8

7.2K 290 1
                                    

လမ်းခွဲကြပြီးနောက်
Part8
His birthday

ကြည်နူးစရာ အမှတ်တရတွေမရှိခဲ့ပါဘူး။ အချိန်ကြာကြီးအတူရှိခဲ့တာက အမှတ်တရဆိုရင်တော့ အဲ့ဒီတစ်နေ့တော့ ရှိခဲ့သည်။
December 19
အေးစက်လွန်းတဲ့ဆောင်းရာသီ...
"ဆုမြတ်ပြန်တော့လေ အန်တီပို စောင့်နေလိမ့်မယ်"
"နင်ပြီးမှပြန်မယ်လေ"
"ရတယ် ငါလက်စသတ်လိုက်မယ် ပြီးတော့ဒီမှာပဲ အိပ်ဖြစ်မယ်ထင်တယ်"
မနက်ဖြန်လာယူမယ့်မင်္ဂလာဆောင်ဝတ်စုံဂါဝန်အဖြူရောင်မှာ စီးကွင့်တွေထိုးရင်း... ထိုဝတ်စုံက သူမရဲ့ပထမဆုံး
အနောက်တိုင်း wedging dressချုပ်ခွင့်ရရှိခြင်း ဖြစ်သည့်အတွက် စိတ်တွေပိုနှစ်ထားမိနေခြင်း...
"အခုမှ၈နာရီရှိသေးတယ်... ပြီးတဲ့အချိန်နောက်မကျသေးရင် အိမ်ကိုပြန်အိပ်လိုက် မေလေး ဒီမှာတစ်ယောက်ထဲစိတ်မချဘူး..."
ဒီအိမ်ဒီနေရာက သူမရဲ့အိမ်မဟုတ်ဘူးလား။ ပြီးတော့ အရင်ကလည်းတစ်ယောက်ထဲပဲလေ... သူမ ဘယ်သူ့ကိုမှ အားမကိုးတတ်တာကို ဆုမြတ်ဆိုသူက သိပြီးသားဖြစ်ပေမယ့်...
"ငါ့ကိုစိတ်မပူနဲ့ နင်သာ ကောင်းကောင်းပြန်"
ဆုမြတ်ပြန်ပြီးသည့်နောက် သူမ ပုလဲလုံးလေးများကို အင်္ကျီအနှံ့ကျဲသလို လိုက်ချုပ်နေခဲ့သည်။ အားလုံးပြီးတော့ ည၁၀နာရီ...။ အိမ်ကိုမပြန်တော့ဘူး ဆုံးဖြတ်ထားတာမို့ ဒေါ်နွဲ့ရီဆီ ဖုန်းဆက်အကြောင်းကြားပြီးသား။ အိမ်ကိုပြန်မလာနိုင်ကြောင်းနှင့် ညစာမပြင်ပေးနိုင်တော့ကြောင်း...။ သူမ ယခင်နေခဲ့သည့်အခန်းကို မီးဖွင့်လိုက်တော့ ဖုန်တွေအဖွေးသား။ အပေါ်ထပ်ကိုမနေတော့တာ ၈လနီးပါးရှိပြီဆိုတော့ ပိုးမျှင်များရောနှင့် ဖုန်နံ့များက သူမအား အသက်ရှူရခက်စေသည်။ အခန်းကို အတန်ငယ်သန့်ရှင်းရေးလုပ်ပြီး အိယာပေါ်လှဲခဲ့ပေမယ့် အိပ်မရ။ ကျောကနာသလိုလို၊ ဖုန်နံ့နံသလိုလို... ပိုဆိုးတာက သိပ်အေးနေခြင်း။ဦးစိုင်းနေရောင်၏အိမ်လို မွေ့ရာမရှိ၊ မီးလင်းဖိုမရှိ... နောက်ပြီး ဒီနှစ်ဆောင်းက ပိုအေးနေသလို...
"ဘဝမေ့နေပြီလား မေလေး... တစ်နှစ်ပြည့်တာနဲ့ ဒီအိမ်ကို ပြန်လာရမှာလေ..."
တစ်ယောက်ထဲရေရွတ်မိသည်။ ထို့နောက် တစ်နှစ်မြန်မြန်ပြည့်ဖို့ဆန္ဒရှိနေတာက သူမကိုယ်တိုင်ပဲဟု ပြန်စဉ်းစားမိရင်း ဘာလို့ဒီလိုမျိုးဖြစ်နေတာလဲ သူမတွေးမရ။ ရန်ကုန်ဆောင်းက အခုလိုမအေးစဖူးအေးတော့
အရင်ကဆုပ်ကိုင်ပေးခဲ့ဖူးသော အဖေ့လက်တွေကို သတိရမိသည်။ထို့နောက် ပန်းခြံရောက်တုန်းက ဆုပ်ကိုင်ထားတဲ့သူ့လက်နွေးနွေး...
"ဂျလောင်း ဂျလောင်း"
သူမ လန့်သွားသည်။ သာမန်အိမ်ကလေးမို့ လူခေါ်ဘဲလ်မရှိ သံတခါးကို ဆွဲလှုပ်နေသည့်အသံ...။ လူလား... ဒီအချိန်ကြီး ဘယ်သူကလာမှာလဲ။ အောက်ထပ်ကို ကြောက်ကြောက်နှင့်ဆင်းခဲ့ကာ တံခါးနားရောက်လာတော့...သူ။
"ဦးစိုင်းနေရောင်"
"ဖွားစောက ဒီနေ့ညပဲ ကလောကနေ အိမ်ရောက်လာတယ်။ မင်းကိုခေါ်ခိုင်းလိုက်တာ"
ဖွားစောက... ညတွင်းချင်း ဘာလို့ဆင်းလာရတာလဲ။
"အာ...တောင်းပန်ပါတယ်ရှင့် ။ ကျွန်မကိုဖုန်းဆက်ရင် ရနေတာပဲကို..."
"ဒီအချိန်ကြီး မင်းက ဘာနဲ့လာဖို့စိတ်ကူးလို့လဲ"
သူမ တစ်ချက်တွေးနေတုန်း...
"မင်းကိုဘာနဲ့လာမှာလဲ စဉ်းစားခိုင်းတာမဟုတ်ဘူး။ မင်းကိုလာခေါ်တာ... ဒါနဲ့ မင်းငါ့ကိုအထဲပေးမဝင်တော့ဘူးလား အပြင်မှာ သိပ်အေးနေတယ်"
ထိုစကားကြားမှ သူမတံခါးဖွင့်ပေးဖို့သတိရကာ သော့ဖွင့်ပေးခဲ့ရသည်။
"Sorry...ဟို... ကျွန်မ အပေါ်ကို ယူစရာရှိတာလေးတွေတက်ယူလိုက်အုံးမယ်"
သူမကအနွေးထည်နှင့် ဖုန်းကိုယူက ပြန်ဆင်းလာတော့ သူဖုန်းပြောနေသည်။
"ဗျာ...ဖွားစော ဘာကိစ္စပြန်မလာရမှာလဲ။ ဘယ်လောက်ဝေးတာမှတ်လို့"

လမ်းခွဲကြပြီးနောက်Nơi câu chuyện tồn tại. Hãy khám phá bây giờ