🌸19🌸

1.5K 216 52
                                    

🌸Unicode🌸

စာကြည့်ဆောင်ကနေ ပွေ့ချီပြီး အိပ်ဆောင်ရောက်တော့ ကုတင်ပေါ်ချကာ အပေါ်ကနေအုပ်မိုးကြည့်နေတဲ့ ဂျောင်ကု ။

အချိန်တော်တော်ကြာသည်အထိ စိုက်ကြည့်နေသည်ကို ဂျီမင်းတကယ်ပင် မနေတတ်တော့ ။

ဂျီမင်းဘက်က မနေတတ်စွာပင် စကားစလိုက်သည် ။

"ဟို ပြောစရာရှိတယ်ဆိုတာ..."

ကိုယ့်ဘက်ကစကားစလိုက်သော်လည်း စိုက်ကြည့်မြဲကြည့်နေကာ စကားပြန်ခြင်းမရှိတဲ့ ဂျောင်ကုကြောင့် ဂျီမင်း သူပြောချင်သော စကားကို ဂရုမစိုက်စွာထပ်ပြောလိုက်သည် ။

"မိဖုရား အီအွန်ဟီးရဲ့.."

"မောင့်ကိုယုံတယ်မလား?"

စကားမဆုံးခင်ဖြတ်ပြောလိုက်တဲ့ ဂျောင်ကုက ဂျီမင်းပြောမည့်စကားကို ကြိုသိနေသည်ထင်သည် ။

ဂျီမင်း အလှပဆုံးပြုံးပြကာ ခေါင်းငြိမ့်ပြလိုက်သည် ။

"အင်း မင်ယုံရင်ပြီးပြီ ၊ မင်တစ်ခုသိထားရမှာ မောင်က မင်ကလွဲပြီး တခြားသူတစ်ယောက်ကို ကိုယ်ထိလက်ရောက်စော်ကားဖို့ မပြောနဲ့ စိတ်နဲ့တောင် ပြစ်မှားဖူးတာမဟုတ်ဘူး"

"မင်ယုံပါတယ် ၊ မင်မောင့်ကိုယုံတယ် ၊ အခုလို မေးဖို့လုပ်တာက မင်မောင့်ကို မယုံကြည်လို့မဟုတ်ဘူး ၊ ယုံကြည်လို့မေးတာ"

အပေါ်ကနေအုပ်မိုးနေရာက ဘေးနားကိုလှဲအိပ်လိုက်ကာ ဂျီမင်းကို ရင်ခွင်ထဲထည့်လိုက်တဲ့ ဂျောင်ကု ။

သက်ပြင်းချပြီး နောက်တော့ နဖူးပေါ်သို့ နှုတ်ခမ်းပါးနဲ့ နူးနူးညံ့ညံ့အနမ်းခြွေလိုက်သည် ။

"မောင်နားလည်တယ် ၊ ကျေးဇူးပါ မောင့်အနားကို ပြန်လာခဲ့‌ေပးလို့"

စကားအဆုံးသတ်မှာ‌ေတာ့ ရင်ခွင်ထဲကဂျီမင်းက အသာအယာခေါင်းငြိမ့်လိုက်တာကို ခံစားမိလိုက်သည် ။

ထပ်ပြီး ဂျောင်ကုဘက်ကစကားမဟတော့သလို ဂျီမင်းဘက်‌က‌နေလည်း  အသံထွက်လာခြင်း မရှိခဲ့တော့ပေ ။

ချစ်ရတဲ့ သူရဲ့ လုံခြုံတဲ့ ရင်ခွင်အကျယ်ကြီးထဲ အိပ်စက်နေရတဲ့ကောင်လေး ၊ ချစ်ရသူကို အနားမှာထားကာ အိပ်စက်ခွင့်ရတဲ့ ကောင်လေး ။

𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ IIOù les histoires vivent. Découvrez maintenant