🌸6🌸

1.9K 284 42
                                    

🌸Unicode🌸

"ဘယ်လိုလဲကျွန်တော်ပြောတဲ့ အလဲအလှယ်အစီအစဉ်က??"

"မင်းက ဘယ်သူလဲ? ငါ့ကိုအရင်ပြောပြလို့ရမလား??"

"ကျွန်တော်က နဂါးနက်သူပုန်တပ်ခေါင်းဆောင် ဟိုဘင်း အခု ကျွန်တော်တောင်းဆိုချင်တာတောင်းဆိုလို့ရပြီလား??"

"ပြောကြည့်မင်းတောင်းဆိုတဲ့အရာ??"

"ပတ်ခ်ဂျီမင်း ပတ်ခ်ဂျီမင်းကို ကျွန်တော်လိုချင်တယ်"

"ဘာ!!"

.......

"ယွန်းဆော့လေး အဲ့ဒါမစားနဲ့တော့နော် ဂျီဂျီပြောတာနားထောင်ပါ ချောင်းဆိုးရင် မီးရဲ့ ပါးပါး အကိုဟိုဆော့က ဂျီဂျီ့ကို ဆူလိမ့်မယ်"

"ဟာ..မရဘူး မီး စားချင်တယ်ဆိုစားချင်တယ်ပဲ ဂျီဂျီကလည်း တစ်‌ခုထဲပါ နော်လို့ တစ်ခုတည်းဆိုတစ်ခုတည်းပဲ နော်နော်"

"ယွန်းဆော့လေးကလည်း~~"

ညဈေးပွဲကို တစ်ယောက်တည်းလျှောက်ရမှာပျင်းလို့ ယွန်းဆော့ကို ခေါ်လာကာမှ အစကမခေါ်ခဲ့ရင်ကောင်းသားဆိုပြီး အခုတော့နောင်တအကြီးအကျယ်နှင့် တိုင်ပတ်နေသော ဂျီမင်းပင် ။

"လုပ်ပါ တစ်ခုတည်းပါနော် နော်"

"ဟူး ဒါဆို ဒီနားမှာ ခဏစောင့် ဂျီဂျီ သွားဝယ်လာခဲ့မယ်"

"အင်းအင်း မီး ဒီနားမှာစောင့်နေမယ်နော်"

ဂျီမင်း ယွန်းဆော့အတွက် သကြားလုံးသွားဝယ်ပေးနေရင်း ခုနကနေရာကို ပြန်လာတော့ ယွန်းဆော့ကို မတွေ့တော့ချေ ။

ဂျီမင်းတို့ ခေါင်းမီးတောက်ပြီလေ!!!

"ယွန်းဆော့လေး!! ယွန်းဆော့!!! မင်ယွန်းဆော့!!!!"

ဈေးတန်းထဲတွင် ဘယ်လောက်အော်ခေါ်ခေါ် ပြန်ထူးသံမကြားရတာကြောင့် ဂျီမင်းတကယ်ပင် ဇောချွေး‌ပျံနေရပြီဖြစ်သည် ။

နာရီဝက်လောက်အကြာထိ ဈေးတန်းထဲတွင် 360°တိတိ တစ်‌ကိုယ်လုံး‌လှည့်ကာပတ်ရှာနေသော်လည်း တစ်စွန်းတစ်စလေးမျှမတွေ့ရသေးပေ ။

ဂျီမင်း သူနှဖူးတည့်တည့်ကို လက်နဲ့နှိပ်ချရင်း စိတ်တွေအသေရှုပ်နေလေသည် ။

𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ IIМесто, где живут истории. Откройте их для себя