🌸5(하나)🌸

1.9K 295 16
                                    

🌸Unicode🌸

"ကုကုလား???"

ဂျီမင်း နေရောင်ကြောင့် လူရိပ်ပုံစံမျိုးမြင်နေရတဲ့ နေရာကိုအမြန်ပြေးသွားလိုက်တော့ တွေ့လိုက်ရသည်က သူချစ်ရတဲ့ ကုကု ။

အနားကိုတိုးကပ်သွားလိုက်တော့ တဖြည်းဖြည်းပုံရိပ်ယောင်လို ပျောက်ကွယ်သွားသည် ။

အထင်မှားနေတာ ၊ သူအခု ယောင်ယောင်မှားမှားတွေဖြစ်နေခဲ့တာ ၊ ကုကုကို တွေ့ပြီမလို့ပျော်နေခဲ့တာ ၊ ဒါပေမဲ့ အဲ့ဒီအရာက ပုံရိပ်ယောင်တစ်ခုသက်သက်သာ ။

ဂျီမင်း သက်ပြင်းရှည်တစ်ချက်ချပြီး နန်းဆောင်ဘက်သာ ပြန်လှည့်လာခဲ့လိုက်သည် ။

"ကြင်ယာတော်ပတ်ခ်မလား??"

"ဟုတ်ပါတယ် ဒါနဲ့ ခင်ဗျားက??"

"ကင်ထယ်ယောင်းပါ မင်းသားဂျင်ရဲ့ ကြင်ဖက်တော်ပါ"

"မင်းသားဂျင်??"

ဂျီမင်းက ဆော့ဂျင်ကို မမြင်ဖူးတာကြောင့် အနည်းငယ်တော့ ကြောင်သွားမိသည် ။

"ကိုကို့!!!"

နောက်ဘက်ကနေ အပြေးလာပြီး ထယ်ယောင်းဆိုသူရဲ့ဘေးနားရပ်သွားတဲ့ ကောင်လေးတစ်ယောက် ။

"အာ ဂျင်လေး"

မင်းသားဂျင်ဆိုတာ သူလား???

"ပြောစရာရှိလို့ လိုက်ရှာနေတာ အခုမှတွေ့.. .ဟင်? ဒီက ညီတော်ဂျောင်ကုရဲ့ ကြင်ယာတော်မလား?? ပတ်ခ်ဂျီမင်းဆိုတာ??"

"အမ်? အာ ဟုတ်.. . ဟုတ်ပါတယ်"

"အကိုတော်က ဆော့ဂျင်ပါ ၊ ကြင်ယာတော်နဲ့ အခုမှပဲဆုံတော့တယ်"

"ဟုတ် အကိုတော်ကို မတွေ့ဖူးလို့ လက်ထပ်တုန်းကလည်း???"

"ဪ ထိမ်းမြားတဲ့နေ့တုန်းက အကိုတော်က လယ်သမားတွေ ထောက်ပံ့ကြေးသွားပေးနေရတာလေ ၊ အဲ့ကြောင့် ပွဲမှာရှိမနေလိုက်တာ"

ဂျီမင်း ခေါင်းအသာငြိမ့်ပြလိုက်သည် ။

မင်းသားဂျင်က ချောလိုက်တာမှလွန်ရော ၊ တော်ဝင်သွေးဆိုတဲ့အတိုင်းပဲ တကယ့်ကို တော်ဝင်သွေးပီသစွာ ချောမောလွန်းသည် ၊ ကြင်ဖက်ဖြစ်တဲ့ ကင်ထယ်ယောင်းဆိုသူကလည်း ယောက်ျားပီသလိုက်ခြင်း ၊ တကယ့်ကိုမှလိုက်ဖက်လွန်းလှတဲ့စုံတွဲလေး ။

𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ IIМесто, где живут истории. Откройте их для себя