🌸5(둘)🌸

1.9K 291 38
                                    

🌸Unicode🌸

"ဘယ်လိုအကြောင်းကြောင့်???"

"မယ်မယ် ပြည်သူတွေဆီကကြားသင့်သလောက်ကြားပြီးပါပြီ ၊ ပြီးတော့ သူတို့ပြောတာလည်းအမှားမှမပါဘဲ ၊ မင်းလည်း တတ်မြောက်ထားသင့်တာပေါ့"

"ဟုတ်ကဲ့ပါ ကျွန်တော် ဘယ်နေ့စသင်ယူရမလဲ??"

"မင်းကို သားတော်‌ေဂျာင်ကုနဲ့ အခြားပါရမီရှိတဲ့သူ‌ေတွ သင်ကြားပေးလိမ့်မယ် ၊ သင်ယူရမယ့် နေ့ကတော့ မနက်ဖြန်ပဲ"

"ဟုတ်"

ဂျီမင်း နန်းဆောင်ပြန်လာပြီးတော့ အတွေးတွေကရှုပ်သထက်ရှုပ်လာပြန်သည် ၊ အမြန်သာအတွေးဖြတ်လိုက်ပြီ မနက်ဖြန်အတွက် ကိုယ့်စိတ်ကို ပြင်ဆင်ထားလိုက်သည် ။

.......

ပထမဆုံး စာပေသင်ယူရမည်ဖြစ်တာကြောင့် ဂျီမင်း လေဟာနယ်ဆောင်လေးမှာ တစ်ယောက်တည်းသင်ပေးမဲ့သူကို စောင့်နေလေသည် ။

လေ‌ ေလးကလည်း တဖြူးဖြူး ၊ ကြာပန်းနံ့လေးတွေကလည်း လေတိုက်တိုင်း နှာခေါင်းနားကိုတိုးဝေ့လာကြသည် ၊ ဂျီမင်း ထိုအရာများတွင် သာယာပြီး မျက်စိတွေကမှေးစင်းလာလေသည် ၊

မနေ့က‌လည်း တစ်ညလုံးနီးပါး အတွေးရှုပ်တာတွေရှင်းမပစ်နိုင်တာရော ၊ ဒီနေ့အတွက်ရင်ခုန်တာရယ်ကြောင့်ပါ ကောင်းကောင်းအိပ်‌မပျော်ခဲ့ပေ ။

"အဟမ်း!! အဟမ်း အဟွတ် အဟွတ် ဟွတ်ဟွတ် ဟွတ်!!!"

ဂျီမင်းအိပ်ငိုက်နေရင်း ဘေးနားက အဆက်မပြတ်ချောင်းဆိုးသံကြားတာကြောင့် ‌အိပ်ငိုက်နေရင်း မျက်လုံးလေးလန်ကြည့်လိုက်သည် ။

"ဂျောင်ကု? အဲ အရှင်!!!"

"အဟွတ် ရေရေ!!"

ဂျောင်ကုက ရေတောင်းတာကြောင့် ဂျီမင်းစာသင်ယူ‌ေနရင်း မောရင်သောက်ဖို့ ‌စားပွဲတင်ထားတဲ့ရေလေးကို လက်ကမ်းပေးလိုက်သည် ။

"ရ.. .ရရဲ့လား အရှင်?"

"ရပြီ အဟမ်း!! မင်းက ဘာလို့ငိုက်နေရတာလဲ?? စာသင်ဖို့လာတာမဟုတ်ဘူး‌လား??"

"မဟုတ် အဲ ဟုတ်တယ်လေ ၊ ဒါပေမဲ့ သင်ပေးမဲ့သူက ရောက်မလာသေးတော့ အဲ့ဒါ ဟို.. ..ဟို"

𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ IIWhere stories live. Discover now