🌸14🌸

1.6K 253 76
                                    

🌸Unicode🌸

နန်းဆောင်တံခါးကို ခွင့်တောင်းခြင်းမရှိ ၊ တစ်ဇွတ်ထိုးဝင်လိုက်တော့ ဂျောင်ကု မြင်လိုက်ရသည်က တစ်စုံတစ်ခုကို ကိုင်ကာ ငိုကြွေးနေသည့် ဂျီမင်းကိုပင် ။

ဂျောင်ကု သေရည်သောက်ထားတဲ့အရှိန်ကြောင့် ခေါင်းကရိပ်တိတ် ရိပ်တိတ် ဖြစ်နေပြီး မျက်လုံးတွေ ဝေဝါးနေတာကြောင့် ဂျီမင်း ဘာကိုင်ထားမှန်း သဲသဲကွဲကွဲ မြင်ရခြင်းမရှိပေ ။

"အရှင် ဒီချိန်ကြီး နန်း‌ေဆာင်ကို? ဟင်? သေရည်နံ့‌တွေ အရှင်သေရည်သောက်ထားတာ..??"

"မင်မင်!! မင်မင်ကိုယ့်ဆီ ပြန်လာတယ်နော် မင်မင့်ကို ကိုယ် သေမတတ်လွမ်းနေခဲ့တာ"

မေးခွန်းမဆုံးသေးခင် ပုခုံးအတင်းအကျပ်ဖက်ကာ ပါးစပ်က ဘာတွေပြောနေမှန်းမသိတဲ့ ဂျောင်ကုကို ဂျီမင်းအဝေးသို့ တွန်းထုတ်နေမိသည် ။

"ငြိမ်ငြိမ်...ငြိမ်ငြိမ်လေးပဲ နေပေးနိုင်မှာမလား?? ကိုယ်တကယ် ပင်ပန်းနေလို့ပါ"

ငြင်သာမှုအပြည့်နှင့်ပြောနေတဲ့ ဂျောင်ကုစကားကြောင့် ဂျီမင်းရင်ထဲတစ်မျိုးဖြစ်သွားခဲ့ပေမဲ့ နောက်တစ်ကြိမ်တော့ အဝေးကို တွန်းထုတ်ခြင်းမရှိခဲ့ပေ ။

"မင်မင်မဟုတ်လား? မင်းက မင်မင်ဟုတ်တယ်မလား ကိုယ့်ရဲ့မင်မင် ဟုတ်တယ်မလား?? ဟင့်အင်း မဖြစ်နိုင်ဘူး မင်းက မင်မင်မဖြစ်နိုင်ဘူး မင်မင်က မင်မင်က..."

မင်မင်? ဒါဆို အရှင်က ကုကု!!!

ဂျောင်ကုရဲ့ပြောလက်စ စကားတွေက တဖြည်းဖြည်းတိုးလျသွားခဲ့သည် ။

တခဏမျှ တိတ်ဆိတ်သွားခဲ့ပြီး ဂျီမင်း သူ့ပုခုံးပေါ်က စိုစွတ်မှုကို ခံစားမိလာသည် ။

ငိုနေတာလား?? အရှင်က အခုငိုနေတာလား??

‌ဂျီမင်း ငို‌ေနတာလား မေးမလို့ လုပ်နေချိန် ဂျောင်ကု သူ့ပုခုံးပေါ်က ဖယ်သွားကာ မျက်နှာကို ပွတ်သပ်နေပြီး နောက်...။

"ကိုယ်တော် တောင်းပန်ပါတယ် ၊ မိဖုရားပတ်ခ် ဒီနေ့အဖြစ်အပျက်ကို မရှိခဲ့ဘူးလို့သဘောထားပေးပါ ခွင့်ပြုပါဦး"

𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ IITempat cerita menjadi hidup. Temukan sekarang