🌸Unicode🌸
"သမားတော်ထယ် မင့်အခြေအနေ ဘယ်လိုရှိ"
စကားမဆုံးသေးခင် ခေါင်းခါပြလိုက်တဲ့ ထယ်ယောင်းကြောင့် ဂျောင်ကုခမျာ နွေခေါင်ခေါင် ခေါင်းပေါ်တည့်တည့်သို့ မိုးကြိုးပစ်ချခံရသလိုပင် ခံစားလိုက်ရသည် ။
နန်းဆောင်ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ်လဲကျသွားေသာ ဂျောင်ကုအား အထိန်းတော်တစ်ယောက်တစ်လေမျှမှ ဖမ်းကိုင်လိုက်နိုင်ခြင်းမရှိပေ ။
ဂျောင်ကုမျက်နှာထက်တွင် မျက်ရည်တရစပ်ကျနေသည်နှင့်အတူ ပုခက်အတွင်းမှလည်းကလေးနှစ်ယောက်၏ ငိုသံများသည် ရပ်ဆဲသွားခြင်းမရှိပြန် ။
"ကယ်ဖို့နည်းလမ်းမရှိဘူးလား ကိုကို!! မင်လေးကို ကယ်ဖို့နည်းလမ်း"
"မရနိုင်တော့ဘူး ဂျင်လေး ၊ ကြင်ယာတော်ပတ်ခ်က ဒဏ္ရာရတာမဟုတ်ဘူး နတ်ရွာစံသွားတာ"
ဆော့ဂျင် နန်းဆောင်ကုတင်ပေါ်က ဂျီမင်းဆီကို ေြဖးဖြေးချင်းလျှောက်သွားကာ ဘေးနားသို့ ထိုင်ပြီး ငိုကြွေးနေသည် ၊ ဟိုဆော့ , ဆော့ဂျင်အနားရောက်လာခဲ့ပြီး နောက်ကျောသို့ ဖြေးဖြေးချင်းပုတ်ကာ ေြဖသိမ့်ပေးနေမိသည် ။
သူ(ဟိုဆော့)ကိုယ်တိုင်က မျက်ရည်များတားဆီးမရအောင်တရစပ်စီးကျနေသော်ငြားလည်း ယခုအချိန်တွင် ဆော့ဂျင်ကိုသာ ေြဖသိမ့်ပေးနေခဲ့သည် ၊ ယူကြုံးမရငိုကြွေးနေခဲ့တဲ့ ဆော့ဂျင်ဟာ ဂျီမင်းအပေါ်ကို အတော်လေးပင် ခင်တွယ်နေခဲ့သည့်အလား ။
မိုးပြိုတော့မတတ် မဲမှောင်နေသော နန်းဆောင်အပြင် ကောင်းကင်ယံဟာလည်း မိုးများ မရွာသေးပဲနှင့် အုံ့ဆိုင်းနေခဲ့သေးသည် ။
ဂျောင်ကု အခုလိုချိန်တွင် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ရင်း လူ့လောကထဲက ထွက်သွားချင်စိတ်ပဲဖြစ်နေမိသည် ၊ ဂျီမင်းမရှိတော့တဲ့ ဘဝက သူ့အတွက်နေပျော်နိုင်စရာ ဘာအကြောင်းမျှမရှိတော့ ၊ သို့သော် ထွက်သွားလို့ရနိုင်မည်တဲ့လား ၊ ဂျီမင်းက သူ့ရဲ့ကိုယ်ပွားလေးတွေ ထားသွားခဲ့သည်လေ ။
BINABASA MO ANG
𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ II