S2_14

8.7K 274 0
                                    

လမ်းခွဲကြပြီးနောက် (season 2)
Part14
Let me go.

"ဟယ်... မြေးကလေး"
"မေလေး..."
ဖွားစောနှင့် ဒေါ်နွဲ့ရီက သူမကားပေါ်ကနေ ဆင်းလာတာမြင်တော့ ဝမ်းသာအားရ နှုတ်ဆက်ကြသည်။ သူမမှာသာ ဖုံးကွယ်ထားသည့် အမှန်တရားတစ်ချို့အတွက် လိပ်ပြာမလုံခြင်းများဖြင့်...
"ပြန်ရောက်နေတာ ၂ပတ်လောက်ရှိပြီကို ဖွားစောကိုလာမတွေ့ဘူး...
ဖွားစောက အရင်လို စိတ်သွားတိုင်းကိုယ်မပါနိုင်တော့လည်း သမီးလာတာကိုပဲ စောင့်နေရတာပေါ့"
အရင်လိုပိန်ပိန်ပါးပါးနှင့် လူငယ်ဆန်သည့် ဖွာစော...
မီးခိုးရောင်ဆံပင်တွေက ပို၍ဖျော့တော့လာပြီး... ဟိုအရင်လို ရဲရင့်မှုမျိုး... ရှာမတွေ့တော့ပဲ အရည်လဲ့နေသည့်မျက်လုံးများဖြင့် ဆိုလေတော့ သီရိမေ မျက်နှာလွှဲမိသည်။ ဒေါ်နွဲ့ရီကတော့ သူမကို စိုက်စိုက်ငေးလျက်သာ...
"ချာတိတ်ကိုအိမ်ခေါ်ရတာ ဘယ်လောက်ထိခက်တယ်မှတ်လဲ... ခေါင်းမာတာက လွန်ရော"
ပြောရင်း ကားနောက်ခန်းကိုဖွင့်တော့ အမွှာနှစ်ယောက် ဆင်းလာကြသည်။ ဟိုဟိုသည်သည်ကို သေချာစပ်စပ်စုစုကြည့်ပြီး
"ဝါး... ဦးတို့အိမ်က သိပ်လှတာပဲ။ ချီချီတို့အိမ်ကပန်းခြံထက်ပိုကြီးပြီးလှတယ်... မြက်ခင်းကလည်း အကျယ်ကြီးပဲ နော်မေမေ"
ချီချီက သွက်လက်ချက်ချာစွာ... လင်းလင်းက လက်ပိုက်လျက်သား တည်တည်လေးနေပုံက လူကြီးလေးလို...
"သူလေးတွေက..."
ဖွားစောက မျက်လုံးအဝိုင်းသားဖြင့် အံဩလျက်...
အံဩမယ်ဆိုလည်း... အံဩလောက်စရာ အခြေနေ...
"လင်းလင်း... ချီချီ... ဟိုသစ်ပင်ကြီးအောက်မှာ သွားဆော့ကြအုံးနော်။ မေမေ စကားပြောလိုက်အုံးမယ်"
သွက်လက်ပြီး ချစ်စရာကောင်းသည့် ကလေးမလေးက ခုံပေါက်ပြေးလွှားသွားပေမည့်... လင်းလင်းက မှုန်ကုပ်ကုပ်ဖြင့်...
"သားမဆော့ချင်ဘူး...။ ဒါပေမယ့် သားတို့နားထောင်လို့မရမဲ့စကားတွေပြောကြမှာမို့လား... အဲဒါဆိုရင်တော့ သွားမယ်"
ရင့်ကျက်လွန်းသည့် သည်ကလေးလေးကြောင့်လည်း သီရိမေ ခေါင်းကိုက်ချင်လာသည်။
ဒီပြသနာတွေ ပြီးဆုံးသွားပါစေတော့...
"အိမ်ထဲဝင်ထိုင်ပြီးပြောရအောင်လေ... မေလေး။ ဒီမှာရပ်မနေနဲ့..."
ဒေါ်နွဲ့ရီက သူမလက်ကိုဆွဲတော့ အသာရုန်းမိသည်။
"ဟင့်အင်... မဝင်တော့ဘူး ဒေါ်လေး..."
ထိုသို့ဆိုတော့ ဒေါ်နွဲ့ရီ လက်ကို လွှတ်လိုက်မိသည်။
အားနာတတ်လွန်းသည့် သည်ကောင်မလေးက ဘယ်က ဘယ်လို အင်အားတွေနဲ့...
"ကွာရှင်းထားခဲ့ပြီးသား မိသားစုဆီကို ပြန်လာစရာအကြောင်းမှမရှိတာ... ဝင်ထွက်နေလို့ မသင့်တော်ဘူးလေ...။ အဲဒါကြောင့် မေလေး ဒီကိုမလာတာပါ"
နှုတ်ခမ်းဖူးဖူးလေးကို ဖိပိတ်လိုက်ရင်းဆိုတော့ ဖွားစောက အံဩလျက်...
"သူတို့က မေလေးကလေးတွေ..."
မောင်နှမနှစ်ယောက်သစ်ပင်အောက်မှာထိုင်နေရာကို လက်ညှိုးထိုးရင်း ပြောတော့ ဖွားစောက လိုက်ကြည့်သည်။
"မေလေးလည်း ကိုယ့်မိသားစုနဲ့ကိုယ်ဖြစ်သွားပြီ။ ဖွားစောတို့နဲ့မဆိုင်တော့ပါဘူး... တောင်းပန်တယ်"
သူမ ဦးညွတ်လိုက်ပြီး သုံးဦးသားရှေ့မှ လှည့်ထွက်ဖို့ပေမယ့်...
"ကလေးတွေက ဘယ်သူ့ကလေးတွေလဲ..."
ခပ်အေးအေးမေးလိုက်သည့်အသံကြောင့် ပြန်လှည့်ကြည့်မိတော့ ဖွားစော...။ ဟိုအရင်ကလို ဩဇာညောင်းလှသည့်အပြုံးမျိုးဖြင့်... မျက်လုံးများမှာ ရဲရင့်မှုကို ပြန်ရှာတွေ့လိုက်တော့ သူမ အသက်ရှူရပ်မတတ်... ဘာပြောရမလဲ စကားလုံးစီဖို့ပင်အချိန်မရမီ...
"ဖွာစောတို့နဲ့မဆိုင်တော့တာ သေချာပြီလား... ကလေး။ ဒီကလေးလေးတွေက နေနေနဲ့မဆိုင်တာ သေချာရဲ့လား... ။ သေချာစဉ်းစားဖြေနော်... ဖွားစောက အသက်ကြီးလို့ ဘာမှ အာရုံမစိုက်တော့ဘူးဆိုပေမယ့်..."
"ဖွားစော... ဘာတွေပြောနေတာလဲ"
စိုင်းနေရောင်က နားမလည်နိုင်စွာ...
"နေနေ ကြည့်စမ်း... ကလေးလေးတွေကို။ သားငယ်ငယ်ကနဲ့ သိပ်တူတာပဲ...။ လင်းလင်းလေးဆို သားလို့တောင် အမှတ်မှားသွားတယ်..."
"အာ... မဖြစ်နိုင်တာကြီး...
သားတို့ဘာမှ မှ မဖြစ်ခဲ့ကြပဲ"
"ဘာမှမဖြစ်ခဲ့တာသေချာလို့လား..."
ဒေါ်နွဲ့ရီကပါ ဝင်ပြောလာတော့ သူမ လက်ဖျားကလေးတွေတဆတ်ဆတ်တုန်နေတာကို အတိုင်းသားမြင်နေရပြီး... နှုတ်ခမ်းဖူးဖူးလေးမျာသည် တစ်ခုခုကိုပြောဖို့ရန် ဟန်ပြင်နေလျက်...
"ဟုတ်လား... ချာတိတ်... ဟုတ်လားလို့"
"ဟင့်အင်... မဟုတ်ဘူးနော်။ အမွှာတို့က ခင်ဗျားနဲ့ဘာမှမဆိုင်ဘူး...။ မေလေးနဲ့ပဲဆိုင်တာ... မေလေးတစ်ယောက်ထဲမွေးခဲ့တာ...။ မဟုတ်ဘူး..."
သူမချာခနဲ့လှည့်ထွက်ခဲ့ပြီး ကလေးတွေရှိဆီသွားတော့ ဆူဆူညံညံအသံများကြောင့် ကလေးနှစ်ယောက်ကလည်း သူမဆီပြေးလာနေကြသည်။
"မေမေ... မေမေငိုနေတယ်။ ဘာလို့လဲဟင်..."
လင်းလင်းက စိုးရိမ်တကြီးမေးတော့... သူမ မျက်ရည်ပေါက်တွေ ပိုကြီးလာရရင်း...
"လင်းလင်းချီချီ မေမေပြောမယ်... မေမေ ဒီနေရာကိုရော ဒီကလူတွေကိုရောမကြိုက်ဘူး...။ နောက်ခါလဲ မလာချင်ဘူး...။ ပြန်ကြမယ်နော်..."
လက်တစ်ဖက်ဆီတွဲလိုက်သည်။ မျက်ရည်များနှင့်ရင်းပြီး အသက်ကိုရင်းပြီး...
ကိုယ့်တစ်ယောက်ထဲဒုက္ခခံပြီး... ရလာသောရတနာများဖြစ်သောကြောင့် ဘယ်သူ့ကိုမှ ခွဲဝေမပေးနိုင်တာမို့...
"ချာတိတ်... ကိုယ်နားလည်အောင် ရှင်းပြသွားအုံး"
"ကျွန်မကို လွှတ်နော်..."
ဆွဲထားသည့်လက်တွေ အားမပါတော့တာက မသေချာခြင်းများနဲ့ သတ္တိတို့ ပျောက်ဆုံးနေသည်မို့...
ထွက်သွားပြီဖြစ်တဲ့ကားကိုသာ စိုင်းနေရောင်  မျက်စိတစ်ဆုံးလိုက်ငေးနေမိလျက်...။
ကလေးတွေက သူ့ကလေးတွေတဲ့လား... ဘယ်လိုဖြစ်နိုင်မှတဲ့လဲ။ ဘယ်အချိန်တုန်းက ဘယ်လိုမျိုး... ဟင့်အင်... သူက အဲ့လိုမျိုးတာဝန်မဲ့တဲ့လူမျိုးလား...။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...
အဖြေမရနိုင်တဲ့ပုစ္ဆာများဖြင့် ပြည့်ကျပ်လျက်... အခန်းထိဘယ်လိုပြန်လာခဲ့သည်ကို... သူမမှတ်မိ။ တွေဝေငေးမောခြင်းများဖြင့်... သူ့မှာ...
"နေနေ... ဖွားစော ဝင်ခဲ့မယ်နော်"
သူဘာမှ ပြန်မပြောမိပဲ... ဖြစ်နိုင်လျင် ဘာအသံမျှ မကြားချင်။
"ဒီပုံကိုကြည့်..."
ရှေ့ထိုးပေးလာသည့်ပုံကလေးကို ကြည့်မိတော့... လင်းလင်းနှင့်ချွတ်စွပ်တူသည့် ကလေးလေးပုံ...
ဒါပေမဲ့ ဓာတ်ပုံက အိုဟောင်းလွန်းနေသည်။ သူ သေချာကြည့်မိတော့ ချွတ်စွပ်လို့ပြောလို့မရသည့် နှုတ်ခမ်းလေးတွေ.... ဒါက...
"အဲဒါ သားငယ်ငယ်ကပုံ"
စကားအဆုံးမှာ သူ့ခေါင်းမှာ ဒိုင်းခနဲ့...။ မဖြစ်နိုင်ပါဘူးလို့ အတန်တန်ငြင်းနေမိပေမယ့်... ဒီပုံက သက်သေ။ ငယ်ဘဝကို ပိတ်ကားချပြစ်ချင်လောက်အောင် မုန်းခဲ့တာမို့ ငယ်ငယ်က ဓာတ်ပုံAlbumတွေ လှန်တောင်မကြည့်မိခဲ့ခြင်းက ထိုကဲ့သို့... ကိုယ့်ရင်သွေးကို အသိနောက်ကျစေသည့်တစ်ချက်။ မြင်မြင်ချင်း ဖွားစောက တန်းခနဲ့ဘာကြောင့်ပြောနိုင်ရတာလဲ... သူမအံ့ဩတော့ပြီ...။
"မင်းဘာလုပ်မှာလဲ... ဘယ်လိုတွေဖြစ်ခဲ့သလဲ ဖွာစောမသိဘူး။ ဒါပေမယ့် သူတို့လေးတွေက ဖွားစောမြေးတွေဆိုတာတစ်ခုတော့ သေချာတယ်..."
ဖွားစောကို သူမော့ကြည့်မိတော့... ဖွားစောမျက်နှာက ဟိုယခင်နှစ်များကလို ထက်မြက်ခြင်းများဖြင့် အရောင်လဲ့နေလျက်...
"အဲ့လိုမျိုး တွေဝေနေရင်း... နောက်ထပ်ဆုံးရှုံးတော့မလို့လား...။ ဖွားစောသိတဲ့ နေနေက အဲ့လိုမျိုးမဟုတ်ပါဘူး..."
သူဆတ်ခနဲ့ ထရပ်မိသည်။ နောက်ထပ် တွေဝေခြင်းများကြောင့်... ပျော်ရွှင်မှုကို လက်မလွှတ်စေရ...။ မည်ကဲ့သို့သော အနှောက်ယှက်ကမျှ... သူ့အလင်းရောင်လေးနှင့်... ဝေးမသွားစေရ။
*****
"ကိုယ်လာထိုင်မယ်နော်..."
နေရာတွေအများကြီးရှိတဲ့ထဲက... သူမထိုင်နေတဲ့ စားပွဲဝိုင်းကိုမှ...။ ဘေးဘီကိုကြည့်ရင်း မသက်မသာပြုံးပြကာ ခေါင်းညိတ်လိုက်မိပြီးမှ...
အဲ့လို အားနာတတ်တဲ့အကျင့်ကြီးကို ပြင်စမ်း...
စိတ်ထဲကပြောရင်း... ထိုဧည့်သည်ကို မသိမသာ ခိုးကြည့်မိသည်။ ရုပ်ဖြောင့်သည်လို့ အကြမ်းဖျင်းမှတ်ချက်ပေးပြီး... သတို့သမီးလျောက်လာရာ... ခမ်းမ အလည်ဆီကိုလှမ်းကြည့်တော့... အဖြူရောင် သတို့သမီးလေးက အားလုံးထဲမှာ ထင်းလို့...။ သီရိမေ စိတ်တိုင်းကျချုပ်ထားသည့်လက်ရာရယ်... ဆုမြတ်၏ အရပ်ရှည်ကြီးရယ်...။ ညိုစိမ့်စိမ့်ပေမယ့်... အရင်ကတည်းက ပြင်တတ်ဆင်တတ်ဖြစ်သည့် ဆုမြတ်က ထိုနေ့တွင်မှုန်နေအောင်ချောနေသည်....။
သတို့သမီးရှေ့က အမွှာလေးတွေကိုကြည့်မိတော့ သူမပြုံးမိသည်။ အားလုံးက ချစ်ဖို့ကောင်းလိုက်တာလို့ ပြောနေကြသလိုပဲ... ထိုကလေးလေးများက မျက်နှာမြင်ချစ်ခင်ပါစေ...ဆိုသည့်ဆုတောင်းများနှင့် မွေးဖွားလာကြသူများ...။ ချီချီက သူမကိုမြင်တော့ ပန်းကြဲနေရာမှ သူမကို လက်လှမ်းပြတော့... သီရိမေ ပြုံးကာ လက်ပြန်ပြလိုက်သည်။ သူမလေးက သီရိမေကိုလက်ပြပြီး တစ်ဖက်ကိုလှည့်ကာ လက်ပြရာ... သူမ လည်ပင်လေးရှည်ကာ လိုက်ကြည့်မိတော့... အဲ့ဒီလူ...။ ချီချီက တစ်ခုခုကို သတိရသွားဟန် လက်ပြနေရာက ရုတ်သိမ်းလိုက်ပြီး စိုင်းနေရောင်ကိုမမြင်ချင်ယောင်ဆောင်ကာ ပန်းတွေကို ဆက်ကြဲနေတော့... သူမရင်ဘက်ထဲမှာ ကျဉ်ခနဲ့...။
ထိုနေ့က ဖွားစောတို့အိမ်ကနေ ဒုန်းစိုင်းပြန်ခဲ့ပြီးကတည်းက စိုင်နေရောင်ကို အတွေ့မခံတော့...။ ဆိုင်ကိုလိုက်လာတော့လည်း ခါးခါးသီးသီးငြင်းလွှတ်ခဲ့ပြီး...
"ဆက်နှောက်ယှက်နေရင်... ကျွန်မ ထပ်ပြီး မျက်ခြေဖြတ်သွားမှာနော်" လို့ ခြိမ်းခြောက်လိုက်ပြီးကတည်းက သူမမျက်စိရှေ့ ရောက်မလာခဲ့သည်မှာ... ဒီနေ့ ဆုမြတ်နဲ့ ကိုခန့်ကျော် မင်္ဂလာဆောင်ရောက်မှ...အရိပ်အယောင်ကို မြင်ရခြင်း။ "နောက်ထပ်တော့ ထပ်ပျောက်မသွားလိုက်ပါနဲ့...
