🌸Unicode🌸
"ဘယ်လိုလုပ်ရမလဲ အကိုတော်ရာ..."
"ဘာမှလည်း အဲ့လောက်စိတ်ပူမနေပါနဲ့ မင်လေးရယ် ... အဆင်ပြေသွားမှာပါ"
"အဆင်ပြေသွားမှာတဲ့ ... ဒါမဲ့ စိတ်ပူရတာပေါ့ အကိုတော်ရ ကျွန်တော်က အကိုတော်နဲ့ အကိုဟိုဆော့တို့လိုမှ မွေးရာပါ သားအိမ်မပါတာကို ၊
အခုဆူပူနေတဲ့ကိစ္စကို ကျွန်တော်က ဘယ်လိုေြဖရှင်းပေးလို့ရမှာလဲ"
"ညီတော်ဂျောင်ကု ေြဖရှင်းမပေးဘူးလား"
"ကျွန်တော်ကပြောတယ် ၊ ကျွန်တော်ေြဖရှင်းပြီး ကြည့်ကြပ်လုပ်ပေးပါမယ်ဆိုတာကို"
ဆော့ဂျင်မေးတဲ့ မေးခွန်းကို ဂျောင်ကုေြဖပုံအရ ဂျီမင်းက ဖြေရှင်းပေးတာကို လက်မခံသည့်ပုံပင် ။
"အင်းေပါ့ သူတို့ပြောနေကြတာတွေလည်း မှန်ပါတယ် ၊
ယောက်ျားလေးတစ်ယောက်ကို အကြောင်းရေရေရာရာမရှိပဲနဲ့ မိဖုရားရာထူးပေးထားတာလေ ၊ ဘာမှအသုံးမဝင်တာကို သူတို့လက်မခံတာ မဆန်းပါဘူးကွာ.."
"အကိုတော်!! ခင်ဗျားခုချက်ချင်း အဲ့စကားကိုပြင်ပြောလိုက် ၊ ဘယ်လို...?
မင်က အသုံးမဝင်ဘူးဟုတ်လား ၊အကိုတော်သိထားရမှာက တခြားသူတွေအတွက်သာ မင်ကအသုံးမဝင်ချင်မဝင်ဘူး ၊
ဟုတ်မယ် ဒါမဲ့ ဂျွန်ဂျောင်ကုဆိုတဲ့ ကျွန်တော့်အတွက်တော့ မင်က ဘယ်သူနဲ့မှအစားထိုးလို့မရတဲ့လူတစ်ယောက်ပဲ ၊
အဲ့တော့ မင်ကို အသုံးမဝင်ပါဘူးဆိုတဲ့ စကားကို အကိုတော် နောက်ထပ် ထပ်မပြောနဲ့ ၊ မကြားချင်ဘူး ၊ ထပ်ပြီးကြားခဲ့မယ်ဆိုရင်လည်း ပြောတဲ့သူကို အရှင်မထားဘူး ၊ အကိုတော်ဖြစ်နေရင်တောင်မှပေါ့"
အမေလး လက်ဖျားခါလောက်ပါပေတယ် ဂျွန်ဂျောင်ကုရယ် ။
ဘေးနားမှာထိုင်နေတဲ့ ဂျီမင်းတောင် အဲ့စကားတွေကြားပြီး ကြက်သီးထမိသွားသည် ။
"ေမာင်.. .မောင် ဟိုဟာလေ အကိုတော်က အဲ့သဘောနဲ့ ပြောတာမဟုတ်လောက်ပါဘူး ၊ အကိုတော်ပြောတာဘာအမှားပါလို့လဲ မှန်တာကို.."
DU LIEST GERADE
𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ II