🌸11🌸

1.7K 254 31
                                    

🌸Unicode🌸

"မယ်မယ် ဘာများဖြစ်လာတာပါလဲ ၊ ကျွန်တော်မျိုးမ..."

ဂျောင်ကု နန်းဆောင်ကနေ အီအွန်ဟီးပြန်ရောက်လာကတည်းက တစ်ချက်ကလေးမှအငြိမ်မနေပေ ၊ မတတ်သာသည့်အဆုံး အထိန်းတော်ကပဲ အကြောင်းရင်း မေးရတော့သည် ။

"တိတ်စမ်း!!! နင်ကဘာအဆင့်မလို့ ငါ့ကိစ္စတွေကို လိုက်စပ်စုနေရတာလဲ ၊ ကိုယ့်အဆင့်ကိုယ်သိရင် ပါးစပ်ပိတ်ပြီး နန်းဆောင်အပြင်ဘက်ထွက်နေ!"

"စိုး စိုးရွံ့မိပါတယ် မယ်မယ် ၊ ကျွန်တော်မျိုးမကို ခွင့်လွှတ်ပါ"

တောက်စ်! စိတ်‌တိုနေရတဲ့ထဲ အရှုပ်ထုတ်တွေ ။

.......

လျှို့ဝှက်နန်းဆောင်တစ်နေရာ ၊ ရှင်းအောင်ပြောရရင် သစ္စာဖောက်သူ အမတ်များစုဝေးရာ‌နန်း‌ေဆာင်မှာပင် ။

"ကျုပ်တကယ်ကိုပဲ စိတ်ရှုပ်နေပြီ ၊ တဏှာမွှန်ပြီး သစ္စာဖောက်တဲ့သူက ဖောက်သွားလို့ ကလဲ့စားပြန်ချေ ချင်ပေမဲ့ ဘုရင့်ရဲ့ယုံကြည်မှုကလည်း မရှိနေပြန်ဘူး ၊ ဘယ်လိုလုပ်ရပါ့"

စားပွဲခုံတန်းရှည်ထိပ်ဆုံးမှာထိုင်နေတဲ့ အမတ်ကြီးအီကတော့ လောလောလတ်လတ် လီဟိုဘင်းရဲ့သစ္စာဖောက်ခံထားရသူပင် ။

"အမတ်ကြီးအီ ကျုပ်မှာအကြံပေးစရာတစ်ခုတော့ရှိတယ်ဗျ"

ထိုင်နေသူအပေါင်းပါအမတ်များထဲက တစ်ယောက်ရဲ့စကားကို ပြော ဆိုသည့်သဘောနှင့် အမတ်ကြီးအီမေးငေါ့ပြလိုက်သည် ။

"ဒီလိုဗျ ၊ ကျုပ်အစီအစဉ်က တစ်ချက်ခုတ်နှစ်ချက်ပြတ်မဲ့ အစီစဉ်"

"ဆိုပါဦး"

စကားကိုလှမ်းထောက်လိုက်တော့ စကားစသူအမတ်က ဆက်ပြောသည် ။

"အရင်ဆုံး ဘုရင်က မိဖုရားပတ်ခ်ကို လီဟိုဘင်းဆီက ပြန်လုမယ်ဆိုတဲ့အကြောင်းကို အမတ်ကြီးကြားပြီးသားဖြစ်မယ်ထင်ပါတယ်"

အမတ်ကြီးအီ အပါအဝင် ကျန်နေတဲ့အမတ်(၅)ယောက်ကလည်း စိတ်ဝင်စားစွာ နားထောင်နေကြသည်။

"အမတ်ကြီးအီက အဲ့ကိစ္စနဲ့ပတ်သတ်ပြီး လီဟိုဘင်းနဲ့ ပတ်သတ်ဖူးသူဆိုတော့ သူ့ရဲ့စစ်ဆင်ရေးတိုက်ကွက်တွေကို ကြိုသိထားမှာပဲလေ ၊

𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ IIDonde viven las historias. Descúbrelo ahora