လမ်းခွဲကြပြီးနောက် (season 2)
Part 19 (final part)Happily ever after
အင်္ကျီကြယ်သီးတပ်ပေးနေရင်း... သီရိမေ သူ့အမေးကို ဖြေရခက်နေသည်။ ချစ်လားတဲ့... အဖြေကို သူသိနေရက်...
"ဘယ်တုန်းကမှ... မမုန်းခဲ့ဘူး..."
"ဟာကွာ... အဲ့စကားကို လိုချင်တာမှ မဟုတ်တာ..."
"အခုပဲ မေလေးက ခင်ဗျားအိမ်ကိုရောက်နေပြီလေ ဘာတွေထပ်လိုနေသေးတာလဲ..."
"မရပါဘူး... တော်ကြာ ကျွန်တော်မျိုးက ဇွတ်အတင်းခေါ်လာတယ်ဆိုပြီး_"
စိုင်းနေရောင်စကားတို့ ရှေ့ဆက်ဖို့ရာ နှုတ်ခမ်းများမအားလပ်တော့။ သူမလေး၏ နှုတ်ခမ်းဖူးဖူးကလေးက သူ့နှုတ်ခမ်းမှာ နေရာယူလျက်...
"စကားလုံးတွေ လိုအပ်သေးလား... အခု"
"အင်း..."
အပြုံးများဖြင့် စိုက်ကြည့်နေသည့် မျက်ဝန်းများကို သီရိမေ ဆက်မကြည့်ရဲတော့တာကြောင့်... မျက်လွှာချကာ တိုးဝင်ခဲ့မိသည်က ထိုလူသား၏ ရင်ခွင်...။
"အဲ့လိုစကားမျိုး မေလေးက ပြောဖူးတာမဟုတ်ဘူး... ရှက်တယ်"
"ဟာကွာ ...အဲ့တော့ မပြောတော့ဘူးပေါ့"
နှာခေါင်းရှုံ့ကာပြောနေတဲ့ သူ့ကို သူမမော့ကြည့်ကာ သဘောတကျ တခစ်ခစ်ရယ်မိတော့... စိုင်းနေရောင် အသဲယားနေလျက်...
"ပြောတော့ကွာ... အပြင်ဘက်မှာ သားနဲ့မီးလေးစောင့်နေတယ်... သူတို့ကို အကြာကြီး စောင့်ခိုင်းမလို့လား..."
"ဟိုလေ... မေလေးကလေ... ဦးနေကိုလေ_"
"နေအုံး နေအုံး... ကိုကိုလို့ခေါ်..."
"မခေါ်ချင်ဘူး... အဲ့နာမ်စားက မမဟန်နီနဲ့တုန်းကလည်း သုံးခဲ့တာကြီး... မခေါ်ချင်ဘူး"
"ဟာ... ကြည့်စမ်း... အဲ့လိုမျိုး မှတ်ထားတတ်တယ်ပေါ့... ဘယ်ကတည်းက... မင်း..."
"ဘယ်တုန်းကမှ မမုန်းခဲ့ပါဘူး...ဆို"
"အဲ့ဒီတော့..."
"မေက... ကိုကို့ကို ချစ်ပါသတဲ့ရှင်... ရပြီလား"
"မရသေးဘူး... အာဘွားပေးအုံး"
စိုင်းနေရောင် ကလေးတစ်ယောက်လို ပါးဖောင်းပေးတော့ သီရိမေ ခြေဖျားထောက်ကာ နမ်းဖို့ပေမယ့်... စိုင်နေရောင် သူမနှုတ်ခမ်းဖူးဖူးလေးတွေကို အမိအရဖမ်းမိလိုက်သည်။ ဒီတစ်ခါ အနမ်းများမှာ တွန်းထိုးရုန်းကန်ခြင်းအလျင်းမရှိ... နူးညံ့သာယာသော...။
"ဖေဖေနဲ့ မေမေရေ... ထွက်ခဲ့ပါတော့ ချီချီတို့ အသင့်ဖြစ်နေပြီ..."
အပြင်ဘက်က ခေါ်သံကြောင့် ထွက်ခဲ့ကြတော့ အခန်းပြင်ဘက်မှာ အမွှာနှစ်ယောက်...
"ကဲ... ရပါပြီခင်ဗျာ ထွက်လာပါပြီ... ဟောဒီက သားနဲ့သမီးအလိုကျ ဖြစ်စေရပါမယ် ဘယ်သွားကြပါမလဲ ခင်ဗျ"
ပွေ့ချီကာ ပါးလေးကို နမ်းရှုံ့တော့ ချီချီလေးက နှာခေါင်းရှုံ့လျက်...
