...မနက်စာ ပြီးအောင် စားထားကြ နော်"
ချိုအီနေသည့်အပြုံးများဖြင့် သူမလေးထွက်သွားရာ သူအပြေးကလေးလိုက်ခဲ့မိသည်။
ခလေးရဲ့ ဘာလို့အချိန်တွေထပ်ဆွဲနေရအုံးမှာလဲ...
"ပြန်တော့..."
နောက်ကျောပေးထားရာမှ ခပ်ဆတ်ဆတ်ဆိုတော့ စိုင်းနေရောင် သူမကို သူ့ဘက်ဆွဲလှည့်လိုက်သည်။ မျက်ဝန်းမှာ မျက်ရည်စတို့နှင့်...
"ကိုကိုက ဘာလို့ပြန်ရမှာလဲ... ကိုကို့မိသားစုက ဒီမှာရှိနေတာ... ဒါကိုကို့အိမ်ပဲ"
"အဲ့လိုကြီးပဲ လုပ်နေတော့မှာလား... ကျွန်မတို့က ကွာရှင်းကြပြီးသားလေ။ ဘာလို့အခုလိုမလုပ်ချင်တဲ့အကြောင်းပြချက်တွေလည်း သိပြီးပြီမလား...။ ခလေးတွေကို စိတ်ဒဏ်ရာတွေနဲ့မကြီးပြင်းစေချင်ဘူး ပြီးတော့..."
စကားတွေဆက်ဖို့ ခွန်အားမဲ့လျက်...
"မဟုတ်သေးဘူးလေ ချာတိတ်ရာ... ခလေးတွေဒီပုံစံနဲ့မှ စိတ်ဒဏ်ရာရကြမှာ...။ သူတို့လေးတွေ ဘယ်လောက်ထိ အဖေကိုမျှော်လင့်နေကြလဲ... ချာတိတ်မသိဘူးမလား။ ခလေးတွေက အရွယ်နဲ့မလိုက်သိတတ်လွန်းကြတယ်... လင်းလင်းလေးဆိုရင် လူကြီးလေးလိုပဲ...။ သူတို့အမေ ဝမ်းနည်းမှာဆိုးလို့... သူတို့လိုအပ်ချက်ကို ထုတ်မပြောကြဘူး။ ကိုကို တောင်းပန်တယ် ချာတိတ်ရယ်... ကြိုမသိခဲ့တဲ့အတွက် မရိပ်မိခဲ့တဲ့အတွက်... ခွင့်မလွှတ်နိုင်ဘူးဆိုရင်တောင် ဒီလိုကြီးတော့မနှင်နဲ့ဗျ...။ အလိုလိုက်ပြီး စိတ်ချမ်းသာသလိုနေခွင့်ပြုထားတာကို ဒီမှာတင်ရပ်လိုက်ပြီး ကိုယ်အတင်းအကြပ် လုပ်ယူရမယ်ဆိုလည်း လုပ်မှာနော်။ သားသားရော မီးမီးရော အကုန် ကိုယ့်ဘက်မှာရှိတယ်နော်..."
ငုံ့ထားတဲ့ခေါင်းလေးကို မေးဖျားလေးကနေဆွဲမော့လိုက်တော့မှ ရှိုက်သံလေးနဲ့ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်နဲ့ သီရိမေ...။
သူသိသလောက် သီရိမေဆိုတာက မျက်နှာထားခပ်တင်းတင်းလေးနဲ့ သူ့မရှိတဲ့အရပ်မှာ ရယ်နေတတ်တဲ့ ပျော်ရွှင်နေတဲ့ ပန်းကလေး... ဘယ်အချိန်ကစ အခုလို အားငယ်ခြင်းတွေနဲ့ ငိုတတ်သွားရတာလဲ...
မျက်ရည်တွေကို ဖိသုတ်ပေးလိုက်ရင်း...
"ကိုကို ကတိပေးတယ်။ ချာတိတ်ကို နောက်ထပ် မျက်ရည်မကျစိတ်ချမ်းသာအောင်ထားပါ့မယ်... စိတ်ဆင်းရဲရခြင်းတစ်စိမရှိ စောင့်ရှောက်ပါ့မယ်။ သားသားလေးလေးနဲ့ မီးမီးလေးအတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပါ့မယ်။
ဟောဒီက သီရိမေက ရေဆိုရေ... နေဆိုရင် နေ... စေလိုရာစေ...။ ကျွန်တော်က ဖြည့်ဆည်းပေးပါ့မယ်... နော်။ ကိုကို့ကို... မင်း... ခွင့်လွတ်ပေးနိုင်မလား"
စိုင်းနေရောင် သူမမျက်နှာသေးသေးလေးကို ကိုင်ထားတာမို့ မျက်ရည်ဥများကြားက သူမက သူ့ကိုမော့ကြည့်နေသည်။
"မနက်စာ စားပြီးရင် ပြန်တော့။ ကုမ္ပဏီသွားရအုံးမှာ"
သူ့လက်ထဲက ရုန်းထွက်ကာ သီရိမေ အိမ်ထဲသို့ ပြန်ဝင်လာခဲ့တော့သည်။
ဘာလုပ်ရမလဲ... သူမကိုယ်တိုင်လည်း မသိတော့...။
………
"မေမေက ဖေဖေနဲ့ စိတ်ဆိုးနေလို့ ချီချီတို့ကို လိမ်ထားခဲ့တာပေါ့... မေမေ မတရားဘူး"
ဘယ်ဟာက တရား၏ ဘယ်ဟာက မတရား၏ဆိုပြီး သူမပြုပြင်ဆုံးမခဲ့ရတဲ့ခလေးက အခုပြန်ပြီး တရားတွေပြနေတော့... တကယ်ပဲသူမလုပ်နေတာတွေ တရားရဲ့လား သံသယတွေဝင်လာခဲ့ရသည်။ အဖေမှန်းသိကတည်းက တွယ်ကပ်နေတဲ့ ချီချီလေးက ပြန်ခါနီးတော့ ပိုကပ်ကာချွဲပြနေခဲ့သည်။ သူမပေးသမျှမေတ္တာတွေနဲ့ သူတို့လေးတို့ လုံလောက်ပြီ ထင်နေခဲ့တာ မမှန်ခဲ့ဘူးပေါ့... သီရိမေ သတို့သမီးဝတ်စုံတစ်ထည်ကို စီးကွင့်ထိုးရင်း သက်ပြင်းကို အခါခါချနေမိတော့သည်။
"မေလေး... မေလေး...
"သီရိမေ... မွန်မွန်ခေါ်နေတယ်လေ..."
"ဟင်... ဟင်... မွန်မွန် ဘာဖြစ်လို့လဲ ပြောပြော"
အလန့်တကြားထူးတော့ မွန်မွန်က သူမကိုစိုက်ကြည့်လျက်...
"မေလေး ဟိုရက်တွေကလည်း ပင်ပန်းထားတာ။ မနေ့ကလည်း ပွဲမှာပင်ပန်းထားတာကို နားတာမဟုတ်ဘူး...အဲ့စီးကွင့်က မွန်မွန်ထိုးလို့ရတယ်"
"ရတယ် မွန်မွန်ရဲ့... မေလေးက ဒီလောက်ပင်ပန်းတာတော့ ခံနိုင်တယ်"
"ခံနိုင်တယ်သာပြောနေတာ... မျက်တွင်းတွေလည်းကျလို့...။ စိတ်ညစ်စရာတွေ အလုပ်တွေခဏချပြီး တစ်ရက်လောက်အနားယူလိုက်"
သီရိမေ ဘာမှပြန်မပြောမိ...
"နောက်ဆို မွန်မွန်တို့အလုပ်ရှုပ်တော့မှာ သိလား...
မေလေးအားမွေးထား ကျန်းမာနေမှဖြစ်မှာ။ ဒီလိုလေ
ဆုမြတ်တို့ မင်္ဂလာပွဲကပုံတွေကို ဆုမြတ်ကလဲ သူ့facebookမှာတင်လိုက်တယ်လေ။ ကုမ္ပဏီofficial pageကလည်း သူတို့ဝန်ထမ်းမင်္ဂလာပွဲဆိုတော့ တင်ပေးတာ... အဲ့ဒါ ဝတ်စုံကို တော်တော်များများ သဘောကြနေကြတယ်။ အခုမှတစ်ရက်ရှိသေးတယ် ဆိုင်ကို ဖုန်းတဂွမ်ဂွမ်လာနေပြီ... cusတွေလည်းများလာပြီ။ စောနကလည်း phလာတယ်။ fashion showကို စိတ်ဝင်စားလားတဲ့... မွန်မွန် မငြင်းလိုက်သေးဘူး"
"ဟင် ဟုတ်လား... မမွန်... လက်မခံလိုက်နဲ့နော် မေလေးက showတွေ စိတ်မဝင်စားဘူး။ ပြီးတော့ နာမည်ရသေးတဲ့သူလည်းမဟုတ်ဘူး..."
"ခက်ပါ့... မေလေးရယ်။ နာမည်မကြီးသေးလို့ Fashion showနဲ့ ကိုယ့်ပညာကိုချပြရမှာပေါ့... မေလေး ဘာမှ နားမလည်သေးပါလား..."
"အာ့တွေက ထားလိုက်ပါအုံး... အခုတောင် အထည်တွေပုံလို့ စိတ်ညစ်နေတာ.... ဆုမြတ်ရေ honeymoon ကနေ မြန်မြန်ပြန်ခဲ့တော့..."
စိတ်ပျက်လက်ပျက် သီရိမေက ညည်းတော့ မွန်မွန်က ရယ်လေတော့သည်။
"ဒီချိန် မသိမ့်ရှိရင်ကောင်းမှာ အရင်လိုသိုက်သိုက်ဝိုင်းဝိုင်းနဲ့ တပျော်တပါးစက်ချုပ်ရတဲ့အချိန်တွေကို လွမ်းလိုက်တာ... နော်"
ဟုတ်ပါ့... အရင်လို အပူအပင်မရှိတဲ့ ငယ်ရွယ်ခဲ့တဲ့အချိန်တွေ...။
………
"သီရိမေ ရှိလားခင်ဗျ..."
ဥာဏ်လင်းက ဆိုင်ခန်းထဲမျက်စိဝေ့ဝဲကြည့်ကာ မေးတော့...
"ဘာကိစ္စရှိလို့လဲ..."
မွန်မွန်က မျက်နှာထားခပ်တင်းတင်းလေးနဲ့ ပြန်မေးသည်။
"သီရိမေနဲ့ တွေ့ချင်လို့ပါ..."
"ဘာကိစ္စတွေ့ချင်တာလဲလို့..."
"ဟောဗျာ... ကျွန်တော်က ဘာကြောင့်တွေ့ချင်တယ်ဆိုတာကို မင်းကို သံတော်ဦးတင်ရအုံးမှာလား ခင်ဗျားက ဘယ်သူမို့လဲ"
ဆိုတော့... မွန်မွန်မျက်စောင်းက ဥာဏ်လင်းဆီဒိုင်းခနဲ့...။ အဲ့ဒီလူဘယ်သူလဲ မွန်မွန်သိသည်။ ကိုစိုင်းနေရောင်၏ သူငယ်ချင်း...။ လူပုံက သူ့ကိုယ်သူ ဘဝင်လေဟပ်နေဟန်...။ ထိုသူငယ်ချင်းနှစ်ယောက် မေလေးကို ဒုက္ခပေးတာများလှပြီ...။ အထူးသဖြင့်... သူ့ရှေ့က အဲဒီလူကို ဟိုနေ့ ကတည်းက အမြင်ကပ်လွန်းလို့...
"ဟေ့... မင်း... ဟိုနေ့က မင်္ဂလာဆောင်မှာ ငါ့အင်္ကျီကို ကိတ်မုန့်တွေနဲ့ ပေအောင်လုပ်တဲ့ သတို့သမီးအရံလေး..."
"ဘာကိစ္စ မေလေးနဲ့တွေ့ချင်တာလဲ... မေလေးကို ဘာဒုက္ခလာပေးတာလဲပြော... ပြန်တော့ ဟေ့လူကြီး"
"မွန်မွန်... ဘယ်သူလဲ။ ဧည့်သည်ရောက်နေတာလား..."
နောက်ခန်းထဲကနေ သီရိမေကော်ဖီခွက်ကိုင်ပြီး ထွက်လာမှ သူအားတက်စွာ...
"အကိုပါ... သီရိမေ... ကိုဥာဏ်လင်းရယ်။ ဟောဒီမှာ စွာတေးမတစ်ယောက်က ကိုယ့်ကိုနှင်ထုတ်နေလို့"
"မေလေးသိလား... အဲ့လူတွေက သူများဆိုင်ကို လာလာရှုပ်နေကြတာ အားနေကြတာလားမသိဘူး။ အလုပ်မရှိအကိုင်မရှိတွေ ထင်တယ်"
သီရိမေ ကော်ဖီခွက်ကို စားပွဲပေါ်ချကာ ရယ်လိုက်မိသည်။
"ဟုတ်ပါ့နော်... အားနေကြတယ် ထင်ပါတယ်"
သွားလေးစိကာ ရယ်ကျဲကျဲဆိုတော့ မွန်မွန်က သူမကို ငေးလို့...။
သီရိမေဆိုတာက ရယ်နေရင် တကယ်လှသော...
"ကိုယ့်ကို ကတိပေးထားတာနော်... နောက်နေ့ကျရင် နားထောင်ပါ့မယ်လို့"
"ဟုတ်... နားမထောင်ဘူးပြောနေလို့လား။ သူတို့ဘာ သတ်နေကြပြီးတော့..."
………
ကမ်းပေးလာတဲ့ ကော်ဖီခွက်ကို ယူကာ သောက်လိုက်သည်။
"ကော်ဖီက တကယ်သောက်လို့ကောင်းတယ်"
"ဟုတ်..."
ဆြိင်ထဲမှာ မပြောချင်တာမို့ အေးဆေးရာ ဥယျာဉ်ငယ်လေးဆီခေါ်လာခဲ့တော့ ဥာဏ်လင်းက သစ်ပင်ပန်းပင်တွေ လျောက်ကြည့်နေသည်။
"သစ်ခွပန်းတွေစုံတယ်နော် လှလည်းလှတယ်"
"အဲဒါ မွန်မွန်စိုက်ထားတာ... လူလိုပဲ ပန်းတွေကလည်း လှတယ်နော်"
ရဲကျဲကျဲနဲ့စတော့ ဥာဏ်လင်းက သူ့ကို မျက်မှောင်ကုပ်ကာ လှမ်းကြည့်သည်။
"ဒီကလေးမ အူမြူးနေတယ်ပေါ့"
"အဲ့လိုမျိုး မစရတာ တော်တော်ကြာပြီ... အရင်ကဆို ဒီဆိုင်မှာလေ ဆုမြတ်ရယ် မသိမ့်ရယ် မွန်မွန်ရယ်နဲ့ ရယ်လိုက်မောလိုက် စလိုက်နောက်လိုက်နဲ့... စက်ချုပ်ရတာ ပျော်စရာကောင်းတယ်။ အခုတော့..."
"ဘဝတွေက အမြဲပြောင်းလဲနေတာ ငါ့ညီမရဲ့..."
"ဘယ်အရာမှ ဖမ်းဆုပ်ထားလို့မရဘူး...။ ပျော်ရွှင်စရာ ဝမ်းနည်းစရာ အားလုံးဟာ လေထဲက ဖုန်မှုန့်တွေလိုပဲ...။ တည်မြဲတဲ့အရာတွေမဟုတ်ဘူးပေါ့...။ အဲဒီအတွက် ဘယ်သူ့ကိုမှလည်း အပြစ်တင်မရတာကို မေသိမှာပါ။
ရေရှည်ခံတဲ့ ပျော်ရွှင်မှုမျိုးကတော့ ကိုယ့်ရင်တွင်းမှာပဲ ရှိတယ်။ ကိုယ်က ကျေနပ်တတ်ရင်ပျော်စရာပဲ။ အခုဖြစ်နေတဲ့အခြေနေကို မကျေမနပ်ဖြစ်နေရင်တော့ ဘယ်တော့မှ ပျော်ရမှာမဟုတ်ဘူး...။ မေကို အကို့က ပျော်ရွှင်တတ်တဲ့ကောင်မလေး... စိတ်သဘောထားပြည့်ဝပြီး လောကကို ကိုယ့်ကောင်းခြင်းတွေနဲ့ လှအောင်လုပ်နေတဲ့ကောင်မလေးလို့ သိထားတာ"
"ဟုတ်... မေနားလည်ပါတယ်။ မေလေးရဲ့ ကောင်းခြင်းတွေကို ဆက်ထိန်းထားပါတယ်။ ဒါနဲ့လေ... ပြောပြချင်တဲ့ ဦးစိုင်းနေရောင်အကြောင်းဆိုတာက..."
"ဟုတ်ပြီ...ဟုတ်ပြီ... သူ့အကြောင်းဆိုတာထက်... သူ့သဘောထားကိုပါ... မေ သိရဲ့လား...။ ဟန်နီချို ကွာရှင်းပြီးသွားတဲ့အကြောင်း"
"ဟင်... မမဟန်နီက..."
"ဟုတ်တယ်... ဟန်နီချိုက လက်ထပ်ပြီး၂နှစ်လောက်က ကွာရှင်းပြီး... ကိုနေ့ဆီကို ပြန်လာဖို့ကြိုးစားခဲ့တာကို ငါ့ညီမသိလား"
ဥာဏ်လင်းက ကော်ဖီငုံလိုက်သည်။ ပြီးမှ...
"ကိုနေက လက်မခံခဲ့ဘူး။ မေပြန်လာမှာပါဆိုတဲ့ယုံကြည်ချက်နဲ့ မေ့ကိုပဲစောင့်နေခဲ့တာကိုရော... မေသိရဲ့လား..."
ESTÁS LEYENDO
လမ်းခွဲကြပြီးနောက်
RomanceZawGyi code is below. A young normal girl met an old lady and her life changed.