ထွက်သွားဆိုသွားပါ့မယ်... အချိန်တစ်ခုထိ စိတ်ဆိုးစိတ်ကောက်ခွင့်ပြုထားလိုက်မယ်။ အကြာကြီးတော့ မလုပ်နဲ့နော်..." ဆိုပြီး လူကိုချည်တုပ်ထားခဲ့တာ... ဟင့်အင်... နောက်ထပ် အချုပ်နှောင်မခံတော့ဘူး... မဖြစ်မနေမို့ ပေးနေရတဲ့ မေတ္တာတုတွေကြားမှာ...။ ကလေးတွေကလည်း... သူမစကား တစ်ခွန်းဆိုတစ်ခွန်း။ အရင်လို... သူ့မြင်ရင် အူးယားဖားယားပြေးမသွားကြတော့။ ပြန်မယ်တခဲခဲဖြစ်နေတာကိုတောင် ဆုမြတ်က တငိုငိုတယိုယိုနဲ့ သူ့မင်္ဂလာဆောင်ပြီးအောင်နေဖို့ စောင့်နေတာကြောင့်...။
စိုင်းနေရောင်သူမကို လှမ်းကြည့်နေတာမို့... သူမ မျက်နှာလွှဲလိုက်တော့လည်း... မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့... အဲ့ဒီဘယ်သူမှန်း မသိတဲ့လူက ကြည့်နေပြန်သည်။
" ကိုယ့်ကိုသိလား..."
ပြုံးစစနဲ့မေးတော့ သူမခေါင်းကို ခါးယမ်းလိုက်မိသည်။ အရင်က သီရိမေဆိုတာက... အမြဲပြုံးနေတတ်ပြီး ဖော်ရွေတတ်သော၊ ကူညီတတ်သော... သဘောကောင်းသော။ သို့သော်... ခပ်စိမ်းစိမ်းနေတတ်ခြင်းများနှင့်... စိတ်ကို အလုံပိတ်ထားခဲ့တာ... ကြာပြီ။
"ဥာဏ်လင်းထွန်းပါ... စိုင်းနေရောင်ရဲ့ သူငယ်ချင်း...။ သီရိမေဟုတ်တယ်မလား... မင်းက။ မင်းတို့မင်္ဂလာဆောင်တုန်းက ကိုယ်က Ukမှာမို့မရှိတာ" သူ့ကိုယ်သူ မိတ်ဆက်ရင်း... ရှေ့ကို လက်ထိုးပေးလာတာကို သူမက အတိုင်းသားကြည့်နေမိသည်။ ဥာဏ်လင်းက လက်ကို ပြန်ရုတ်လိုက်ပြီး ပြုံးစစဖြင့်...
"သဘောကောင်းတယ်လို့ ကြားထားတာ မဟုတ်ဘူးပဲ
ကိုယ်ရှက်သွားတာ"
ထိုအခါမှ သူမအား နာရကောင်းမှန်းသိကာ
"ဟို... တောင်းပန်ပါတယ်"
"ရပါတယ်... မင်းဘက်က ကြည့်မယ်ဆိုလည်း အခုလို ဘယ်လိုလုပ် ဝမ်းသာအားရ နှုတ်ဆက်ချင်မှာလဲ..."
ဘာပြောရမယ် မသိတာကြောင့် ခေါင်းသာ ငုံ့ထားမိသည်။
"တကယ်က ကိုယ်က ပြောစရာရှိလို့... မင်းအချိန်ရရင်..."
"ဟို... ဦးစိုင်းနေရောင် အကြောင်းဆိုရင်... ကျွန်မ"
"တစ်နေရာရာမှာ သွားပြောကြမလား..."
ပြောရင်း သူမပခုံးကနေကိုင်ကာ ဆွဲခေါ်သွားတာမို့... အသာလေးလိုက်သွားရသည်။ တော်ကြာ... လူကြားသူကြားထဲမှာ... အော်ဟစ်နေမယ်ဆိုရင် ဆုမြတ်မင်္ဂလာပွဲမှာ အနှောက်ယှက်မဖြစ်စေချင်....။
စိတ်ချ... မင်္ဂလာဆောင်ပြီးရင်... ဘယ်သူမှ လိုက်မရှာနိုင်အောင် ထပ်ပုန်းဦးမှာ။

လမ်းခွဲကြပြီးနောက်Where stories live. Discover now