S2_4

7.7K 282 3
                                    

လမ်းခွဲကြပြီးနောက်(season 2)
Part4
Hoping kills

"မေမေ..."
အင်္ကျီထောင့်စွန်းကလေးကို ဆွဲလှုပ်နေပေမယ့် တွေဝေနေသည့် အမျိုးသမီးက ထိုကလေးငယ်အား လှည့်မကြည့်။ ငိုမဲ့မဲ့မျက်နှာထားသည် ရွာတော့မယ့်မိုးလို...လစ်လျူရှုခံရခြင်းသည် ၁၂နှစ်အရွယ်ကလေးငယ်တစ်ယောက်အတွက် နာကျင်စေသည်မို့။
"မေမေ ဖေဖေမလာသေးဘူးလား။ ဒီနေ့သားမွေးနေ့လေ... မွေးနေ့လက်ဆောင်ကရော"
ထိုအမျိူးသမီး၏ တိတ်ဆိတ်ခြင်းသည် ဒေါသအဖြစ်သို့
"မင်း တိတ်တိတ် မနေနိုင်ဘူးလား နေနေ။
မင်း အခြေနေကိုမသိဘူးလား... ဘာတွေဖြစ်နေတယ်ဆိုတာ ဂရုမစိုက်မိဘူးလား။ ဒီအခြေနေက မင်းမွေးနေ့ကို ကျင်းပနိုင်မယ့် အခြေနေလား"
ထမင်းစားပွဲကနေ ဆတ်ခနဲထကာ လှည့်ထွက်သွားသည့် နောက်ကျောတစ်ခု... ပြီးတော့ မီးဖိုခန်းထဲကနေ ပေါ်လာသည့် မျက်နှာ... ကိတ်မုန့်လေးတစ်ခုကိုကိုင်လာပြီး ပြုံးရွှင်လျက်...
သို့သော် ခလေးငယ်မှာ မပြုံးနိုင်ခဲ့။ ထိုခလေးလေး မျှော်လင့်နေသော လူမဟုတ်သောကြောင့်။
"နန်းနန်း ဘယ်သွားမလို့လဲ။ နေနေမွေးနေ့မို့ ဒေါ်လေး ကိတ်ဖုတ်လာခဲ့တယ်။ မွေးနေ့လုပ်ပေးရအောင်လေ"
ကိတ်ကလေးကို မြှောက်ပြရင်း ပြောနေပေမယ့် နန်းခတ္တာဆိုသည့် အမျိုးသမီးက နောက်သို့မလှည့်စတမ်း... လှေကားထိပ်ကိုရောက်မှရပ်တန့်သွားပြီး နောက်သို့လှည့်ကာ ငိုလုဆဲ ခလေးငယ်ကိုပြန်ကြည့်သည်။
"မျက်ရည်ကျစရာမဟုတ်ဘူး စိုင်းနေရောင်...
မင်းလည်း အရွယ်ရောက်ပြီ။ မွေးနေ့ပွဲမလုပ်ရတာလေးကို ငိုနေစရာမဟုတ်ဘူး။ ဘဝမှာ ဒီ့ထက်စိတ်ပျက်စရာတွေအများကြီးကြုံရအုံးမှာ။
မင်း ခံနိုင်ရည်ရှိအောင် ကြိုးစားစမ်း... မပျော့ညံ့စမ်းပါနဲ့ မင်းယောက်ျားပါ"
မျက်ရည်များကြားက မျက်ဝန်းတစ်စုံသည် နာကျည်းချက်အပြည့်ဖြင့်...။
"နေနေ သားလေး ဖယောင်းတိုင်မှုတ်လိုက်လေ။ ဆုတောင်းရအောင်။ သားဖေဖေက လာတော့မှာမဟုတ်ဘူး ဒီည"
"ဘာလို့လဲ"
အက်ရှရှ ခလေးငယ်၏ အသံ... သိရက်နဲ့ မေးတာပေမယ့် ဒေါ်လေးဘယ်လိုဖြေမည်ဆိုတာ သိချင်သေးသည်။
"သူ... သူ မအားလို့ပေါ့"
မျက်လုံးကို မှိတ်ပစ်လိုက်တော့ မျက်ရည်တစ်စက် လိမ့်ခနဲ့ကျသွားသည်။
"ဖယောင်းတိုင်မှုတ်ရင် ဆုတောင်းတွေ တကယ်ပြည့်မှာလား"
မော့ကြည့်လိုက်တော့ အရည်လဲ့နေပြီး ကြင်နာမှုအပြည့်နှင့် မျက်ဝန်းများ...
"ပြည့်မှာပေါ့ သားရယ်... ဒါပေမယ့် တစ်ခုရှိတယ်။ ဆုတောင်းတိုင်း သူ့အလိုလိုတော့ ဖြစ်မလာဘူးပေါ့။
ကိုယ်တိုင်ကလည်း ဆုတောင်းပြည့်ဖို့ ကြိုးစားရတယ်"
"ကြိုးစားရမယ်..."
ဒေါ်နွဲ့ရီက မျက်လုံးမှိတ်ကာ ခေါင်းငြိတ်လိုက်သည်။
"ကဲကဲ ဆုတောင်းတော့"
ခလေးငယ်က လက်နှစ်ဖက်ကို ဆုပ်လျက် မျက်လုံးမှိတ်ကာ ဆုတောင်းလိုက်သည်။ ထို့နောက် ဖယောင်းတိုင်ကို မှုတ်လိုက်ပြီးနောက် မီးသေနေသည့် ဖယောင်းတိုင်မီးစာက အငွေ့များကို လိုက်ကြည့်နေမိသည်။ အငွေ့တွေထဲမှာ မြင်လိုက်ရသည့် အမျိုးသားတစ်ဦး... ခလေးငယ်မျက်လုံးများဝင်းလက်သွားသည်မှာ ကြယ်ကလေးများကဲ့သို့...
"ဖေဖေ"
သူ ထိုင်ခုံကနေ ပြေးသွားပေမယ့် ထိုအမျိုးသား၏နောက်မှ ပါလာသည့် မိန်းမတစ်ဦးကြောင့် ခြေလှမ်းတို့ရပ်တန့်ကာ စွံ့အသွားလျက်... ထို့နောက်အပေါ်ထပ်မှ ဒေါ်နန်းခတ္တာ ဆင်းလာပြီး တစ်အိမ်လုံး ဆူညံပောက်ကွဲစွာ ကွဲရှသံများ... ရိုက်ခတ်သံ... ငိုရိုသံ အော်ဟစ်သံများ...။
"တော်ပါတော့"
တိုးလျသည့် ခလေးငယ်၏ အသံက ထိုဆူညံသံများကို မထိုးဖောက်နိုင်သည့်နောက်... ဆို့နစ်ခြင်း၊ နာကျင်ရခြင်းများသည် စားပွဲပေါ်က ချစ်စရာ ကိတ်ဆီသို့။
ခွမ်း...
စားပွဲပေါ်မှ အရာဝတ္ထုများအားလုံးနှင့် မွေးနေ့ကိတ်ကလေးသည် ကြေမွမျက်စီးရခြင်းသို့။
"သား..."
ရုန်းရင်ဆန်ခတ်ပတ်ဝန်းကျင်သည် ရုတ်တရက် သူရှိရာသို့ အာရုံကျရောက်သွားသည်။ မုန်းသည် ဆူညံသံတွေကို သေလောက်အောင် မုန်းသည်။ ပြီးတော့ အဲ့ဒီလူတွေ...
"ဖေဖေနဲ့ မေမေတို့ကို ကျွန်တော် မုန်းတယ်"
ကျောခိုင်းကာ အခန်းဆီသို့... မနက်ရောက်ရင် အဆင်ပြေသွားမှာပါဆိုတဲ့ မျှော်လင့်ချက်ဖြင့်။

လမ်းခွဲကြပြီးနောက်Where stories live. Discover now