လမ်းခွဲကြပြီးနောက် (season 2)
Part 15
You aren't worth to be my baby's father."မင်းလုပ်နေပုံနဲ့ ပြသနာက ရှင်းသွားမှာမဟုတ်တော့ဘူး"
"ချာတိတ်က အတွေ့မှ မခံတာ..."
"တဇွတ်ထိုးကိုနေက ဘယ်ရောက်သွားတာလဲ... မင်းနဲ့မတူလိုက်တာ... စိတ်ချ ငါ့လက်ထဲအပ်လိုက် ငါကြည့်လုပ်မယ်"ဆိုပြီး ဥာဏ်လင်းက သူမတစ်ယောက်ထဲရှိရာ စားပွဲဝိုင်းဆီ သွားထိုင်တော့ စိုင်းနေရောင်မှာ... အဝေးကနေ မရိုးမရွ။ ဥာဏ်လင်းဆိုတဲ့ကောင်က လွယ်တဲ့သူမဟုတ်...။ ဘာတွေပြောလို့ ဘာတွေလုပ်အုံးမယ်မသိ။ စိုင်းနေရောင် သူတို့ရှိရာဆီ လှမ်းကြည့်လိုက်သည်။ အိမ်ကနေပြန်သွားပြီးနောက် အတွေ့မခံခဲ့တာက ဒီနေ့ထိ...။ ကိုယ့်ရင်သွေးလေးတွေပါဆိုပြီး သိပါပြီဆိုကတည်းက အမွှာနှစ်ယောက်ကလည်း သူ့အမေစကားတစ်ခွန်းမှတစ်ခွန်း။ ဘာတွေခြောက်ပြီး ဘာတွေဟောက်ထားသည်မသိ... သူ့ကိုမြင်တာတောင် အစကလို ဖက်လှဲတကင်း မရှိကြတော့။ တွေ့တာနဲ့ သားမိသုံးယောက်စလုံး အိမ်ပေါ်ပြေးတက်သွားကြတာ။ အဲ့ဒီရက်တွေက ဆုမြတ်နှင့်ခန့်ကျော်၏ မင်္ဂလာဝတ်စုံ ၂စုံသာမက နှစ်ဖက်မိဘအဝတ်တွေပါချုပ်နေရတာမို့ သူမအလုပ်ပျက်မှာစိုးတာကြောင့် သူမ မမြင်ကွယ်ရာကနေသာ လှမ်းငေးနေရသည့်ဘဝ။ ညဘက်တွေမှာ အရက်သောက်ဖို့ ခန့်ကျော်က မအားတော့တာမို့... ဥာဏ်လင်းကိုသာ လှမ်းခေါ်ခေါ်နေရတော့ သူပြောသမျှ နားအပူခံရဆုံးလူသားက ဥာဏ်လင်းဖြစ်လာတော့သည်။ မင်္ဂလာဆောင်နေ့ရောက်တော့လည်း လူကြားသူကြား သွားရမှာ ဆူဆူညံညံတွေကြောင့် ခေါင်းကိုက်ရမှာပေမယ့် သူမလာမည်ဆိုတာ သိနေတာမို့...။ စိုင်းနေရောင် သူကသာ လည်ပင်းတစ်ရှည်ရှည်နှင့် သူမရှိရာကိုသာ လှမ်းကြည့်နေရပေမယ့် သူမလေးက မြင်သည့်ပုံမပေါ်။
မြင်သွားပြန်တော့လည်း... ဥပေက္ခာများစွာဖြင့် ထပ်ပြီး မသိချင်ယောင်ဆောင်သွားရာက... နောက်တော့ ဥာဏ်လင်းဆွဲခေါ်ရာ သူမက အသာတကြည်လိုက်သွားပြန်သည်။ သူ့အကျိုးအတွက် ဥာဏ်လင်းလုပ်ပေးနေတာဆိုသည့်တိုင်... သူမလေးကို စိတ်မချနိုင်ခြင်းများက လူကိုပူပန်စွာ...။ ဟော်တယ်ထဲက ထွက်လာခဲ့ပြီး သူတို့နောက်လိုက်ခဲ့ရင်း... သူမတို့စကားပြောနေတာမြင်တော့ ကြားနိုင်လောက်သည့်အကွာအဝေးတစ်ခုက နံရံနောက်မှာ ပုန်းလိုက်သည်။

أنت تقرأ
လမ်းခွဲကြပြီးနောက်
عاطفيةZawGyi code is below. A young normal girl met an old lady and her life changed.