🌸Unicode🌸
"အဖေရေ ကယ်ပါဦး!!!"
ဂျီမင်း လိပ်ပြာေလးကိုလိုက်ဖမ်းနေရင်းနဲ့ သစ်ပင်တစ်ခုရဲ့ခြေရင်းနားအရောက် စည်းဝိုင်းလိုလိုပုံစံမျိုး အရာထဲရောက်နေမိတာကို သတိထားမိလိုက်သည် ၊ ဒါပေမဲ့ ဂျီမင်းလည်း အမှုမှတ်အမဲ့မှတ် ထိုစည်းဝိုင်းထဲက ပြန်ထွက်မလို့ လုပ်နေရင်း လူလေးယောက်က အနားရောက်လာပြီး သူ့အား လှံတွေကိုယ်စီကိုင်ကာ ဝိုင်းထားကြသည် ။
"ဘာ ဘာဖြစ်တာလဲ?"
"အဖေရေ ကယ်ပါဉီး သူတို့က သားကိုလှံတွေနဲ့ ဘာလုပ်မို့လဲသိဘူး?"
"မင်းတို့က ဘယ်သူလဲ ဘာလို့ငါ့သားကို လှံတွေကိုင်ပြီး ဝိုင်းထားကြတာလဲ ??"
မေးလည်း ဘာစကားမှပြန်မပြောကြ ၊ တစ်ယောက်နဲ့တစ်ယောက်သာ ကြည့်နေကြသည် ။
"မယ်မယ် မယ်မယ်ကြီးရောက်လာပြီ!!"
လေးယောက်ထဲကတစ်ယောက်က အဝေးကိုလှမ်းကြည့်ရင်း ပြောလိုက်သည် ။
"ဖူးစာရှင်ဆိုတာသူလား??"
"မှန်ပါ သူကိုယ်တိုင်လိုလိုလားလားနဲ့ ဒီစည်းဝိုင်းထဲဝင်ရောက်လာခဲ့ခြင်းပါ"
"ဟုတ်ပြီ နန်းတော်ကိုခေါ်ခဲ့!!"
နန်းတော်? ဖူးစာရှင်? ငါကဘာလို့ ??!
"ဖယ် ငါ့ကို နန်းတော်ဘာလို့ ခေါ်သွားမှာလဲ?? အဖေ!!"
"ကျွန်.. .ကျွန်ေတာ်သားကို ဘာလို့ခေါ်သွားကြမှာလဲ မခေါ်ပါနဲ့ဗျာ သားလေးက ဘာအပြစ်မှလုပ်မထားပါဘူး ၊ အပြစ်လုပ်ထားတယ်ဆိုရင်လည်း ကျွန်တော်ကိုပဲခေါ်သွားကြပြီး အပြစ်ပေးကြပါ ၊ သားလေးမှာဘာအပြစ်မှမရှိပါဘူး"
"သူကဘာလဲ?"
ပြတ်သားစွာ မေးလိုက်တဲ့ မိန်းမအသံကြောင့် အားလုံးကတုန်လှုပ်ခြောက်ခြားစွာ ။
"နေပါဦး ရှင်က သူ့အဖေလား??"
"ဟုတ် ဟုတ်ပါတယ် သူက ကျွန်တော့သားလေးပါ"
"သား? ထားပါတော့ ကောင်းပြီ ရှင့်ကိုကျွန်မအကုန်ပြောပြမယ် ဒါပေမဲ့ ရှင့်သားဆိုတဲ့ကောင်လေးကိုတော့ ကျွန်မတို့ခေါ်သွားရလိမ့်မယ် သူ့ကိုခေါ်သွားကြ!!"
BẠN ĐANG ĐỌC
𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ II