🌸Unicode🌸
"အဲ့တော့ မိဖုရားဟန်ပြောသလို မယ်တော်က နတ်ရွာစံသွားတာပေါ့"
"မှန်ပါ အရှင် ၊ ဂျီဆူး အမှန်တိုင်းလျှောက်တင်တာပါ"
"ကောင်းပါပြီ ၊ မိဖုရားဟန်လည်း အခုမှဘုရားကျောင်းကနေပြန်လာတာဆိုတော့ နန်းဆောင်မှာ သွားနားချင်နားလို့ရပါပြီ"
"မှန်လှပါ ဂျီဆူး အရှင့်ကိုအရိုအသေပေးပါတယ်"
"မိဖုရားဟန်ပြောသွားတာတွေက ယုတ္တိမှမရှိတာ ဟုတ်တယ်မလား?"
ဟန်ဂျီဆူးနန်းဆောင်ထဲက ထွက်သွားတော့ ဂျီမင်း ဂျောင်ကုကို သူ့ထင်မြင်ချက်ကို ပြောလိုက်သည် ။
ဂျောင်ကု သူ့နှုတ်ခမ်းေတွကိုတွန့်ကွေးရုံမျှပြုံးလိုက်ပြီး ။
"ယုတ္တိရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ လူဆိုတာ သေကံပါလို့သေသွားရတာပဲ ၊ သူမှန်ပြောပြော မပြောပြော ကိုယ်စိတ်မဝင်စားဘူး ၊ အမှန်တရားက မယ်တော်နတ်ရွာစံသွားပြီ"
ဂျီမင်း နားမလည်ပါ ။
မိဖုရားခေါင်ကြီးနတ်ရွာစံပြီဆိုတဲ့စာလွှာကို ဘုရားကျောင်းကနေ ရရှိတဲ့ေန့က သားတစ်ယောက်အနေနဲ့ ဒေါသပုန်ထမည်ထင်ထားခဲ့တာ ၊ နဂိုအတိုင်းပဲ ၊ ဘာတုံ့ပြန်ခြင်းမှ ရှိမနေခဲ့ ။
အခုလည်း ဟန်ဂျီဆူးရဲ့ ။
"မိဖုရားခေါင်ကြီးက တရားထိုင်နေရင်း လဲကျပြီးနတ်ရွာစံသွားတာပါ"
ဆိုတဲ့ ယုတ္တိမရှိတဲ့စကားကို ကြားပြီးေတာ့လည်း အေးစက်နေခဲ့တယ် ၊ ဘာတုံ့ပြန်မှုမှရှိမနေပြန်ဘူး ။
မွေးရာပါရောဂါနှင့် အနာရောဂါတစ်ခုမျှမရှိတဲ့ မိဖုရားခေါင်ကြီးက ဘာအကြောင်းကြောင့် နတ်ရွာစံသွားခဲ့ရတာလဲ ဂျီမင်း နားမလည်နိုင်တော့ပေ ။
.......
"မိဖုရားပတ်ခ်!!"
"အာ...မိဖုရားဟန်"
ဂျီမင်း ကင်အိမ်တော်သွားပြီး ဆော့ဂျင်အခြေအနေသွားကြည့်မလို့ နန်းတွင်းထဲကမထွက်ခင် နောက်ကနေ လှမ်းခေါ်တဲ့အသံကြားတာကြောင့်လှည့်ကြည့်လိုက်တော့ ဟန်ဂျီဆူးဖြစ်နေသည် ။
ESTÁS LEYENDO
𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ II