S2_11

7K 266 0
                                    

လမ်းခွဲကြပြီးနောက် (season 2)
Part 11
I still belong you.

"နေနေ... ခုတလော ပျော်နေသလိုပဲ"
လှေကားထိပ်ရောက်မှ ဒေါ်လေးနွဲ့၏ အမေးကြောင့် အောက်ကို ငုံ့ကြည့်လိုက်သည်။
စိုင်းနေရောင်ကို အပြုံးများနှင့် တွဲမြင်ရခြင်းက ထိုကဲ့သို့ ထူးဆန်းစွာ...။ ကုပ္မဏီမှာလည်း ထိုအကြောင်းကိုပဲပြောနေကြတာ သူမကြားချင်မှအဆုံး။  ဘယ်အချိန်ကစ... ဒီလိုမျိုး...
"သီရိမေ ပြန်ရောက်နေတယ်"
သူ့ပျော်ရွှင်မှု စိတ်အခြေနေတွေက သူမလေးနှင့် သက်ဆိုင်သွားရတာလဲ...။
"ဘယ်သူ..."
စိုင်းနေရောင် လှေကားထစ်များကို ခုံကျော်ကာ အောက်သို့ ပြန်ဆင်းလာပြီးမှ...
"ဒေါ်လေးရဲ့ မေလေး ပြန်ရောက်နေပြီလို့"
စိုင်းနေရောင်၏ မြူးတူးနေပုံက ကလေးတစ်ယောက်လို...
"တကယ်... ဘယ်မှာလဲ... ဘယ်တုန်းကလဲ... နေကောင်းရဲ့လား... အဆင်ပြေတယ်တဲ့လား"
ဆက်တိုက်မေးခွန်းများကို မဖြေသေးပဲ စိုင်းနေရောင် ပြုံးလိုက်သည်။
"ဖြေးဖြေးမေးပါ ဒေါ်လေးရ... အဆင်ပြေပါတယ် နေလည်းကောင်းတယ်... ပြန်ရောက်တာကတော့ တစ်ပတ်ကျော်ပြီ..."

"ဘယ်သူ ပြန်ရောက်နေတာလဲ..."
"ဖွားစော..."
ဖွားစောက အောက်ထပ်သို့ ဖြေးဖြေးချင်း ဆင်းလာခဲ့ပြီး သူတို့ကပ်နေရာသို့ လျောက်လာသည်။ ဘုရားစူး အသက်၇၀ကျော်အဖွားအိုတဲ့...ယခုချိန်ထိ ထူထူထောင်ထောင် ပေါ့ပေါ့ပါးပါးနှင့် နားပါးဆဲ...
" မေလေး ပြန်ရောက်ပြီတဲ့ မေမေစော"
ဒေါ်နွဲ့ရီက ဖွားစောလက်များကို တုန်ရီစွာ ဆုပ်ကိုင်ရင်း မျက်ရည် ဝေ့လျက် ဆိုသည်။
"မေလေး... ဘယ်သူလဲ နွဲ့ရီ"
"ဖွားစောကလည်း... သီရိမေလေ... ဖွားစောကို ဆေးရုံပို့ပေးခဲ့တဲ့ ကောင်မလေးလေဗျာ... ဖွားစောချစ်လွန်းလို့ ကျွန်တော်နဲ့ လက်ထပ်ပေးခဲ့တဲ့ ကျွန်တော့် မိန်းမလေ...ဗျာ"
"ငါသိပါပြီဟဲ့... အံမလေး ဂုဏ်ပုဒ်တွေကလည်း များလိုက်တာ။ ငါ့မြေးမလေးကို ငါမမှတ်မိစရာလား..."
ဒေါ်စောနန်းခင်ဦးက မြေးဖြစ်သူ မျက်နှာကို မော့ကြည့်တော့... မျက်နှာမှာ အပြုံးတို့ ဝေနေလျက်...
"သိပ်ပျော်နေတာလား... နေနေ"
"သိသာနေလား..."
ရယ်ကျဲကျဲဆိုလာလေတော့ ဖွားစောသည်သာမက ဒေါ်နွဲ့ရီပါ လိုက်ရယ်မိကြရင်း...
"အိမ်ကို ခေါ်ခဲ့လေကွယ်..."
"ဒေါ်လေးသိရက်နဲ့... အဲ့ဒီမာနခဲလေးက ကျွန်တော်ခေါ်လို့ရမတဲ့လား... အဲဒါ ဒေါ်လေးနဲ့ဖွားစောတို့ ခေါ်ပေးကြ"
"အံမယ်... ကိုယ့်မိန်းမကို ကိုယ့်ဘာသာ ခေါ်ပါလား"
"ဘာလဲ... ဖွားစောတို့က မတွေ့ချင်ဘူးလား... ရတယ်နော် ကျွန်တော့်တစ်ယောက်ထဲ နေ့တိုင်းသူ့ဆိုင်ကို သွားကြည့်နေတော့မယ်... ဖွားစောတို့က မျှမပေးတော့ဘူး"
ပြောရင်းဆိုရင်း အိမ်ပေါ်ထပ်ကို ပြေးတက်သွားတော့ ဒေါ်နွဲ့ရီတို့ နှစ်ဦးသား ပြုံးလျက်သား ကျန်ခဲ့တော့သည်။
သီရိမေဆိုတာက ဒီအိမ်ကြီးအတွက်တော့အဲ့လို...
မမြင်ရပဲနဲ့ မွေးနေတဲ့ စံပယ်ပန်းလေးတွေလိုမျိုး... နာမည်ကြားရုံနဲ့ပင်... ပြုံးမိကြရသည်။
++++++++
"ဟာ... ဆရာ... "
" သွားမှာဖြင့် ငါ့ကိုခေါ်တာမဟုတ်ဘူး"
ခန့်ကျော်ဆီကို တည့်တည့်လျောက်လာပြီး
မျက်နှာသေကြီးဖြင့်ပြောနေပုံက ကျောချမ်းစရာ...
"မဟုတ်ဘူး... ကျွန်တော်တို့က... ဟို...."
ခန့်ကျော်မှာ အထစ်ထစ်အငေါ့ငေါ့...
"ဦးဦး..."
ထိုအသံစူးစူးလေကို ကြားလိုက်ရသည့်တပြိုင်နက် သူ့ဆရာလက်အောက်မှာမသေနိုင်တော့မှန်းပြီမို့... ခန့်ကျော် အသက်ရှုချောင်သွားရသည်။
"မီးမီးလေး လာပါအုံး ဦးဆီကို"
စိုင်းနေရောင် ဒူးထောက်ထိုင်ကာ လက်နှစ်ဖက်ကို ရင်ဖွင့်ဆန့်ထားလိုက်တော့ ကလေးမလေးက ရင်ခွင်ထဲသို့ပြေးဝင်သည်။ စိုင်းနေရောင် ကလေးမလေး၏ ရဲနေသည့်ပါးတစ်ဖက်ကို မွေးကြူလိုက်ပြီး လက်ထဲက ကိုင်လာသည့် အထုပ်ကို မြှောက်ပြလိုက်သည်။
"ချော့ကလက်... မီးလေးကြိုက်တယ်မလား..."
"ရေ့... ဦးဦးက သိပ်ချစ်ဖို့ကောင်းတာပဲ... ကိုကို ဒီမှာ နင်လည်း ကြိုက်တယ်မလား"
"အင်း..."
ချီချီလေးကအရွယ်နှင့်မလိုက်အောင် သွက်လက်သလောက် လင်းလင်းလေးကလည်း အရွယ်နှင့်မလိုက် အေးဆေးတည်ငြိမ်စွာ...
သီရိမေကိုမော့ကြည့်မိတော့... သူမလေးက မလိုက်ဖက်စွာ... မျက်မှောင်ကုပ်နေလျက်...
"လင်းလင်း... ချီချီ... ထမင်းစားကြတော့မှာလေ။ မေမေက ဘာပြောထားသလဲ... ထမင်းစားခါနီးရင်..."
"မုန့်တွေမစားရဘူး ထမင်းစားပြီးမှ စားရမယ်"
ကလေးနှစ်ယောက်စလုံး ပြိုင်တူအော်ကြတော့ သူမ ပြုံးလိုက်သည်။
"လိမ္မာတယ်..."
စိုင်းနေရောင် ကလေးနှစ်ယောက်ကို ကြည့်လိုက်တော့ ချော့ကလက်ဘူးကို တစ်ချက်သာကြည့်၍ မျက်နှာလွှဲသွားကြသည်။ နာခံတတ်ခြင်းများနှင့် ထိုကလေးလေးများကိုကြည့်ရင်း... သူ တစ်ချက်ပြုံးလိုက်သည်။
ဒီလိုလိမ္မာကြပုံမျိူးနဲ့ဆို... သူမလေး ထင်ထားသလောက် ခက်ခဲ...ပင်ပန်းခဲ့မှာတော့မဟုတ်။
"ဟုတ်သားပဲ ဦးဦးလည်း ချီချီတို့နဲ့လိုက်ခဲ့လေ... ချီတို့က ဖွားဖွားပိုတို့ဆီကို ထမင်းသွားစားမလို့"
ထိုစကားကို ကြားတော့ စိုင်းနေရောင်မျက်နှာ ဝင်းလက်သွားသလောက်... သီရိမေမှာ မျက်စိပျက် မျက်နှာပျက်...
"ဟုတ်သားပဲ ကိုနေ လိုက်ခဲ့လေ... မေမေ့ ဟင်းချက်လက်ရာက ရှယ်နော်..."
ဆုမြတ်ကပါ ဝင်ပြောတော့... သီရိမေ မျက်လုံးပြူးရသည်။
"ဟုတ်တယ်... ဆရာ။ ဆုမြတ်ကသာ ဘာမှ မချက်တတ်တာ... အန်တီ့ပို့ထမင်းတွေဟင်းတွေက အကုန်စားကောင်းတယ်..."
ခန့်ကျော်က ဆုမြတ်ပခုံးပေါ် လက်တင်ကာ ပြောလိုက်တော့ ဆုမြတ်က လက်ကို ပုတ်ချသည်။
"ကိုခန့် နင်နော်..."
"မှန်တာပြောတော့ နာရော... ဘာမှဖြစ်ဖြစ်မြောက်မြောက် မချက်တတ်တာကတော့ မချက်တတ်တာပဲ... ဟုတ်တယ်မလား မေလေး"
မေးဆတ်ကာ မေးလိုက်တော့ သီရိမေ အယောင်ယောင်အမှားမှား...
"အင်...ဟင်... ဟုတ်တယ်။ မလိုက်တော့ဘူးဆိုရင် သွားမယ်လေ... မွန်မွန်ကရော... မမွန်ဘယ်မှာလဲ"
"မွန်မွန်က မအားလို့ ငါတို့နဲ့မလိုက်နိုင်ဘူးလေ သီရိမေရ
ပြောပြီးသားကို..."
"သွားမယ်လေ...ဒါဆို အန်တီပိုပို မျော်နေလိမ့်မယ်"
ဘာလို့ ဒီလောက်ထိ တွေဝေနေရတာလဲမေ... နင်ဒီလို ကျရှုံးဖို့ ပြန်လာတာမှဟုတ်တာ...
သီရိမေ သားကြီး လက်ကိုဆွဲကာ ကားဆီသွားဖို့ ပြင်လိုက်သည်။
"ဦးဦးက မလိုက်တော့ဘူးလားဟင် မေမေ"
စကားနည်းလှသည့် လင်းလင်းက ထိုသို့ ထုတ်မေးလေတော့...စိုင်းနေရောင်က သမီးငယ်ကို ပွေ့ချီကာ...
"လိုက်မှာပေါ့... ဦးဦးက။ ဦးဦးလည်း ဗိုက်ဆာနေပြီ..."
ရှေ့ကနေသွားနှင့်တဲ့စိုင်နေရောင်၏ နောက်ကျောကိုသာ ငေးရင်း သီရိမေ သက်ပြင်းရှည်ကြီး ချမိသည်။
ကျွန်မရင်နာနာနဲ့ချခဲ့ရတဲ့ဆုံးဖြတ်ချက်တွေက အခုလိုဖြစ်လာဖို့မဟုတ်ဘူး...ဦးစိုင်းနေရောင်။
… … … …
"စားလို့ကောင်းလား မေလေး"
"အန်တီပိုပို့ လက်ရာက အကောင်းဆုံးပဲ... ညစာကို အဲ့လိုအများကြီးမစားရတာ ကြာပြီ"
"ခလေးတွေရော... စားလို့ကောင်းကြရဲ့လား"
"ဟုတ်..."
နှစ်ယောက်စလုံး ပြိုင်တူဖြေကြတော့ ဒေါ်ခင်ထွေးပို ပြုံးသွားရသည်။ ရောက်ပြီဆိုကတည်းက သည်ကလေးလေးတွေကို တစိမ့်စိမ့်ကြည့်ရင်း ချစ်နေမိခဲ့သည်။ဒေါ်ခင်ထွေးပိုမှမဟုတ်... ထိုအမွှာကလေးတွေနှစ်ယောက်က ဘယ်နေရာရောက်ရောက် ထိုကဲ့သို့အချစ်ခံရမြဲ...။ ထိုကဲ့သို့အချစ်ခံရအောင်လည်း ကလေးလေးတွေနှစ်ယောက်လုံးက ချစ်စရာ... နှာတံလုံးလုံးကလေးရယ် နှုတ်ခမ်းနီတာရဲကလေးရယ်...။
"မျက်လုံးမျက်ခုံးက ဖအေတူတာနေမယ်... ခလေးလေးတွေက ချစ်စရာလေးတွေ...မေလေးမျက်"
"မေမေ..."
မျက်ခုံးထူထူကလေးတွေနဲ့... မျက်ခုံးထူထူလေးတွေဆိုတာက သီရိမေပိုင်ဆိုင်သည့် အရာများမှ မဟုတ်တာ... ပြောပြီးကာမှ လွန်သွားပြီမှန်းသိကာ လေသံလျော့လိုက်ရပေမယ့်... သီရိမေမျက်နှာပျက်သွားတာက သိသိသာသာ...။
"ဟို... မင်းက စိုင်းနေရောင်မလား... တစ်ခါမြင်ဖူးတယ် ဟိုလေ... သီရိမေထွက်သွားတဲ့နေ့က..."
ကလေးတွေစားဖို့ လိမ္မော်သီးခွာပေးနေရာက သီရိမေ ဆတ်ခနဲ့ခေါင်းမော့ကြည့်လာသည်။စကားလမ်းကြောင်းပြောင်းဖို့ကြိုးစားလိုက်တာကလည်း ထိုကဲ့သို့...
"ဟုတ်ပါတယ်... ကျွန်တော်ပါ။ အဒေါ်က မှတ်မိသားပဲ"
"မှတ်မိတာပေါ့... ဒါနဲ့ မင်းက ဘယ်လိုဖြစ်လို့ ပါလာတာလဲ။ မေလေးနဲ့...မင်းနဲ့က..."
"မေမေကလည်း... ဘာတွေမေးနေတာလဲ။ ကိုနေက ကိုခန့်သူဌေးလေ... အဲ့ဒါ..."
အန်တီပို အလိုက်မသိမေးသမျှ... ဆုမြတ်တစ်ယောက် လိုက်၍ ဟန့်တားနေရတော့သည်။
"လိမ္မော်သီးကြိုက်တာလား လင်းလင်းလေးက"
"ဟုတ်..."
လင်းလင်းက လိမ္မော်သီးစိတ်တွေကိုသာ သဲကြီးမဲကြီး အာရုံစိုက်လျက်...
"ကလေးတွေက ဘယ်နှစ်နှစ်ရှိပြီလဲ...မေလေး"
"လေး...အာ.... ဟုတ်တယ် လေးနှစ်"
သီရိမေ အထစ်ထစ်ငေါ့ငေါ့...
"ဪ... ကျောင်းတက်ဖို့ လိုသေးတာပေါ့..."
"မဟုတ်ဘူးလေ... လေးနှစ်ကျော်ပြီ... ချီချီတို့က နောက်နှစ်ကျ ကျောင်းတက်ရတော့မှာ ဟုတ်တယ်မလား မေမေ"
ထိုအသံစူးစူးကလေးကြားမှာ သီရိမေ အသက်ရှူရပ်ချင်သွားသည်။ ဖုံးကွယ်ထားသမျှ ဘယ်လောက်ထိ ခံနိုင်မှာလဲ...
"အင်း... အင်း... ဟုတ်တယ်..."
သူမ စိုင်းနေရောင်ဆီခိုးကြည့်မိတာ့ သူက လိမ္မော်သီးအခွံခွာတဲ့ဆီကိုသာ... အာရုံရောက်နေတာမို့... သီရိမေ သက်ပြင်းခိုးချလိုက်မိသည်။
တော်သေးတယ်... သတိမထားမိလိုက်လို့...
"အန်တီပို မေလေးပြန်တော့မယ်... မိုးချုပ်နေပြီ။ ကလေးတွေသိပ်ရအုံးမယ်..."
"မပြန်ချင်သေးဘူး... မေမေ။ ချီချီက ဖွားပိုနဲ့ နေချင်သေးတာ"
ကလေးမလေးက အန်တီပိုကို ဖက်ပြီးပြောတော့... သီရိမေ ခေါင်းကိုက်ချင်လာတော့သည်။
"ချီချီ..."
"နေလိုက်ပါအုံးလား သမီးရယ်... မတွေ့ရတာ ကြာပြီကို..."
"ဟို... မေလေး...."
ကျဉ်းထဲကျပ်ထဲက သူမရုန်းထွက်လိုက်ချင်ပေမယ့်... ကောင်းမွန်တဲ့အကြောင်းပြချက်က ပေါ်မလာ...။ ထိုလူသားနှင့်သာ... ဒီအခြေနေအတိုင်းဆို ကြာလာရင် အသက်တိုလိမ့်မယ်...
"ချီချီ... ဦးဦးနဲ့ တူတူပြန်မယ်လေ။ မီးလေး လာချင်ရင် ဦးဦးနောက်နေ့မှ... လိုက်ပို့ပေးမယ်နော်"
"ဟုတ်"
လင်းနေခြည်ဦးဆိုသည်မှာ ထိုကဲ့သို့... စိုင်းနေရောင် တစ်ခွန်းဆိုတစ်ခွန်း...။ သီရိမေ သက်ပြင်းတွေကိုသာ ထပ်ခါချမိရင်း...
"နောက်နေ့ လိုက်ပို့ရမှာနော်...ကတိ"
ပြောချင်ရာပြောပြီး သူမလေးက ကားရှိရာဆီ...ပြေးပြီ...

လမ်းခွဲကြပြီးနောက်Where stories live. Discover now