🌸16🌸

1.6K 241 34
                                    

🌸Unicode🌸

စစ်မြေပြင်ပေါ်တွင် ရုန်းရင်းဆန်ခတ်နှင့် စစ်ရဲမက်များစွာ တိုက်ခိုက်နေကြသည် ။

လူတိုင်းရဲ့ ခန္ဓာကသာ အသက်မသေရေးအတွက် ရုန်းကန်တိုက်ခိုက်နေရပေမဲ့လို့ မှတ်ဉာဏ်တွင်းတွင် အိမ်အပူတွေအတွက် ဂယက်ထနေကြပေသည် ။

အိမ်တွင်ရောဂါဖြစ်နေသော သူ့မိန်းမနှင့် သူမရှိ၍ ငိုနေမည့် ဘာမှမလုပ်တတ်သော တစ်ဉီးတည်းသော သူ့ကလေးလေး ...။

အနာကြီးရောဂါအားခံစားနေရသည့် အမေအိုကြီးတစ်ယောက်တည်း အိမ်တွင် ကျန်ခဲ့မည့်အဖြစ် ...။

သိပ်မကြာခင်တွင် အရမ်းချစ်ရသော မိန်းကလေးနှင့် အတူတူနေရတော့မည့် အခွင့်ရေး ...။

များစွာ ... များစွာသော အတွေးပေါင်းစုံကိုတွေးရင်း အသက်ရှင်ရေးအတွက် သွေး ၊ ချွေးတွေ ပေးဆပ်ကာ မျက်ရည်များနှင့်တိုက်ခိုက်နေ‌ရသော ဒီစစ်ပွဲ ...။

ပြည်ပနိုင်ငံနှင့် တိုက်ခိုက်နေခြင်းမဟုတ်ပဲ နိုင်ငံတွင်း ပုန်ကန်သူများနှင့် တိုက်ခိုက်နေရသည် ။

ကိုယ့်နိုင်ငံတွင်းက ကိုယ့်လူမျိုးအချင်းချင်း တိုက်ခိုက်နေရခြင်းသည် အနိုင်အရှုံးပေါ်လျှင်တောင် မည်သည့်ဘက်က ဝမ်းသာမှုအပြည့်နှင့် နေနိုင်မည်နည်း ။

အသံပေါင်းစံုနှင့် သွေးများစွာ မြေ‌ပြင်ပေါ် ခစားပြီး‌နောက်တွင်တော့ အရှုံးပေးမည့်ဘက်မှ အလံဖြူထောင်ပြလာလေသည် ။

သူပုန်တပ် ၊ အထိနာရသော သူပုန်တပ်သည် အရှုံးအား မချိတင့်ကဲဖြင့် လက်ခံလိုက်ရကာ နန်းတွင်းစစ်ရဲမက်များ၏ နန်းတွင်းအချုပ်ခန်းအား ခေါ်ဆောင်ခြင်းခံလိုက်ရသည် ။

"ဘယ်လိုလဲ အရှင်မင်းကြီး ဂျောင်ကု ၊ ခင်ဗျားဘက်က အနိုင်ရသွားပြီဆိုတော့..."

‌အရှုံးကို လက်ခံထားသော်လည်း မချိတင့်ကဲမျက်နှာထားနှင့် မာနကို မလျော့နိုင်သော လီဟိုဘင်းကတော့ လှောင်ပြုံး ပြုံးကာ ဂျောင်ကုအား မေးခွန်းထုတ်လိုက်သည် ။

"မင်းဘက်က ရှုံးသွားပြီမလား ၊ အခု မင်းဘယ်လိုခံစားနေရလဲ ၊ အေး မင်းခံစားနေရတဲ့ ဆန့်ကျင်ဘက်က ငါရဲ့လက်ရှိခံစားချက်ပဲ"

𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ IIWhere stories live. Discover now