"ဘုရားသွားမယ် ပန်းခြံသွားမယ်... ပြီးကျ ရေခဲမုန့်စားမယ်"
"ဟုတ်ပါပြီဗျ... ဖြစ်စေရပါမယ်"
လှေကားထစ်တွေကနေ သမီးနဲ့ အဖေဆင်းသွားတော့ လင်းလင်းလေးကို သူမပွေ့ချီဖို့ရန်ပြင်သည်။
"ရတယ် မေမေ သားက ယောက်ျားလေး သန်မာတယ်"
"အံမယ်လေး လိမ္မာလိုက်တဲ့ မေ့သားလေး"
ပါးလေးကို ဆွဲဖျစ်ကာ လက်ကမ်းပေးတော့ လင်းလင်းက သူမလက်ကို ဆုပ်ကိုင်သည်။
"သွားကြမယ်တဲ့..."
သူမလှေကားထစ်တွေကဆင်းသည့် ခြေလှမ်းတိုင်း ပေါ့ပါးလို့နေသည်။ မျက်နှာမှာ ပန်ဆင်နေကြအပြုံးများက ဒီနေ့အလှဆုံးဖြစ်မည်။ မနေ့ညက ရွာတဲ့မိုးမှာ ဖုန်မှုံ့တွေလွင့်စင်သွားလို့ သစ်ပင်ပန်းပင်ကလေးတွေ စိမ်းစိုတောက်ပနေသလို... သီရိမေအတွေးထဲမှာ အရာအားလုံးဟာ လတ်ဆတ်နေလျက်... နှလုံးသားလေး နွေးထွေးနေသည်။
.........
"ဦးနေ..."
"ကိုကိုလို့ ခေါ်ပါဆို..."
"အင်း...မေးစရာရှိလို့"
"မေးလေ ခလေးရဲ့"
သူမပေါင်ပေါ်မှာ အိပ်နေတဲ့ စိုင်းနေရောင်ကို ငုံ့ကြည့်ကာ သူမ ကလေးတွေဆော့နေတဲ့ မြက်ခင်းပြင်ကို လှမ်းငေးလိုက်သည်။
"ကိုကို့မွေးနေ့တုန်းက တောင်းတဲ့ဆုပြည့်ပြီလား... မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်ဆိုတဲ့ ဆုတောင်းလေ..."
စိုင်းနေရောင် ပိတ်ထားသည့် မျက်လုံးတွေကို ဖွင့်လိုက်တော့ငုံ့ကြည့်နေတဲ့ သူမမျက်နှာလေးကို တွေ့လိုက်ရသည်။
"မပြည့်သေးဘူး"
သူ့စကားဆုံးတော့ သီရိမေမျက်နှာကလေး မသိမသာ ညိုသွားလျက်...
"နောက်ထပ် ကိုကို့ဖို့ ဘေဘီလေးတွေ ထပ်မွေးပေးမှ... အဲ့တော့မှ ဆုတောင်းက ပြည့်စုံမှာ..."
"ဟာကြာ..."
သူမမျက်နှာလေး ရဲတွတ်လျက်...
"ချစ်လိုက်တာ ချာတိတ်ရယ်..."
စိုင်းနေရောင် ထကာ သူမ နဖူးကို မြတ်နိုးစွာ နမ်းရှိုက်မိတော့ သီရိမေ ပြုံးလျက်...
ကိုယ်ကချစ်ရတဲ့သူနဲ့ ကိုယ့်ကိုချစ်တဲ့သူ ထပ်တူကြနေတဲ့အခါမှသာ... ထိုအေးချမ်းသာယာမှုမျိုး ရဖူးကြပေလိမ့်မည်။ သေချာပါသည်... ဒီမိသားစု ဒီလင်မယား... ရှေ့ဆက် သာယာတော့မည်ဆိုတာ...။
ဤလူသားနှင့် အကြင်မိန်းကလေးတို့သည် လမ်းခွဲကြပြီးနောက် ပျော်ရွှင်စွာ ပြန်လည်ပေါင်းစည်းကြလေသတည်း။
![](https://img.wattpad.com/cover/273543841-288-k645449.jpg)
ВЫ ЧИТАЕТЕ
လမ်းခွဲကြပြီးနောက်
Любовные романыZawGyi code is below. A young normal girl met an old lady and her life changed.