🌸10(하나)🌸

1.8K 268 53
                                    

🌸Unicode🌸

"ယွန်းဆော့လေးရော အသံမကြားရပါလား??"

ယွန်းဂီ နန်းတွင်းထဲက ပြန်လာပြီး အိမ်တော်ပြန်ရောက်ချိန်တွင် ခါတိုင်း ထွက်ပြီး ကြိုနေကြ သူ့သမီးလေးက ဒီနေ့ထွက်မကြိုတော့ စိတ်ထဲတစ်မျိုးဖြစ်မိသည် ၊ အိမ်တော်ပေါ်ရောက်ရောက်ချင်း ဟိုဆော့အားလှမ်းမေးလိုက်လေသည် ။

"အိပ်နေတယ် ခုနကမှအိပ်သွားတာ..."

"ဪ...."

"အဂီ့သမီးက မအိပ်ခင်ဂျီကျနေသေးတယ် ၊ ဂျီမင်းကိုတွေ့ချင်လို့တဲ့"

ဂျီမင်း ၊ အင်း ယွန်းဆော့လေးက ဂျီမင်းကို အင်မတန်သံယောဇဉ်ရှိတဲ့ကလေးမလေးတစ်ယောက်ပင် ၊ အင်းပေါ့ အလုပ်မအားတဲ့ မိဘတွေထက် ကလေးဆန်တဲ့ဂျီမင်းလေးက သူ့ရဲ့ဆော့ဖော်ဆော့ဖက်ဖြစ်နေတာဆိုတော့ မိဘတွေထက် သံယောဇဉ်တွယ်ရင်လည်း တွယ်သင့်လေသည် ။

"‌အဲ့တော့ ဘယ်လိုပြောပြီး အိပ်အောင်ချော့လိုက်တုန်း?"

"ချော့စရာမလိုဘူးလေ ၊ အကိုဂျင်က စကားကို မနားတမ်းပြောပြီးတရားချလိုက်တာ နားညီးလို့ဆိုပြီး အိပ်ခန်းထဲပြေးဝင်သွားပါလေရော"

ဟိုဆော့စကားကြောင့် ယွန်းဂီတစ်ယောက် ဘေးနားကိုလှမ်းကြည့်လိုက်‌တော့ ဂုဏ်ဆာနေတဲ့မျက်နှာထားနှင့် အပြုံးကြီးတစ်ပွင့်ဆင်မြန်းထားတဲ့ ဂျင့်ကိုတန်းတွေ့လိုက်ရသည် ။

"အဟား!!ကျေးဇူးပါ မင်းသားဂျင်"

"အာ..မလိုတာပဲ ရပါတယ်"

.......

"မိလာပြီလား??"

"တောင်းပန်ပါတယ် ခေါင်းဆောင် ၊ ညအမှောင်ထဲ အပြင်မှာ ဘယ်သူဘယ်ဝါမှန်းမသဲကွဲတာကြောင့် လွတ်သွားပါတယ်"

"ကတောက်!!! သူငါတို့စစ်ဆင်ရေးတွေကြားသွားလောက်ရောပေါ့ ၊ ‌တခြားတစ်ခုပြောင်းမယ်ဆိုရင်လည်း ဂျွန်ဂျောင်ကုတို့က ခန့်မှန်းပြီးသားနည်းလမ်းတွေကြည့်ပဲရှိတော့တယ် ၊ မထူးတော့ဘူး အင်အားကိုသာ ဒီထက်ပိုပြီးဖြည့်ထားလိုက်!!"

"အမိန့်တိုင်းပါ ခေါင်းဆောင်!!!"

"နေဦး ခုနက အရိပ်မည်းက ဘယ်ဘက်ထွက်သွားတာလဲ???"

𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ IIWo Geschichten leben. Entdecke jetzt