S2_2

8.3K 294 0
                                    

လမ်းခွဲကြပြီးနောက် (season 2)
Part 2

Come back to me

ရှင်းလင်းနေသည့် အခန်း...လူနေသွားတယ်လို့ မထင်ရလောက်အောင် ပြောင်လက်နေလျက်...
သူ တစ်ချက်မဲ့လိုက်သည်။
မင်းက မင်းအငွေ့သက်တွေကို ချန်ထားခဲ့ဖို့ကိုတောင် တွန့်တိုတတ်သလား သီရိမေ...
ထားပါတော့ ငါကရော... မင်းအငွေ့သက်ကို ဘာကြောင့် တောင့်တနေရသလဲ...။ ကုမ္ပဏီက ကိစ္စတွေကို ကိုင်တွယ်သလိုမျိုး သူ့နှလုံးသားကို manageလုပ်လို့ရရင် ကောင်မယ်...
စိုင်းနေရောင် ကုတင်ပေါ်ကို ပစ်လှဲလိုက်သည်။ သူမ တစ်နှစ်တာ အိပ်စက်ခဲ့တဲ့ ကုတင်လေး... သူမရနံ့လေးတစ်ချို့အား ရလို့ရငြား...။သူ တွေးရင်း ပြုံးမိသည်။ မချိသည့် အပြုံးများ...။ အပြုံးဆိုမှ အဲဒီ ချာတိတ်မ... သူမ ပြုံးရင် အတော်လှသည်။ တစ်ခြားသူအတွက်ဆို ရက်ရောခဲ့သလောက် သူ့အတွက်ဆို ပေါပေါလောလော  မရခဲ့သည် မေတ္တစေတနာနှင့်အတူ... ထိုကဲ့သို့ ဖြူစင်သည့် အပြုံးများ။ တွေ့ရခဲသည်... သူ့ ၂၉နှစ်ပြည့် မွေးနေ့တုန်းက တစ်ခါ... ရေခဲမုန့်အတူစားတုန်းက တစ်ခါ ပြီးတော့ မင်္ဂလာဆောင်ဓာတ်ပုံတွေထဲက ဓာတ်ပုံဆရာပြုံးခိုင်းလို့ ငိုချင်ရက်နှင့် ပြုံးခဲ့သည့် သူမအပြုံးများ... ဘယ်လိုပဲဖြစ်ဖြစ် လှသည်။ စိုင်းနေရောင် မျက်လုံးကို မှတ်ထားလျက်.... ဘာကိုမှ မတွေးတောပဲ ခဏလောက် နေလို့ရမလား...။ ထိုအိပ်ယာပေါ်တွင် သူတစ်ရေးလောက် ထပ်အိပ်ဖို့  ခေါင်းအုံးကို ယူလိုက်တော့ ခေါင်းအုံးအောက်က စာအုပ်လေးတစ်အုပ်။ ထိုစာအုပ်ကို စိုင်းနေရောင် အကြိမ်ဖန်များစွာ မြင်ဖူးနေသည်။ ပိတ်ရက်တိုင်း ခြံထဲက ခုံတန်းလေးပေါ်မှာ အမြဲထိုင်ကာ ပုံဆွဲနေတတ်သည့် သူမကို စိုင်းနေရောင် သူ့အခန်းပြတင်းပေါက်ကနေ ခဏခဏ ငေးကြည့်ဖူးသည်။ အထူးသဖြင့် သူ့မွေးနေ့ပွဲပြီးသည့် နောက်ပိုင်း... တစ်ခါတလေ ထိုချာတိတ်မလေးက စာတွေလည်း ရေးနေတတ်သည်။ ဒိုင်ယာယီလား... ခေါင်းအုံးအောက်မှာ ဒိုင်ယာယီဖွက်တတ်တာက ခလေးတွေမလား... မင်းက တကယ် ခလေးပဲ သီရိမေ... စိုင်းနေရောင် စာအုပ်ကို လှပ်လိုက်သည်။ သူများ၏ ဒိုင်ယာယီကို ခိုးမကြည့်သင့်မှန်း သိသော်လည်း... ထိုခလေးမလေး၏ ဘဝတစ်စိတ်တစ်ပိုင်းကို သိချင်စိတ်အား သူ့၏ လူကြီးလူကောင်းဆန်းမှုများက မကျော်လွှားနိုင်ခဲ့...။ တကယ်တော့ သူ့လူကြီးလူကောင်းဆန်မှု ဆိုတာတွေကလည်း စီးပွားရေးလုပ်ပြီဆိုမှ သူအတင်းအကျပ်လုပ်ယူခဲ့ရတာမျိုးဆိုတော့... အမှန်ဆို စိုင်းနေရောင်ဆိုသည်မှာ ခေါင်းမာတစ်ဇွတ်ထိုးဆိုတဲ့ ဂုဏ်ပုတ်များဖြင့် သူ့ကျောင်းသားဘဝကို ဖြတ်သန်းခဲ့သည်။
ThiriMay (Grace).
သူမရဲ့ ဆိုင်နံမည်ကလည်း Graceပဲ...
ပထမစာမျက်နှာတွင် သူမ၏ ကိုယ်ရေးကိုယ်တာ အချက်လက်များ ရေးထားသည်။ တစ်ခု ချစ်စရာကောင်းတာက အချက်လက်များကို သူမကိုယ်တိုင်ဆွဲထားသည့် ပုံငယ်လေးများနှင့် တွဲထားခြင်း... ခလေးဆန်လိုက်တာလို့ပြောရင် သူမက နုတ်ခမ်းဖူးဖူးလေးကို ပို၍ ထော်ပြအုံးမည်။ သို့သော် သူ့ရှေ့တွင်တော့ ထိုအမူအယာမျိုး လုပ်ပြမည်မဟုတ်မှာ သေချာသည်။ သူကရော သူမနဲ့ပတ်သတ်ပြီး ဘာမှတ်ချက်တွေ ပေးခဲ့လို့လဲ...။ မှတ်ချက်တစ်ခုပေးရလောက်အောင် ရင်းနှီးခဲ့ကြလို့လား... စိုင်းနေရောင် သူ့အတွေးများနှင့် သူ မွန်းကြပ်လာသည်။ စာအုပ်ကို သေချာပြန်အာရုံစိုက်ကြည့်တော့ သူမ၏ မွေးနေ့ဆီ အကြည့်ရောက်သွားသည်။ ဘေးမှာ မွေးနေ့ကိတ်ပုံစံလေးနှင့် လက်ရေးဝိုင်းကလေးများ...
May 25... သူတို့ မင်္ဂလာဆောင်တဲ့နေ့ပါလား တိုက်ဆိုင်လိုက်တာ။ သူဆက်ဖတ်တော့ သူမ မိဘများ၏ နှစ်ပတ်လည်နေ့... စိုင်းနေရောင် တစ်စုံတစ်ခုအပေါ် အားနာရခြင်းများစွာ ခံစားရလျက်။
May 25ပဲတဲ့လား... ပတ်ဝန်းကျင်သည် ပို၍တိတ်ဆိတ်လာသလိုလို... သူမ မည်မျှနာကျင်ခဲ့ရမလဲ။ သူနဲ့ ဖွားစော အဲဒီချာတိတ်မလေးအပေါ် သိပ်ရက်စက်လွန်းရာ ကျခဲ့ပြီလား။ သူမ ဘဝ၏ ဝမ်းအနည်းရဆုံးနေ့မှာ သူတို့ လက်ထပ်ပွဲကို လုပ်ခဲ့ကြသတဲ့...။ ပြီးတော့ အဲဒီ မင်္ဂလာပွဲက တစ်ယောက်နဲ့ တစ်ယောက်မချစ်ကြပါပဲနဲ့... အဲဒီကောင်မလေး... သူမ ဖွားစောကို ရက်ရွှေ့ဖို့အတွက် ပြောခဲ့သင့်တယ်မထင်ဘူးလား။ ထုံတာလား အတာလား။
သူမအပေါ် ငိုချင်ရက်လက်တို့ ရက်စက်လွန်းလှသည့် အပြောအဆိုမျိုး ထိုနေ့ညက သူပြောထွက်ခဲ့သည်။ စိုင်းနေရောင် ထထိုင်လိုက်ပြီး နောက်ထပ်တစ်ရွက်ကို လှန်လိုက်သည်။
My dream...
သူမက ဒိုင်ယာယီကို စာချည်းမရေးပဲ ပုံများဖြင့် လှလှပပ ရေးထားသည်။ ပုံဆွဲကတော့ တော်တော် ကောင်းသည်ဟု စိုင်းနေရောင် မှတ်ချက်ချလျက်။
Designerဖြစ်ချင်တယ်တဲ့၊ ပြီးတော့ သူမရဲ့ အဲဒီ အိမ်ကလေးမှာ အမြဲတမ်းနေသွားချင်တယ်တဲ့...
သူမရဲ့ မိဘများက ငွေကြေးတစ်ချို့နှင့် အိမ်ကိုချန်သွားခဲ့ကြောင်း၊ သူမ မိဘများ၏ အငွေ့အသက်များရှိသည့် ထိုအိမ်ကို နည်းနည်းမျှ မပြုပြင်လိုကြောင်း၊ တစ်သက်တာ ထိန်းသိမ်းသွားလိုကြောင်း... ထိုခံစားချက်မျိုး သူနားလည်သည်။ ဘာကြောင့် ထိုအိမ်ကလေးအတွက် တစ်နှစ်တာ သူ့ဆီမှာ ဒုက္ခလာခံခဲ့ရသလဲ... သူနားလည် မိခြင်းနှင့်အတူ... သူ၏ အေးစက်ခဲ့ခြင်းများအား နောင်တများစွာဖြင့်...။ သူတစ်ရွက်ပြီး တစ်ရွက်ဖတ်ပြီးတိုင်း နာကျင်ခြင်းက တိုး၍ တိုး၍...
သူတို့ လက်ထပ်ခဲ့ကြသည့် နေ့မှာရေးထားသည့် စာနှင့် ပုံများကို ဖတ်ပြီးနောက် စိုင်းနေရောင် သူ့ကိုယ်သူ လေဟာပြင်သို့ရောက်သွားသကဲ့သို့...ခံစားရသည်။ တွေးကြည့်ရုံဖြင့် သူမ အဘယ်မျှ နာကျင်ခဲ့ရကြောင်း ထို့နောက် ထိုနာကျင်မှုများက သူ့အား ကူးစက်လောင်ကျွမ်းလျက်...

လမ်းခွဲကြပြီးနောက်Where stories live. Discover now