လမ်းခွဲကြပြီးနောက်
Part 6
She had no choice.
"ခလေးရယ် နေနေနိုးအောင်စောင့်သွားပါအုံးလား"
"မစောင့်တော့ဘူး ဒေါ်လေး"
အတတ်နိုင်ဆုံးပြုံးထားတဲ့ သူမအပြုံးများ မပီပြင်။
"အေးပါ...ဂရုစိုက်နော်ခလေး ဒေါ်လေးဆီလည်း ခဏခဏဖုန်းဆက် ထမင်းလည်းပုံမှန်စားနော်"
ဒေါ်နွဲ့ရီသည် မျက်ရည်တစမ်းစမ်းဖြင့် မိခင်တစ်ယောက်မှ ခလေးတစ်ယောက်ကိုမှာပုံမျိုးနှင့် မှာတမ်းများချွေတော့ သီရိမေခမျာ ဆက်လက်အသည်းမမာနိုင်ခဲ့။ သူမ ဒီအိမ်ကြီးပေါ်ကို ရောက်လာကတည်းက ဒေါ်လေးနွဲ့သာ သူမကိုဂရုစိုက်ခဲ့သည်။ ဒီအိမ်မှာ စိုင်းနေရောင်မိဘများလက်ထက်ကတည်းက စောင့်ရှောက်လာခဲ့သည့် သစ္စာရှိအိမ်တော်ထိန်း...ဒေါ်နွဲ့ရီဆိုသည်မှာ စိုင်းနေရောင်၏မိခင်လိုတစ်မျိုး အဒေါ်လိုတစ်မျိုး စောင့်ရှောက်ခဲ့ရသူ...။သူမဒီအိမ်ပေါ်ကို ဆိုင်းဘုံမဆင့် ရောက်လာခဲ့တဲ့အချိန်မှာလည်း သမီးရင်းလေးသဖွယ် စောင့်ရှောက်ပေးခဲ့ရှာသူ...။
မေလေးက ပျော်ရာကိုသွားမှာပါ ဒေါ်လေးရဲ့ မေလေးပျော်မှာပါ။
"လမ်းမှာတွေ့ရင် မေလေးကိုနှုတ်ဆက်နော်"
ကျလာသောမျက်ရည်များအား မမြင်စေရန်အလို့ငှါ သူမဆွဲဖက်လိုက်သည်။ နောက်ထပ်မတွေ့တော့အောင် အဝေးကိုထွက်သွားတော့မယ်လို့တော့ သူမပြောမထွက်တော့။
"တိတ်ပါ ခလေးရယ် တိတ်ပါ"
ဒေါ်လေးနွဲ့က သူမကျောကို သပ်ပေးရှာသည်။
ကားရောက်လာပြီ။ အထုပ်အပိုးတွေကိုကားထဲထည့် ကားပေါ်တက်ကာ သူမထွက်လာခဲ့တော့သည်။ နောက်မလှည့်ကြည့်စတမ်း...နောက်ထပ်မျက်ရည်မကျစတမ်း...။ကားရဲ့backမှန်မှာတော့ ခြံထဲမဝင်သေးပဲ ငေးကြည့်နေသေးတဲ့ ဒေါ်လေးရယ်၊ ကြီးမားတဲ့ခြံတံခါးကြီးရယ်၊ မြက်ခင်းစိမ်းတွေရယ်... ဟိုး
အဝေးက ခမ်းနားထည်ဝါသည့် ပြာနုရောင် တိုက်အိမ်ကြီးရယ်...တဖြည်းဖြည်းနဲ့ တရိပ်ရိပ်နဲ့ နောင်ဆုံး မှန်ကလေးထဲမှ ပုံရိပ်ကလေး ပျောက်ကွယ်သွားသည်အထိ သူမငေးကြည့်နေမိသည်။
တကယ်ဆို သံယောဇဉ်တွယ်ရလောက်အောင်ထိ ခွဲခွာချိန်မှာ ထိုကဲ့သို့ ခံစားရလောက်အောင်ထိ ထိုတစ်နှစ်တာဆိုသော ကာလသည် အမှတ်တရများစွာ မရှိပါပဲနဲ့။
"နောက်ဆုံးဒီအချိန်ကိုရောက်လာခဲ့ပြီပေါ့ ဦးနေ
ပျော်ရွှင်စွာ နေရစ်ခဲ့ပါတော့..."
***
လွန်ခဲ့တဲ့ တစ်နှစ် ထိုဆုံးအပေးအယူကို လုပ်ခဲ့တဲ့ အဲ့ဒီနေ့...
"နောုထပ်တစ်ခုထပ်တောင်းလို့ရသေးလား ဖွားဖွား"
"ပြောကြည့်လေ"
"တကယ်လို့…တကယ်လို့နော် ဖွားမျှော်လင့်သလို ထြစ်မလာပဲ ၁နှစ်ပြည့်လို့ လမ်းခွဲကြပြီးနောက် သမီးဆိုင်ကိုပြန်ရပြီးရင် သမီးကိုဘယ်တော့မှ ထပ်မရှာပါနဲ့တော့"
အဖွားဒေါ်စောနန်းခင်ဦးသည် ယခင်ပြုံးနေကျပုံစံမျိုး ပြုံးသည်။
"သမီးက ကွာရှင်းဖို့အထိတွေးလိုက်ပြီလား...ကဲထားပါ ၁နှစ်ပြည့်လို့ သမီးတို့လမ်းခွဲဖြစ်ခဲ့ရင် ဆိုင်ကိုပြန်ပေးမယ် တစ်နှစ်ပြည့်မှနော်...ပြီးရင် ထပ်လည်းမရှာတော့ပါဘူး စိတ်ချပါ။ ဒါပေမယ့် သမီးရေ... ကြိုးစားမကြည့်ချင်ဘူးလား အိမ်ထောင်တစ်ခုခိုင်မြဲအောင်... သမီးကငယ်သေးတော့ အိမ်ထောင်ရေးအကြောင်း ဘာမှနားမလည်သေးဘူးဆိုရင်တောင် သမီးတတ်ကျွမ်းတဲ့ ချစ်ခြင်းမေတ္တာနဲ့ ချည်နှောင်မကြည့်ချင်ဘူးလား...ဖွားတောင်းဆိုတာပါ"
သူမ မည်သည့်စကားကိုမှ မဆိုပဲ သူမရဲ့ မည်သည့်ဆိုးဆေးမှမချယ်သည့် ခြေသည်းလေးများအား ငုံကြည့်နေခဲ့မိသည်။
အဲဒါက သူမရဲ့နောက်ဆုံးတောင်းဆိုချက်ပါပဲ...
ကျွန်မတို့က အဲ့လိုမျိုး အပေးအယူတွေနဲ့ စတင်ခဲ့ကြတယ် ဦးနေ...။
အိမ်ကိုပြန်ရောက်တော့ ဆုမြတ်တို့တစ်တွေက မျှော်လင့်စောင့်စားစွာ...
ဒေါ်စောနန်းခင်ဦးက ထိုလူအား ပြောစရာစကားရှိသေးသည်ဟု ဆိုကာ driver တစ်ဦးကိုပဲ လိုက်ပို့ခိုင်းခဲ့သည်။ ထိုအရာကိုပဲ သူမကျေးဇူးတွေတင်လျက်...ထိုစိုင်းနေရောင်ဆိုသည့်လူနှင့်အတူရှိနေရသည်မှာ သူမအတွက် စိတ်ကျဉ်းကျပ်လှသည်။
သူမဆိုင်ထဲကိုရောက်သည်နှင့် မွန်မွန်က
"ဆိုင်ကဘာဖြစ်မှာတဲ့လဲ မေကလေး"
တစ်ခြားသူများကလည်း သူမအားမျှော်လင့်အားကြီးစွာ..
"မေကလေးတို့ဆိုင်ကိုဖျက်စရာလည်းမလိုဘူး ရောင်းလည်းမရောင်းရဘူး မွန်မွန်"
"တကယ်"
သုံးယောက်လုံး၏မျက်လုံးများသည် တောက်ပစွာ...
"ဒါပေမယ့်...မေလေး သူ့ကိုလက်ထပ်မှတဲ့"
"ဘယ်လို"
မသိမ့်က အံ့သြစွာ။ ဆုမြတ်က မယုံနိုင်စွာ
"ဘယ်သူ့ကိုလဲ"
"ဦးစိုင်းနေရောင်ကို"
သူမစကားကိုကြားတော့ မသိမ့်တစ်ယောက် အရုပ်ကြိုးပြတ်...သိမ့်သိမ့်သူဆိုသော အကြီးဆုံးသူမက သီရိမေဆိုသော ခလေးမလေးအပေါ်တွင် အသနားပိုနေသူမို့။
"အသေးစိတ်ပြောပြစမ်းပါ မေကလေးရယ်"
သူမကယ်ခဲ့သော သနားစရာအဖွားအိုဟာ ဘယ်သူဆိုတာနှင့် အဖွားနှင့် သူမကြားက အပေးအယူကို ပြောပြပြီးအဆုံးမှာတော့ သူမတို့ဆိုင်ကလေးဟာ တိတ်ဆိတ်လျက် ပြောစရာစကားတို့ ကင်းမဲ့နေခဲ့သည်။
YOU ARE READING
လမ်းခွဲကြပြီးနောက်
RomanceZawGyi code is below. A young normal girl met an old lady and her life changed.