S2_7

8K 292 2
                                    

လမ်းခွဲကြပြီးနောက် season 2
Part 7
Way back home...

၅နှစ်ကြီးများတောင် ကြာခဲ့ပြီ။
ရုပ်ရှင်ထဲမှာဆို ၅နှစ်ခန့် ကြာသော်လို့ စာတန်းထိုးလိုက်မှာပေါ့။ ဟင့်အင်... သူမအတွက်က အဲ့ဒီ၅နှစ်က စာတစ်ကြောင်းနဲ့ မလုံလောက်နိုင်ဘူး။ သေလုမျောပါး ပင်ပန်းခဲ့တာတွေ၊ အမိမြေအား အပြေးပြန်ချင်စိတ်တွေနှင့် ချစ်တဲ့သူများအား ရူးမတတ် လွမ်းဆွတ်မှုတွေ... ထို၅နှစ်ဟူသည့်ကာလသည် သူမ၏ အိမ်နှင့်ဝေးရာ ခက်ခဲသည့် နေ့စွဲများပေါ့... တစ်ယောက်ထဲတော့ မဟုတ်ခဲ့။ တစ်ချို့က ထိုအရာများကို ဝန်ထုပ်ဝန်ပိုးလို့ပြောကြပေမည့် သူတို့က သူမအသက်ရှင်နေရသည့်တစ်ခုတည်းသော အကြောင်းပြချက်...။ single momဆိုသောဘဝက တွေးကြည့်တာထက်ပိုခက်ခဲပေမည့် သူမပင်ပန်းသည့် အခါတိုင်း အားမလျော့ပဲ ဆက်ကြိုးစား ရုန်းကန်စေခဲ့သော ပြီးတော့ သူမချစ်သော...
"Mommy why are we comming back? I don't wanna leave. I'd like to live in Paris
Is it our home?" (မေမေ ဘာလို့ကျွန်တော်တို့ ပြန်ရတာလဲ။ ကျွန်တော်မထွက်သွားချင်ဘူး။ ပါရီမှာပဲနေချင်တယ်။ အဲဒါက ကျွန်တော်တို့အိမ်မဟုတ်ဘူးလား)
ညာဘက်တွင်ထိုင်နေသည့် လေးနှစ်အရွယ်ကလေးငယ်လေးက သူမလက်မောင်းကို လှုပ်ကာ မျက်ရည်ဝဲလျက်ဆိုသည်။
"To protect our home" (ငါတို့အိမ်ကို ကာကွယ်ဖို့ပေါ့)
သူမ ပြုံးလျက်ဆိုလိုက်သည်။
"Little puppy... listen! Paris is not our home. It just a place for a moment.Our home is in Myanmar. And from now on you two have to speak in Myanmar. Okay? My little pussy" (ခွေးပေါက်လေး.. နားထောင်နော် မေမေပြောပြမယ်။ ပါရီက မေမေတို့ရဲ့အိမ်မဟုတ်ဘူး။ အဲဒါက ခဏအတွက် နားခိုရာပဲ... မေမေတို့အိမ်က မြန်မာပြည်မှာရှိတယ်။ ပြီးတော့... မင်းတို့နှစ်ရောက်စလုံး အခုကစပြီး မြန်မာစကားပဲပြောရတော့မယ်နော်... အိုကေလား။ ပူစီကလေးရော...)
သူမက ဘေးတစ်ဖက်မှ ၄နှစ်အရွယ်ခန့် ကလေးမငယ်လေးကို လှည့်ကာ မေးလိုက်သည်။
"Yes Mommy... ah no no ဟုတ်ကဲ့ပါ မာမား"
"Good job ပူစီ။ ကလေးလေးတွေက လိမ်မာတယ်ဆိုတာ မေမေက သိပြီးသား... သားသား ပါပီလေးရော မေမေ့စကား နားထောင်ရမယ်နော်"
ညှိုးငယ်နေသည့် ကောင်းကလေးကို ချော့မော့စွာ ပြောဆိုလိုက်မှ...
"ဟုတ်..." ဆိုသည့် စကားသံတိုးတိုးလေး ထွက်လာသည်။ လင်းအာရုဏ်ဦး... လင်းနေခြည်ဦး အမွှာကလေးနှစ်ယောက်ဆိုပေမယ့် မိနစ်ပိုင်းလေးသာကြီးတဲ့ လင်းအာရုဏ်ဦးသည် ငယ်ငယ်ကတည်းက ခြူခြာကာ အားနည်းလွယ်သလောက် လင်းနေခြည်ဦးကတော့ သွက်လက်ထက်မြတ်သည့် သမီးငယ်ကလေး... မည်သို့ပင် ဖြစ်စေ... သူမ၏ ရင်နှစ်သီးခြာများ ဖြစ်သည်မို့... လက်ဆောင်ပေါ့။ သူမ ကာကွယ် စောင့်ရှောက်ရမည့် သူမဘဝကို အပ်နှင်းထားရသည့် လက်ဆောင်...။
"ခရီးသည်များရှင်... မကြာမီလေယာဉ်ဆိုက်တော့မှာဖြစ်တဲ့အတွက်ကြောင့်........."
လေယာဉ်မယ်၏ ကြေငြာသံကြောင့် ပြတင်းပေါက်ဆီငေးကြည့်မိတော့ ခွဲခွာခဲ့တာကြာပြီဖြစ်တဲ့ အမိမြေ... သူမက ဘေးတစ်ဖက်တစ်ချက်စီက ကလေးငယ်များကို ပြန်ကြည့်မိသည်။
နောက်ဆုံးတော့ ပြန်ရောက်ခဲ့ပြီပေါ့... အချိန်ကာလ တစ်ခုထိ ပြန်မလာဖို့ ဆုံးဖြတ်ထားပေမယ့် ပြန်မလာလို့ မဖြစ်သည့် အခြေနေတွေကြောင့်...
"လင်းလင်း... ချီချီ ထတော့... မေမေတို့ အိမ်ကိုရောက်ပြီ"
နှစ်ခြိုက်စွာ အိပ်မောကျနေကြသော ခလေး၂ယောက်ကို မနှိုးရက်ပေမယ့် အသာလှုပ်နှိုးလိုက်သည်။
သမီးငယ်လေးက အရုပ်ကလေးကို ခလုတ်ဖွင့်လိုက်သကဲ့သို့ပင် ခေါင်းကို ဆတ်ကနဲ့ ထောင်လာကာ...
"အိမ်ကိုရောက်ပြီ... ဟုတ်လား ကောင်းလိုက်တာ"
သူမလေးက တက်ကြွစွာ ဟော်ဟစ်ပြေးသွားသည်။
"ချီချီ အတင်းမပြေးရဘူးလေ... လမ်းပျောက်သွားလိမ့်မယ်"
လေယာဉ်စီးရတာ ပန်းလွန်း၍ ခွေနေသည့် လင်းလင်းကို ပွေ့ချီကာ လှမ်းအော်ရသည်။ သို့သော်...
"ဟုတ်"
ပြေးလွှားဖို့ရန် တာဆူနေသည့် ခလေးမငယ်လေးက သူမစကားတစ်ခွန်းနှင့်တင် တုံ့ခနဲရပ်တန့်သွားသည်။ လင်းနေခြည်ဦးဆိုသည်မှာ... ထိုကဲ့သို့ နာခံတတ်ခြင်းများနှင့် သွက်လက်တက်ကြွသူမို့...
"မေမေ ချီချီ ဘာသယ်ပေးရမလဲ"
ထိုကလေးမငယ်လေးက ပြောရင်းဆိုရင်း သူမပွေ့ချီထားသည် ကောင်လေး၏ ခြေသလုံးကို ဆွဲဆိတ်ကာ...
"အသက်ကြီးပြီ အခုထိ ခလေးလို လုပ်နေတုန်းလား အလင်း... နင့်ကြောင့် မေမေပင်ပန်းတယ်။ Weak up..."
ခလေးမငယ်ကလေး၏ အသံက စူးရှစွာ။ သူမမှာတော့ လေယာဉ်ပေါ်ကအဆင်း အထုပ်တွေအပိုတွေနှင့် ကလေး၂ယောက်ဖြင့် ပတ်ချာလည်တော့သည်။ လာကြိုဖို့ရန် ဖုန်းဆက်ဖို့ပေမယ့်... ထိုသူတို့အား အံ့ဩသွားစေချင်တာမို့...။ ထိုသို့ဖြင့်... ခလေးနှစ်ယောက်နှင့် ဖိုသီဖတ်သီ ရှုပ်ရှက်ခပ်ကာနေတော့သည်။
"ချီချီ... မေမေ့ကို စောင့်ဦးလေ...."
"Hurry up mommy. ချီချီ အိမ်ကိုအမြန်ရောက်ချင်ပြီ။ မေမေပြောတဲ့ နှစ်ထပ်အိမ်ကလေးရယ် ပြီးတော့ ပန်းခြံသေးသေးကလေးရယ်... အို... ချီချီ အရမ်းအရမ်းကို စိတ်လှုပ်ရှားနေတယ်"
သူမ အထုပ်အပိုး မနိုင်မနင်းကြားမှ ပြုံးမိပြနသည်။ တစ်ခါမှ မရောက်ဖူးသည့် အိမ်ကလေးကို သူမပြောပြသည့် ညအိပ်ယာဝင်ပုံပြင်များမှာသာ ကြာဖူးရုံနှင့်... သူမလေးက စိတ်ဝင်စားတတ်ခဲ့သည်မို့... "မေမေ... မကောက်သေးဘူးလား"
လင်းလင်းက သူမ လက်ဖျားလေးကို ဆွဲလှုပ်ကာ မေးတော့... သူမ ကလေးငယ်ကို ငုံ့ကြည့်မိသည်။ အားငယ်စိတ်အပြည့်ဖြင့် မျက်ဝန်းတွေ... အသားကျဖို့ ကြိုးစားယူရဦးမည့် အခြေနေ။ သူမက ပြုံးပြကာ နှစ်သိမ့်ရသည်။
"အဲ့လိုကြီး အမြဲတမ်းမဲ့မထားနဲ့လေ... smile... မေမေနားလည်ပါတယ် အခြေနေတွေက အဲ့လိုမြန်မြန်ကြီးဖြစ်သွားတာက သားအတွက် လက်ခံဖို့ ခက်ခဲတယ်ဆိုတာ မေမေသိပါတယ်။ ဒါပေမယ့် လင်းလင်းရေ... မေမေတို့အိမ်က သိပ်ပျော်စရာကောင်းတာ။ မကြာခင် သားသိရလိမ့်မယ် နော်"
ခေါင်းကို ဖွဖွပုတ်ကာ ဆိုရင်း သမီးငယ်ရှိရာဆီကြည့်မိတော့... သူမလေးက တံခါးပေါက်ဆီမှာ...။ ခြေလှမ်းပြင်လိုက်ပေမယ့်
"သီရိမေ..."
အဲ့ဒီအသံ... ဩရှသည်။ ဩဇာလွမ်းမိုးမှုအပြည့်ဖြင့် သမုဒ္ဒရာရေ၏ အောက်ခြေမှလာသည့်အသံလို... အေးစက်စွာ... ထိုလူသား၏ အသံအား နှစ်ပေါင်းများစွာ ကြာသည့်တိုင် မေ့ပျောက်သွားဖွယ် မရှိခဲ့...။ သိသိသာသာ ပျက်သွားသည့် အပြုံးများကို ကြိုးစားပြန်ယူကာ အသံလာရာဆီသို့ ကြည့်လိုက်သည်။ ဦးစိုင်းနေရောင်... ၅နှစ်တာကလသည် ထိုလူသားအား များစွာပြောင်းလဲစေခဲ့သလား... အခုဆို ၃၄လောက်ပေါ့။ ဝတ်စုံပြည့်နှင့် ထိုလူသားက နှုတ်ခမ်းမွှေးများပါးသိုင်းမွှေးများက ပုံမှန်မရိတ်ဖြစ်တာကြာနေပြီထင်၏။ နဂို စိမ်းဖန့်ဖန့်အသားရေနှင့်စာလျင် အများကြီးညိုသွားသည်။ ဆံပင်က မညှပ်တာကြာသည့်ဟန် ညှင်းသိုးသိုးပေမယ့်... အားလုံးခြုံကြည့်ပြန်တော့ အရင်လို သန့်သန့်ပြန့်ပြန့်မဟုတ်တာပဲရှိသည်။ သူက ချောဆဲခန့်ဆဲ... နှုတ်ခမ်းတွေကတော့ အရင်လို ရဲဆွေးမနေတော့ပဲ အနည်းငယ် ညိုမဲနေသည်။ မပြောင်းလဲသွားတာတော့... မျက်လုံးများ။ နက်မှောင်နေသည့် သူ့မျက်ဝန်းများ တောက်ပနေသည်။ " နောက်ဆုံးတော့ ပြန်လာပြီပေါ့..."
စောင့်နေသူ၏ လေသံမျိုးဖြင့်... တော်စမ်းပါ။ ထပ်ပြီး မနာကျင်ရပါစေနဲ့တော့...
"ဟုတ်..."
တုံရီနေသည်မို့ နှုတ်ခမ်းကို အသာဖိထားမိသည်။
ကျေးဇူးပြု၍ ဒီတိုင်းလေး ဖြတ်ကျော်သွားပါရစေ...
သူမ မော့ကြည့်မိတော့ စိုင်းနေရောင်က သူမလက်ဆွဲထားရာ ကလေးငယ်ကို ငေးလျက်... သီရိမေက ကလေးကို သူမနောက်သို့ မသိမသာ ဆွဲပို့လိုက်ရင်း... မျက်လွှာချကာ ထွက်သွားဖို့ပြင်လိုက်သည်။
လမ်းတွေ့ရင် ဝမ်းသာအားရ နှုတ်ဆက်ရမည့် ဆက်ဆံရေးတွေမဟုတ်ကြဘူးမလား...
"မေမေ... ကြာလိုက်တာ။ အိမ်ကို အမြန်ရောက်ချင်ပြီလို့ သွားမယ်..."
သူမနှင့် ထိုကလေးတို့၏ ဆက်နွှယ်မှုကို ထိန်ချန်ဖို့ကြိုးစားနေပေမယ့်...
"ဟင်... အင်းသွားမယ်လေ"
ဒီလိုမျိုး မတွေဝေမိတော့အောင် ကြိုးစားခဲ့ရက်နှင့်... သူမထပ်၍ နှောင်းနှေးမိပြန်သည်။ နောက်တွင် မည်ကဲ့သို့ဖြစ်၍ ကျန်ခဲ့မည်ကို သူမ မသိ။ သိလည်း မသိချင်... ယခုချိန်မှာ ထိုလူသားရှေ့မှ အငွေ့လေးကဲ့သို့သာ ပျောက်ကွယ်လိုက်ဖို့သာ ဆန္ဒရှိသည်။ သူ့ရှေ့မှာ ထွက်ခွာလာခဲ့ပြီးနောက်... တစ်... နှစ်... သုံး။ လူနှစ်ယောက် တကယ် ဝေးကွာဖို့ ခြေလှမ်း ၅လှမ်းသာ လိုအပ်သည်။ ထိုငါးလှမ်းသောကာလမှာ ရပ်တန့်လိုက တားနိုင်သည်။ နှုတ်ဆက်စကားပြောလိုက ပြောနိုင်သည်။ ထိုငါးလှမ်းမှ လွန်လျင်တော့... ထိုလူသားတို့ တကယ်ကျောခိုင်းကြပြီ။ ထိုငါးလှမ်းမှ လွန်လျင်... သူမ နောက်ထပ်တစ်ကြိမ် လွတ်မြောက်ပြီ။
လေး...
အစကတည်းက ဝေးကြပြီးသား မလား။ တစ်ခါကွဲဖူးသည့် ဖန်ခွက်တွေလို သူမတို့ အလွယ်တစ်ကူ... ခွဲခွာနိုင်ကြမည်ထင်သည်။
ငါး...။
"အိမ်ကိုသွားမှာမလား... ငါ့ကားနဲ့လိုက်ခဲ့လေ"
မဟုတ်ဘူး... အဲ့ဒီထောင်ချောက်မှာ ထပ်မမိချင်တော့ဘူး။
"ဦးဦးက မေမေ့ သူငယ်ချင်းလား။ ဟုတ်လား မေမေ..."
ချီချီဆိုသည့် ကလေးမက အလိုက်မသိစွာ...
"ရပါတယ်... ကျွန်မ ဆုမြန်ကို ဖုန်းခေါ်လိုက်မယ်"
တတ်နိုင်မျှ ခင်ဗျားနဲ့ ဝေးချင်တယ် ဦးစိုင်းနေရောင်။
သို့သော်... ထိုလူက အပြုံးမဲ့သော မျက်နှာဖြင့် သူမတို့သုံးဦးရှိရာဆီသို့ ဦးတည် လျှောက်လာခဲ့လေပြီ... "ခလေး၂ယောက်နဲ့ ဘယ်လို အဆင်ပြေမှာလဲ..."
မကြားရပြီဖြစ်သော ထိုအေးစက်စက် သူ့အသံ...
"ရပါတယ်။ ကျွန်မ အဆင်ပြေတယ်"
သီရိမေ ကြိုးစား၍ ငြင်းဆန်ကြည့်မိသည်။
"ခေါင်းမမာစမ်းပါနဲ့..."
စိုင်းနေရောင်က သူမ၏ luggageနှင့် ပခုံးပေါ်ကို တစ်စောင်းလွယ်ထားသည့် အိတ်ကို သယ်ကာ ထွက်သွားသည်။
ခေါင်းမာတယ်တဲ့... ခင်ဗျားနဲ့ပတ်သတ်တဲ့ကိစ္စတွေဆို ကျွန်မက အဲ့လို...
ထိုလူသား၏ သူမအပေါ် လွှမ်းမိုးနိုင်စွမ်းကလည်း ထိုကဲ့သို့ မပြောင်လဲ။
"မီးမီးလာ ဦးဦးလိုက်ပို့ပေးမယ်"
စိုင်းနေရောင်က သူမ၏ သမီးငယ်ကိုပါ ပွေ့ချီသွားလိုက်သေးသည်။ အဲဒီလောက် အလွယ်တကူ ထိုလူသားထံတွင် ရှုံးနိမ့်လိမ့်မည် မမျှော်လင့်ခဲ့။ နောက်တစ်ကြိမ် ပြန်တွေ့ကြတဲ့အခါ ပထမဆုံး ကျောခိုင်းထွက်ခွာနိုင်ခဲ့ဖို့ ဆန္ဒရှိခဲ့ပေမယ့်...
"မေမေ ဘယ်သူလဲဟင်"
သူမလက်ကိုဆွဲထားသည့် လင်းလင်းက မျက်လုံးဝိုင်းကလေးများဖြင့် မော့ကာ မေးသည်။
"မေမေပြန်မတွေ့ချင်တဲ့ မိတ်ဆွေပေါ့"
သီရိမေ ရှေ့က လူတွေဆီကို အမီလိုက်ဖို့ ခြေလှမ်းကို သွက်သွက်လျောက်လိုက်သည်။
"သူက မကောင်းတဲ့လူမို့လား... မေမေပြောတယ်လေ။ မကောင်းတဲ့လူတွေနဲ့ဆို မတွေ့ချင်ဘူး။ စိတ်ပျက်တယ်ဆို..."
မြန်မာစကားကို ပီအောင်ပြောနေသည့် လင်းလင်းကို ငုံ့ကြည့်ရင်း ပြုံးမိသည်။
"လုံးဝမကောင်းတဲ့လူတော့ မဟုတ်ဘူးပေါ့...
ဘယ်လိုပြောရမလဲ။ မေမေက သူနဲ့တွေ့ရမှာကို မကြိုက်တာ။ သူ့ကိုမြင်နေရရင် အဆင်မပြေဘူး"
"ဪ..."
ကလေးက နားလည်သွားသည့်ဟန်ဖြင့် ခေါင်းကိုငြိမ့်ကာ ရှေ့မှ စိုင်းနေရောင်၏ နောက်ကျောကို လှမ်းကြည့်နေသည်။
"မေမေ သဘောမကျရင်... သားလည်း မကြိုက်ဘူး"
လင်းအာရုဏ်ဦးဆိုသည်မှာ ထိုကဲ့သို့... တစ်ခုခုဆိုလျင် အမေဖြစ်သည့် သူမပေါ်အား အားကိုးသည်။ တွယ်တာသည်။ အနားမှ မခွာပဲ အရိပ်တကြည့်ကြည့် နေတတ်သည်။ ထိုမောင်နှမ ငယ်ငယ်က သူတို့လေးများအပေါ် အချိန်သိပ်မပေးနိုင်ပဲ ကလေးထိန်းကျောင်းမှာပို့ထားရသည့် ကာလများကို ပြန်စဉ်းစားမိလျင်... သီရိမေ တိုးတိုးတိတ်တိတ် နာကျင်စွာ စိတ်မကောင်းဖြစ်ရသည်။ လွဲမှားစွာရောက်လာခဲ့ကြသည့် ကလေးများဖြစ်သည့်တိုင် သူမ စွန့်ပစ်ဖို့မတွေးခဲ့ဖူးသည့် သက်ရှိလက်ဆောင်ကလေးများမို့... ဘယ်လိုရန်ပဲဖြစ်ဖြစ်ကာကွယ်မည်။ ရင်ဘက်၏ အနက်ရှိုင်းဆုံးနေရာမှလာသည့် သတ္တိများဖြင့် သူမသည် အရင်က သီရိမေမဟုတ်တော့ကြောင်းကို အားလုံးသိအောင် ပြောပြလိုက်ချင်သည်။ အထူးသဖြင့်... အဲ့ဒီလူသိပါစေတော့...။

လမ်းခွဲကြပြီးနောက်Onde histórias criam vida. Descubra agora