🌸Unicode🌸
"သခင်လေးထယ်ယောင်းကို ကျေးဇူးတင်ပေမဲ့ ဆေးကဘာလို့ မောင့်အတွက်ပါ ပါလာခဲ့တာလဲ"
"ဆေးအညွှန်းထဲအတိုင်းပဲ ကျွန်တော်ကထည့်ပေးလိုက်တာပါ ၊ စာရွက်ပေါ်မှာ သက်ဆိုင်သူအတွက်ဆိုလို့ အဲ့တိုင်းလုပ်ပေးလိုက်တာ.."
"ဒါမဲ့ အကိုတော်နမ်ဂျွန်း ပြောသွားတဲ့အထဲမှာ မပါဘူးကော?"
"ကျွန်တော့်ကိုတော့ပါတယ်လို့ လာပြောတယ်..?"
"ကောင်းပါပြီ ထားလိုက်ပါတော့ ၊ ကျွန်တော်နန်းတွင်းပြန်တော့မယ်နော် ၊ အဲ့ဒါမရှင်းလို့လာမေးတာ"
"အမလေး မင်လေးရယ် အစောကြီး ၊ နေ့လည်ဘက်မှလာမေးလည်း ရနေတာကို"
ဂျီမင်းနဲ့ထယ်ယောင်းစကားပြောနေစဉ် အိမ်တော်ထဲက ဆော့ဂျင်ထွင်လာတာကြောင့် ။
"အာ...အကိုတော် သိပြီးသွားပြီလား?"
"သိပြီးပေါ့ ၊ ဘာလဲ မင်လေးက အကိုတော့်ကို ဖုံးကွယ်ထားချင်တာလား"
"အဲ့လိုမဟုတ်ပေမဲ့..."
"ကဲပါ အကိုတော်ဘယ်သူမှမပြောပါဘူး ၊ စိတ်ချ ဒါနဲ့ ဂျောင်ကုရော သိပြီးသွားပြီလား"
"ဟင့်အင်း မပြောရသေးဘူး...အဲ့ဆို ကျွန်တော် နန်းတွင်းထဲပြန်တော့မယ် ၊ အဲ့အကြောင်းမေးချင်လို့ မောင်မနိုးသေးခင်ထွက်လာတာ"
"ဟုတ်ပါပြီ ဟုတ်ပါပြီ"
ဂျီမင်း ၊ ထယ်ယောင်းနှင့်ဆော့ဂျင်ကို နှုတ်ဆက်ခဲ့ပြီး နန်းတွင်းကိုသာပြန်လာခဲ့လိုက်သည် ။
အကြောင်းစုံကိုတော့ ဂျောင်ကုနိုးတဲ့အခါ ရှင်းပြမည်ဆိုပြီး စိတ်တင်းရင်းနှင့်ပင် ။
.......
"အဖေ စုံစမ်းခိုင်းထားတာ အကြောင်းကို မကြားရဘူးလား ၊ ဘာမှမထူးခြားဘူးလား!!!"
"သမီးစိတ်အေးအေးထား ၊ အဖေစုံစမ်းရသလောက် မနေ့က အရှင်နဲ့ မိဖုရားပတ်ခ်အိပ်ဆောင်ဝင်နေတယ်"
"ဘာ!!! အိပ်ဆောင်ဝင်နေတယ်!!!!"
"အင်း"
ဒီဘိုးတော် သူ့ကိုစုံစမ်းခိုင်းမှ ဘာမှမထူးခြားတဲ့အပြင် ဟုိနှစ်ယောက်က အိပ်ဆောင်တောင် ဝင်နေကြပြီ ။
VOUS LISEZ
𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ II