🌸Unicode🌸
(ရာဇဝင်ထဲတွင် သိသားခဲ့သည့် အဆုံးသတ်)"မင်ကျဲကျဲ ဒါ.. .ဒါလေး"
ယွန်းဆော့ ဆေးတစ်ဖံုရဲ့ပါဝင်ပစ္စည်းတွေကို ကြည့်နေချိန် နောက်က အသံသေးသေးလေး တစ်ခုကြောင့် လှည့်ကြည့်လိုက်သည် ။
"အာ...မင်းသမီးေလးရီရှင်းပါလား , ပညာတော်သင်ယွန်းဆော့ အရိုအသေပေးပါတယ်"
"ရ ရပါတယ် ... ဒါ ဒါလေး လက်ခံ.."
"ဟင်? မင်း .. မင်းသမီးလေး!!!"
ယွန်းဆော့လက်ထဲကို တစ်စုံတစ်ရာ အတင်းထိုးထည့်ပြီး ထွက်ပြေးသွားတဲ့ မင်းသမီးလေး လင်းရီရှင်း...။
ယွန်းဆော့ သူ့လက်ကို ငုံ့ကြည့်လိုက်တော့ ။
အယ် စာအိတ်လေး?
"အဟမ်း ဟမ်း ... ပညာတော်သင်ယွန်းဆော့ မှန်တယ်မလား"
ယွန်းဆော့ စာအိတ်လေးကို စူးစမ်းကြည့်နေစဉ် နောက်တစ်ဖန်နာမည်ခေါ်ခံလိုက်ရတာကြောင့် မော့ကြည့်လိုက်မိပြန်သည် ။
"ဟင်!!! အရှင်လင်းကို ပညာတော်သင်ယွန်းဆော့ အရိုအသေပေးပါတယ်!!!!"
နမ်ဂျွန်းသည် ယွန်းဆော့ ဘေးနားရောက်လာတာကြောင့် အံ့ဩတာကတစ်ကြောင်း ၊ ထိတ်လန့်သည်ကတစ်ဖုံ စကားတွေ အထစ်အငေါ့ဖြစ်သွားခဲ့သေးသည် ။
"ထပါ ... ပညာတော်သင်ယွန်းဆော့ သတင်းတွေကြားရပါတယ် , ပညာတော်သင်တွေထဲမှာ နံပါတ်(၁)ပညာတော်သင်ဆိုတာ..."
"အာ..ဟိုဟို အရှင်ချီးကျူးလွန်းနေပါပြီ"
"မဟုတ်တာ.. ကိုယ်တော်တို့ တိုင်းပြည်က ပညာတော်သင်တွေကိုေတာင် ကျော်တက်ပြီး နံပါတ်(၁)ကျောင်းသားဖြစ်တာ အမှန်ပဲလေ ဒီထက်ပိုပြီး ကိုယ်တော်ချီးကျူးမထားပါဘူး"
"ပညာတော်သင်ယွန်းဆော့ အရှင့်ချီးကျူးမှုကို အလွန့်လွန် ဝမ်းမြောက်မိပါတယ်"
"ဒါနဲ့ ပညာတော်သင် ယွန်းဆော့ကို သမီးလေးရီရီက သဘောကျနေတယ်ထင်တယ်"
နမ်ဂျွန်း တိုးဆို တိုးတိုးလေးသာလျှင် ပြောလိုက်ခြင်းဖြစ်သော်လည်း ။
"ရှင်!!?"
"ဪ .. ဘာမှမဟုတ်ပါဘူး လုပ်နေလက်စအလုပ်ကို ဆက်လုပ်ပါ အထိန်းတော်ကျို့ နန်းဆောင်ပြန်မယ်!!"
BINABASA MO ANG
𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ II