🌸Unicode🌸
နန်းဆောင်တံခါးဝမရောက်ခင် သူ့နာမည်ကို ရေရွတ်လိုက်တဲ့ဂျောင်ကု ။
"နေဦး ပတ်ခ်ဂျီမင်း!!!"
ဂျီမင်း အသက်မဲ့တဲ့မျက်ဝန်းတွေနဲ့ ဂျောင်ကုကို လည်ပြန်လှည့်ကြည့်လိုက်သည် ။
"မင်းက အခုချိန်ကစပြီး နန်းတွင်းတဲ့မသက်ဆိုင်တော့ဘူး ၊ အဲ့ဒါကိုမမေ့နဲ့"
အဟက် အောချလောက်ပါရဲ့ အရှင်မင်းကြီးေဂျာင်ကုရယ် ၊ ဂျီမင်းဆိုတဲ့ ငါ့အပေါ် ဘာတွေများအငြိုးတေးတွေရှိလို့ ၊ အခုလို.. .အခုလိုမျိုး??
"ကောင်းပါပြီ ကျွန်တော် မမေ့ပါဘူး..."
"လီဟိုဘင်း မင်းခေါ်သွားလို့ရပြီ!!"
.......
"စစ်ပွဲမဖြစ်တော့ဘူး!!!!!"
"အမှန်ပဲလေ"
"မင်းက ဘာသဘောလဲ လီဟိုဘင်း!! စစ်ဖြစ်မှ ငါ့အတွက်အကျိုးရှိမှာလေ ၊ အခုစစ်မဖြစ်တော့ဘူးဆိုတော့ ငါမင်းနဲ့ပူးေပါင်းထားတဲ့ ငါ့အတွက်အကျိုးကရော ဘယ်မှာလဲ????"
"မရှိဘူးလေ ၊ မရှိဘူး"
"ဘာ!!!"
ဒေါသတကြီးနှင့် သူပုန်တပ်စခန်းထိလာရောက်ကာ ဝုန်းဒိုင်းကြဲနေသော အမတ်ကြီးအီ ။
"ဟုတ်တယ်လေ ၊ ခင်ဗျားအတွက် အကျိုးမရှိဘူး ၊ အစကတော့ ကျုပ် ပုန်ကန်တဲ့ရည်ရွယ်ချက်က အာဏာလိုချင်လို့ ၊ ဒါပေမဲ့ အခုတော့ကျုပ်ရည်ရွယ်ချက်က ပြောင်းသွားပြီ ၊ ကျုပ်ရဲ့ပန်းပွင့်ငယ်လေးကိုလိုချင်လို့ပဲ ၊
ပြီးတော့ ခင်ဗျား ၊ ခင်ဗျားနဲ့ကျုပ် ပူးပေါင်းတယ်ဆိုတာက ကျုပ်က တောင်းဆိုလိုမဟုတ်ဘူး ၊ ခင်ဗျားဘာသာ ခခယယနဲ့ ကျုပ်ဆီလာပြီး ပူးပေါင်းဖို့လာပြောတာ ၊
ကျုပ်ကကျုပ်ရည်ရွယ်ချက်နဲ့ကျုပ် ၊ တခြားသူရည်ရွယ်ချက်တွေကို ဂရုမစိုက်ဘူး ၊
ဒီလောက်ပြောရင် ခင်ဗျား နားလည်မယ်ထင်တယ်"
"ဘာ!! ဟင်း ကောင်းပြီလေ မင်းကိုငါ..."
"နေဦး ခင်ဗျားက ကျုပ်ကို ဘုရင့်ဆီမှာ တိုင်ချက်သွားဖွင့်မလို့လား?? ခင်ဗျားဦးနှောက်ရှိရင် စဉ်းစား ၊ ခံရမှာကျုပ်မဟုတ်ပဲ ခင်ဗျားနော်?"
DU LIEST GERADE
𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ II