5

8.2K 297 1
                                    

လမ်းခွဲကပြီးနောက်
Part5
Who win the game?

တီ တီ...တီ တီ...
ထိုအသံကြားမှ သူမအတွေးစတို့ ပြတ်တောက်ရသည်။
ကားလား။ ဦးစိုင်းနေရောင်လား...သူပြန်လာပြီလား
နာရီကို လှမ်းကြည့်လိုက်တော့ ၁၀နာရီခွဲ... သူထွက်သွားပြီးကတည်းက သူမဒီစာပွဲမှာထိုင်နေခဲ့တာ... ထိုမျှအချိန်တွေကြာသွားခဲ့သည်ကို သူမသတိမထားမိလိုက်။ စိုင်းနေရောင်သည် ဒယီးဒယိုင်ဖြင့်...သူ၏ခြေထောက်အား များစွာသောအလေးချိန်များ ဆွဲထားသကဲ့သို့...။
"ကြီးကြီးနွယ်...ကြီးကြီးနွယ်"
အဲ့ဒီလူ...လူမှန်းသူမှန်းမသိမူးနေပြီ...သူကဖြင့် သောက်နိုင်တဲ့သူလဲမဟုတ်ပဲနဲ့။
"ဒေါ်လေးအိပ်ပြီ"
သူမ ပြတ်ပြတ်ပြောကာ ထိုလူအားဖေးကူမိသည်။
သူမနဲ့ သူ့အရပ်က အတော်လေးကွာနေသည်။ ၅ပေ၃လက်မရှိသည့် သူမကို ပုသည်မဆိုနိုင်သော်လည်း ထိုလူသား၏၆ပေခန့်ရှိသည့် အရပ်နှင့် ယှဉ်တွဲမိချိန်ဝယ်...ထိုလူက သူမအားတစ်ချက်ငုံ့ကြည့်လျက်...
"ဪ...ဖွားစောရဲ့အချစ်တော် ကျွန်တော့ရဲ့ မဟေသီလေးကိုး"
ဟိုအရင် ကြည်လင်သည့် သူ့အသံသည် ယခု ဗလုံးဗထွး alcoholနံ့များ မွှန်နေသည်။ သူမ ဘာကိုမှမပြောချင်... သူ့အခန်းရှိရာဆီသို့သာ...
"မင်းက သွေးအေးအေးနဲ့ရက်စက်တတ်တဲ့ကဝေလိုပဲ သီရိမေ"
ခပ်ထွေထွေဖြစ်နေသည့် ထိုလူသား၏အသံအား ဘေးချိတ်လျက် သူ့ခုတင်ပေါ်ကိုသာ တင်ပေးလိုက်သည်။ ဝတ်ထားတဲ့ဂျင်းဘောင်းဘီ တီရှပ်တွေ ဖိနပ်တွေ လဲပေးချင်ပေမယ့် လက်ထပ်ခဲ့ကြတဲ့ ၁နှစ်ဆိုသောကာလမှ စကားအကြာကြီးပြောဖူးတာကိုတောင် လက်ချိုးရေလို့ရသည်မို့...မဝံ့မရဲ သူမလက်တို့တုန်ရီနေသည်။ ဖိနပ်ချွတ်ကာ အခန်းထောင့်တွင်သွားထားသည်။ ခြေအိပ်ကိုချွတ်ပေးနေစဉ်...
"မင်းတာဝန်ကျေခဲ့ပါတယ် သီရိမေ"
သူမ စောင်ပါးလေးကို သူ့ပေါ်ကို လွှားခြုံပေးလိုက်သည်။
"ငါ...ငါသာ အသုံးမကျတဲ့ အဲ့ဒီအသွားအပြန်မရှိတဲ့သစ္စာတရားနဲ့ အချစ်ကို ကိုးကွယ်ရင်း...ငါတောင်းပန်ပါတယ် သီရိမေ"
မေလ မုတ်သုန်ရာသီမို့ ညနက်လေက တဖြူးဖြူး... ပြတင်းပေါက်မှန်ကို သွားပိတ်ပေးလိုက်သည်။
"အခုတော့ မင်းလည်းငါ့ဆီကနေ ထွက်သွားတော့မှာပေါ့ သီရိမေ... နောက်ဆုံးတော့လည်း ငါတစ်ယောက်ထဲပါပဲ"
ဟက်ခနဲ့ သူရီလိုက်သေးသည်။ ရယ်စရာမှမဟုတ်တာ ဘာလို့ရယ်ပြောနေရတာလဲ...ထိုလူ၏ဦးခေါင်းနားသို့ ရောက်ခါနီးလက်ကို သူမပြန်ထိန်းချုပ်လိုက်ရသည်။
"ဟန်နီ...မင်းရက်စက်တယ်ကွာ..."
သောက်လေ့သောက်ထမရှိတဲ့ ခင်ဗျား... ခင်ဗျားချစ်သူကြောင့်ပေါ့ အခုလိုဖြစ်နေတာ။
"ငါ့ကို အိမ်ထောင်ရေး ဖောက်ပြန်တယ်လို့ပြောခံရအောင်အထိ မင်းအပေါ်သစ္စာရှိခဲ့တယ် ဟန်နီ။ ယောက်ျားတစ်ယောက်ရဲ့တာဝန် မကျေတဲ့အထိ မင်းကို ငါချစ်ခဲ့ရတာ...မင်းက မင်းကကျ..."
မီးရောင်မှိန်မှိန်အောက်မှာ ထိုလူသား၏မျက်ရည်မျကို သူမမြင်ရသည်။ ဒါ ခင်ဗျားရဲ့ ကျဆုံးခန်းလား...
"နောက်ဆုံးတော့ မင်းလည်းငါ့ကိုထားပြီး နောက်တစ်ယောက်ကိုချစ်သွားနိုင်တာပဲ... ငါ့ကိုထားသွားကြတာပါပဲ...အဖေရော၊ အမေရော... ရက်စက်လိုက်ကြတာဗျာ..."
ဒါဆို ကျွန်မက ဒီပွဲမှာ နိုင်ခဲ့တဲ့သူလား...ဦးစိုင်းနေရောင်။
သူမ ဆက်ပြီးနားမထောင်လိုတော့တာမို့ အခန်းအပြင်ထွက်ဖို့ ပြင်လိုက်ပေမယ့်...သူမလက်ကို ဖမ်းဆွဲထားသည့်လက်တစ်စုံကြောင့်...
"နှလုံးသားမရှိတဲ့မိန်းမ...မင်းက လမ်းဘေးပလက်ဖောင်းကခလေးတွေအတွက်၊ ကူရာကယ်ရာမဲ့ အဖိုးအဖွားတွေအတွက် နောက်ဆုံး လမ်းဘေးက ခွေးတွေကြောင်တွေအတွက်တောင် မေတ္တာထားနိုင်ပေမယ့် ငါ့အတွက်ရော...ငါ့အတွက်ကျ ဝတ္တရားကျေရုံလေးပဲလား သီရိမေ..."
ဟုတ်တာပေါ့။ မေတ္တာလိုအပ်နေသူတွေအတွက် မေတ္တာတွေ စေတနာတွေ ရှိသမျှအကုန်ပုံအောပေးချင်ပေမယ့် အစစအရာရာပြည့်စုံနေခဲ့ပြီးသားလူတစ်ယောက်ကို လိုချင်မှန်းမသိ မလိုချင်မှန်းမသိ စေတနာမိုးတွေ ရွာမပေးချင်ခဲ့ဘူးလေ။ ခင်ဗျားက ခင်ဗျားချစ်သူရဲ့ချစ်ခြင်းမေတ္တာအားဖြင့် ပြည့်စုံခဲ့ပြီးသား လူတစ်ယောက်ပါ။ မလိုအပ်တဲ့နေရာမှာ ဇွတ်အတင်းပေးပြီး ကျွန်မမေတ္တာတွေ ဈေးပေါသွားမယ့်အဖြစ်မျိုး...မေအလိုမရှိဘူး ဦးစိုင်းနေရောင်။
သူမမှာ မထားသင့်သည့်နေရာမှာ ထားတတ်တဲ့ တလွဲမာနမျိုးမရှိတတ်ခဲ့..သို့သော်ဒီနေရာမှာ သူမ မာနတွေထားပြလိုက်ချင်သေးသည်။
"ငါ့ကို လမ်းဘေးကခွေးတွေကြောင်တွေလောက်တောင် မင်းစိတ်ထဲမှာထားခဲ့ရဲ့လား သီရိမေ"
ခင်ဗျားမမြင်တတ်ခဲ့လို့ပါ...ဖြူစင်တဲ့မေတ္တာ၊ သန့်ရှင်းပြီး မျှော်လင့်ခြင်းမပါတဲ့ စေတနာတွေ ကျွန်မ ခင်ဗျားကို ပေးခဲ့တယ်။
"ထွက်သွားကြ...ထွက်သွားကြတော့ ဖွားစောရော ကျွန်တော့်နားမှာ ဘယ်သူ့မှမရှိပါလားဗျာ... ကျွန်တော့်ကိုတကယ်ချစ်တဲ့သူ တစ်ယောက်လောက်...တကယ်တစ်ယောက်ထဲပါ အများကြီးမလိုပါဘူးဗျာ..."
စိတ်ထဲရှိရာပြောပြီးနောက် ထိုလူသားသည် ငြိမ်သက်စွာ အိပ်စက်ခြင်းသို့...သူ၏လေးလံနေသော စိတ်တို့ ပေါ့ပါးသွားသယောင် စိတ်ချ လက်ချ အိပ်ပျော်သွားခဲ့ပေမယ့် သူမရဲ့လက်တွေကိုတော့ လွှတ်ပေးဖို့ မေ့လျော့ခဲ့လေသလား... တင်းကျပ်စွာဆုပ်ကိုင်ထားလေသည်။
"လွှတ်ပါ ရှင်ရေ...မေလေးက မနက်ဖြန်ဆိုခင်ဗျားဘဝထဲက ထွက်သွားတော့မယ့်သူ"

လမ်းခွဲကြပြီးနောက်Where stories live. Discover now