9

7K 291 0
                                    

လမ်းခွဲကြပြီးနောက်
Part 9
After the rain

ဆောင်းရာသီမှာရွာတဲ့ မိုးတွေစဲပီးနောက် ရန်ကုန်ဆောင်းသည် ပုံမှန်အခြေနေသို့။ ၂၉နနှစ်ပြည့်မွေးနေ့သို့လာခဲ့သော ဖွားစောသည် ကလောက ပိုးထည်တိုက် ကိစ္စဖြင့် ကြာကြာမနေပဲပြန်သွားခဲ့သည်။
သူမနှင့် စိုင်းနေရောင်တို့သည်လည်း ယခင် တွေ့လျင်ရှောင်သွား ဆက်ဆံရေးအဖြစ်သို့ ပြန်လည်အေးစက်ခဲ့ပြန်သည်။ သို့သော်... မိုးရွာပြီး မြေသင့်နံ့များရသလိုမျိုး၊ သစ်ရွက်လေးတွေပိုစိမ်းစိုနေပြီး လောကကြီးက ပိုလှနေသလိုမျိုး... ခြံထဲကနှင်းဆီနံ့တွေပိုမွှေးလာသလိုမျိုး... ဘယ်လိုခံစားမှုမျိုးလဲ... တစ်ခါမှ မလှုပ်ရှားဖူးသော သူမရင်ခုံသံတွေက ပိုလတ်ဆတ်နေသလိုလို...
ခပလေးပါပဲ။
"ရည်းစားရှိတဲ့သူကိုမှ ရအောင်ယူရသလား
နင့်အတွက် ယောက်ျားအဲ့သလောက်ရှားသလား"
အသံလာရာဆီ လှည့်ကြည့်မိတော့... အနက်ခံပေါ်မှာ နှင်းဆီပွင့်နီနီရဲ ဝမ်းဆက်နှင့် မိန်းကလေးချင်းငေးယူရလောက်အောင် လှသော ဟန်နီချို...။
"မေလေးကိုပြောတာလား"
ဘယ်လိုတုံ့ပြန်မှုကြီးလဲ တုံးအလိုက်တာ။
"ငါ့ရှေ့မှာနင်ပဲရှိတာလေ။ နင့်ကိုပြောနေတာပေါ့"
ရဲဆွေးနေတဲ့ နှုတ်ခမ်းတွေကို မဲ့လိုက်သည့်တိုင် ထိုးမိန်းကလေးက လှနေသေးသည်။ "မေလေးတောင်းပန်ပါတယ်...ဟိုလေ... မေးလေးက ဖွားဖွားက_"
"ဖွားစောကို လွှဲမချကြပါနဲ့ "
ထိုစကားလုံးများအောင်တွင် သူမခေါင်းကို ပိုငုံ့ချလျက်... ပုံဆွဲလက်စခဲတံကို ကျစ်နေအောင် ဆုပ်ကိုင်ထားမိသည်။
"ငါ့ကိုဗီလိန်ဇာတ်မသွင်းစမ်းနဲ့ သီရိမေ... ဖွားစောကိုနင်သိမ်းသွင်းရချင်ရမယ် ဒါပေမယ့် ကိုကို့ကိုတော့ နင်မရဘူး"
"မဟုတ်ဘူး... တစ်နှစ်ပြည့်တာနဲ့ မေလေးတို့ကွာရှင်းကြမှာ မမစိတ်အနှောက်ယှက်ဖြစ်ရင် မေလေးတောင်းပန်_"
"တော်စမ်းပါ... ငါ့ရှေ့မှာ သနားစရာမျက်ခွက်လာလုပ်မပြနဲ့ ငါဖွားစောမဟုန်ဘူး"
ထိုမိန်းကလေးက သူမရှေ့ကိုတစ်လှမ်းချင်းလျောက်လာကာ သူမ၏မေးဖျားအား လက်ညိုးတစ်ချောင်းထဲဖြင့် မော့စေပြီး...
"အရင်လို သူစိမ်းနေလိုပဲ နေစမ်းပါ... တစ်နှစ်မပြည့်ခင် အချိုးတွေပြောင်းမလာနဲ့ နင့်ခြေလှမ်းတွေငါသိတယ်...
ကိုကိုနဲ့ ဝေးဝေးမှာနေ။ ဖြစ်နိုင်ရင် အခုကတည်းက ကွာရှင်းပေးစေချင်တာ... နင်က ငါတို့နှစ်ယောက်အတွက် အနှောက်အယှက်ပဲ။ နင့်ကြောင့်ငါတို့ ခွဲရတော့မယ် "
ထိုကဲ့သို့ ထိုးနှက်သည့်စကားလုံးတွေပြောနေသည့်တိုင် သူမမှာ ပြန်လည်ချေပစရာ စကားလုံးတို့ရှာမတွေ့ခဲ့။ သူပြောသလို တစ်ချို့ကမှန်နေတဲ့အတွက် သူမက မှားခါနီး ခံစားချက်တစ်ချို့ကို ပိုင်ဆိုင်ထားသည့်အတွက် သူမက မည်ကဲ့သို့သော သတ္တိမျိုးနှင့် ပြန်ပြောရမည်နည်း။ မရှိခဲ့ဘူးသော မာနတို့ ပျက်သုဉ်းလျက်...
"ဟန်နီ...အဲဒီမှာ ဘာလုပ်နေတာလဲ"
ထိုလူသား...
ဟန်နီချိုသည် သူမအား ကြမ်းတမ်းစွာ စောင့်ချပြီး...
"ဒီမှာလေ... ညီမလေးကိုနှုတ်ဆက်နေတာ
ကိုကိုညက လာတွေ့မယ်ဆိုပြီး ဘာလို့မလာတာလဲ
ဟန်နီ စောင့်နေတာ"
"အင်း... ကိုကို ကိစ္စလေးရှိလို့"
ထိုလူသား၏ လက်မောင်းအား လွတ်ထွက်သွားမှာစိုးသည့်အလား တင်းကြပ်စွာ ဆုပ်ကိုင်ပြီး တီတီတာတာ စကားများပြောကာ ကျောခိုင်းသွားပြီဖြစ်သော နောက်ကျောပြင်နှစ်ခုအား မျက်နှာလွှဲကာ သူမဆွဲလက်စပုံကလေးဆီ ကြည့်မိသည်။ ခလေးငယ်မလေးက မိုးပျံပူပေါင်းကိုတစ်ဖက်က ကိုင်ထားပြီး တစ်ဖက်က ရေခဲမုန့်ကိုကိုင်ထားသည်။ ပူပေါင်းကိုကိုင်ထားသည့်လက်ကို အမေဖြစ်ဟန်းမိန်းကလေးတစ်ဦးက ဆွဲကိုင်ထားပြီး အမျိုးသားက ထိုအမျိုးသမီး၏ လက်ကိုကိုင်ထားသည်။ ထိုပုံကို မနက်ကတည်းက ထိုင်ဆွဲနေမိခြင်း... ခေါင်းစဉ်တပ်ထားသေးသည်။
"Happy Family with Love"တဲ့။ သူမ မျက်ရည်တစ်စက်က စာရွက်ပေါ်သို့ လိမ့်ဆင်းလာလျက် ထိုပုံထဲကလို မိသားစုမျိုး သူမဘယ်သောအခါမှ ပိုင်ဆိုင်ရမည်လဲ။ ဘယ်တော့မှ မဖြစ်နိုင်တော့တာလဲ ဖြစ်နိုင်သည်။ သူမ အသံတိတ်ငိုမိလျက်... မျက်ရည်များကို ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။
သူမ၏ ပထမဆုံးရင်ခုန်တတ်ခြင်းဟာ မွေးဖွားလာချင်းချင်းပဲ မျက်ရည်များထဲ မျှောချ သေဆုံးစေခဲ့ရသည်။
"ဝဋ်ကြွေးရယ်... ဘယ်လောက်ထိပေးဆပ်ပြီးမှ ကျေမှာလဲ"
****
အဲ့ဒီနေ့ နောက်ပိုင်းကစ စိုင်းနေရောင်နှင့် ဟန်နီချိုတို့ အဆငိမပြေဖြစ်နေကြသည်ဟု ဒေါ်နွဲ့ရီဆီကနေ ခဏခဏကြားရသည်။ သီရိမေ... သူမကရော.... အဆင်ပြေပြေ နေနိူင်ပါ့မလား။ ဘယ်လိုမျိုး အဆင်ပြေအောင် နေရမှာလဲ။
"ကိုယ်ပြုံးလိုက်တဲ့အခါ သူများတွေလဲ လိုက်ပြံးမိတယ်လေ" ဆိုပြီး အမြဲတမ်း မျက်လုံးမှေးမှေးလေးတွေ ပျောက်သွားအောင် ပြုံးနေတတ်တဲ့၊ ဆုမြတ်တို့ မသိမ့်တို့ ဟာသာတွေပြောရင် အသံထွက်အောင် အော်ရီတတ်တဲ့၊ "မေလေးပြောပြမယ် သိလား အဲဒီလူကြီးကလေ..."အစချီသည့် စိုင်းနေရောင်၏ ခပ်တည်တည်မျက်နှာထားကိုဟာသလုပ်ပြောပြတတ်တဲ့ အဲဒီခလေးမ... သီရိမေ။ ဆူညံတတ်တာက သူမအကျင့်မဟုတ်ပေမယ့် ခလေးဆန်လွန်းသည့် သူမက ယခုလိုတိတ်ဆိတ်ခြင်းများနှင့်လည်း မလိုက်ဖက်။ ဒီစက်ချုပ်ဆိုင်လေးရဲ့ ဆည်းလည်းသံလေးတိတ်ဆိတ်နေတော့ အနေအေးသည့် မွန်မွန်ကပင်
"မေကလေး အသဲကွဲနေသလားမသိဘူး ခုတလော တိတ်တယ်နော်"
သူမ ပြန်ပြုံးပြမိသည်။ ထိုအရာကိုမြင်တော့ မမသိမ့်ကပါ
"အဟင်း... မေလေးက ရည်းစားမှမရှိတာ ဘယ်လိုလုပ်အသဲကွဲရမှာလဲ "
မျက်နှာပိုးမသေစွာ စနောက်တော့ သူမမှာ ရယ်ရမှာလိုလို ငိုရတော့မလိုလို။ ဆုမြတ်က စက်ချုပ်နေရာကနေရပ်ပြီး စက်ခုံပေါ် မေးထောက်ကာ
"ကျွန်မမှာချစ်ရမယ့်သူမရှိပေမယ့် အသည်းလည်းကွဲဖူး တယ်... ကျွန်မရင်ထဲ ဒဏ်ရာတွေအပြည့်နဲ့"
ကေကေမိုး၏ ကျွန်မသီချင်းက စာသားကို အသံနေအသံထားနှင့် ဆိုပြတော့ သူမဆက်လက် မတည်နိုင်တော့။ လက်ခုပ်တွေတီးပြီး
"One more song please မမဆု"
သူမက အရုပ်မှာဝတ်ထားသည့်အင်္ကျီမှာ ပန်းပွင့်လေးတွေလိုက်ကပ်ရင်းမှ ထိုပန်းပွင့်လေးများနှင့် ဆုမြတ်ရှိရာဆီ လှမ်းပေါက်လိုက်သည်။
"အဟွန့် မိန်းမနော် မေလေးက အသည်းမကွဲဘူးသိလား ဒီဆိုင်မှာ အသည်းကွဲနေတဲ့သူသပ်သပ်ရှိတယ် သိလား မွန်မွန်"
ထိုအခါ အင်္ကျီမှာ ကော်ကပ်နေတဲ့မွန်နှင့် မသိမ့်တို့က ခေါင်းထောင်လာကြသည်။
"မေလေးတို့ဆိုင်မှာ ရည်းစားရှိတာက ဆုမြတ်နဲ့ မသိမ့်မလား"
"အံမလေး ငါကတော့ အသည်းမကွဲပါဘူးနော်"
မသိမ့်က အလန့်တကြား ထငြင်းသည်။
"ဒါဆို..."
မွန်မွန်က စကားကိုဆွဲကာ ဆုမြတ်ရှိရာဆီ လှမ်းကြည့်သည်။
"အင်းပေါ့ ဆုမြတ်ပေါ့ မွန်မွန်ရဲ့... ကိုခန့်ကျော်ကြီးနဲ့ပြတ်ပြီဆိုပြီး မေလေးကို မနေ့ညက ညကြီးမင်းကြီး ဖုန်းတွေဆက်ငိုနေတာလေ... ဟုတ်တယ်မလား ဆုမြတ်"
သူမက နာမည်တပ် လှမ်းခေါ်တော့ ဆုမြတ်က နေရာကနေထလာကာ သူမဆီပြေးလာသည်။ ပါးစပ်မှ
"အရူးမ သီရိမေ လာခဲ့ ပေတံစာမိမယ်။ နင်ဝဋ်လည်မှာ သိလား"
သူမတို့ ခလေးတွေလို ဆိုင်ခန်းထဲမှာ လှည့်ပတ်ပြေးဆော့ကြသည်။ သူမ သူငယ်တန်းကတည်းက အတူတူ နေခဲ့သည့် ပိုပိုဆုမြတ်။ တစ်ယောက်ချင်းစီ၏ နာကျင်မှု အတိမ်အနက်ကို နားလည်ကြသလို မည်သို့ကုသရမည်မသိသော်လည်း မည်ကဲ့သို့ သက်သာရာရစေမည်ဆိုတာတော့ သိသည်။ ဒီအချိန်မှာ မသိချင်ယောင်ဆောင်ခြင်းက သူမအတွက် ဆေး။ ဒဏ်ရာဆိုတာက လူသိလေ... သနားအောင် ပိုနာကျင်ပြရလေမို့... မသိလိုက်မသိဘာသာ အနာကျက်သွားမယ့်အချိန်ကိုသာ ဆုမြတ်စောင့်ရင်း...
"ကိုခန့်ကျော်ဆီက မနေ့ညက ဖုန်းဆက်တယ် ဆုမြတ်"
"တော် မကြားချင်ဘူး အဲ့မသာအကြောင်း"
စားပွဲတစ်ဖက်ကနေ ဆုမြတ်လှမ်းအော်သည်။
"အဟင်း ဆက်ပြောမယ်နော်"
သီရိမေ မျက်နှာက မချိုမချဉ်။
"သူ Gameကြီးပဲမဆော့တော့ပါဘူးတဲ့။ နင့်ကိုပိုဂရုစိုက်ပါ့မယ်တဲ့ black listကနေ ဖျက်ပေးပါတဲ့... သူ့မှာ သနစရာလေးပါ ဆုမြတ်ရာ
နင် စိတ်လျော့လိုက်ပါ။ သူ့မှာ ကျောင်းတုန်းကတည်းက နင်နိုင်သမျှ ခံလာရတာ"
ဆံပင်ကောက်ကောက် အသားက ညိုသည့်ဘက်နွယ်ကာ မျက်ခုံးကောင်းသည့်အတွက် ဆုမြတ်က ကုလားရုပ်နှင့် အနည်းငယ်ဆင်သည်။ မျက်လုံးကျယ်ကြီးများကို ပြူးပြကာ ပေတံကို သီရိမေရှိရာဘက် လှမ်းချိန်ရင်း...
"နင်က ဘယ်သူ့ဘက်ကလဲ ငါ့ဘက်ကလား ကိုခန့်ဘက်ကလား"
"မသိဘူး မှန်တယ် ထင်တဲ့ဘက်က"
"အဲ့တော့ ငါမှားတယ်ပေါ့"
ဆုမြတ်က သူမဂုတ်ကို ဖိချရင်း သူမလည်တိုင်အား သူ့လက်တွေနဲ့ ထိချုပ်ထားသည်။
"လွှတ် မသာမ ပိုပိုဆုမြတ်... အား နာတယ်ဟ နင့်အားကြီးနဲ့"
ထိုအခါမှ သူမက လွှတ်ပေးသည်။
"ငါက နင်ကောင်းစေချင်လို့ ပြောတာပါဟာ
ကိုခန့်ကျော်က နင့်ကိုချစ်ပါတယ်"
ဆုမြတ် မျက်နှာ ငယ်သွားသည်။ သီရိမေက လုပ်လက်စ အရုပ်ဆီသွားကာ အပွင့်တွေ ပြန်စီကပ်ရင်း ဆုမြတ်ဆီ ပြန်ချောင်းကြည့်သည်။ အခုလိုမျိုးကြလည်း သူမ ကိုယ့်ဒဏ်ရာကိုယ် မေ့သည်။
"လာမယ့်စနေနေ့ညနေကျ ငါတို့ကန်ဘောင်ဘက်သွားအောင် မေလေးတို့လျောက်မသွားရတာကြာပြီ။ မွန်မွန်နဲ့ မသိမ့်အားလား"
"မသိမ့်ကမအားဘူး ဘဲဘဲနဲ့ချိန်းထားလို့"
"အာ... မရပါဘူး။ မေလေးက အကုန်ဆုံချင်တာ။အဲဒီ့ဘဲကြီးရောခေါ်ခဲ့"
ပြောရင်း သူမက မသိမ့်ဆီသွားကာ လေသံဖြင့်
"ကိုခန့်ကျော်ရော ခေါ်မှာ... သူတို့အဆင်ပြေအောင် အောင်သွယ်မလို့"
ထိုအခါမှ မွန်မွန်ကပါ ထောက်ခံကာ...လကမ်ထောင်ပြသည်။
"ဟုတ်ပြီ... အဲ့နေ့တွေ့မယ်နော်။ မေလေး ဒကာခံမယ် အဟဲ... ဖွားဖွားက မုန့်ဖိုးပေးသွားတယ်"
သူမက မျက်လုံးများပျောက်အောင် ရယ်လျက်။ သီရိမေဆိုသည်မှာ ထိုကဲ့သို့သော ထူးဆန်းသည့်မိန်းခလေး။ သူကိုယ်တိုင်က ဒဏ်ရာတွေနဲ့ နာကျင်နေရပါစေ... သူတစ်ပါးအတွက် ဆေးကို ကိုယ်တိုင်ရှာပေးတဲ့ သူမျိုး...။

လမ်းခွဲကြပြီးနောက်حيث تعيش القصص. اكتشف الآن