🌸Unicode🌸
"ဆုံးဖြတ်ပြီးသွားပြီလား ကလေး??"
"အင်း ကျွန်တော်ခင်ဗျားနဲ့လိုက်ခဲ့..."
"နေဦး ကလေး နေဦး သေချာဆုံးဖြတ်ပြီးမှပြောနော် ၊ အလောတကြီး ကိုယ့်ကိုပြောစရာမလိုဘူး ကလေးသေချာဆုံးဖြတ်ပါ"
လူအများကြီး သူတို့ပတ်ဝန်းကျင်မှာ မရှိ ၊ ဂျောင်ကု ၊ ဂျီမင်း ၊ နမ်ဂျွန်း ... သုံးယောက်တည်း ၊ သူတို့သုံးယောက်တည်းသာရှိနေသည် ။
"ကလေး ကိုယ်နဲ့ ခဏလိုက်ခဲ့ ညီတော် ဒီမှာခဏနေခဲ့ပါ"
ထိုနေရာတွင် ဂျောင်ကုတစ်ယောက်တည်းသာ ကျန်နေခဲ့သည် ၊ ဘာကိစ္စကြောင့် နမ်ဂျွန်း ဂျီမင်းတစ်ေယာက်တည်းကို ခေါ်သွားလည်း သူမသိ ။
"ကလေး ကိုယ်နဲ့မလိုက်ခဲ့နဲ့တော့"
ဂျီမင်း ခဏတာတော့ ကြောင်အသွားသည် ၊ နမ်ဂျွန်းကပဲလိုက်ခဲ့ဖို့ပြောခဲ့တာမလား ၊ အခု မလိုက်နဲ့တော့တဲ့??
"ဒီလိုကိုယ်မလိုက်ခိုင်းတာက ကလေးကို မနှစ်သက်တော့လို့မဟုတ်ဘူးနော် ၊ အကြောင်းရင်းရှိလို့ ၊ အဲ့အကြောင်းရင်းကိုလည်း ကိုယ်ခုချိန်မပြောပြနိုင်သေးဘူး ၊ ပြီးတော့ ရော့ ဒီေသတ္တာဘူးေလးယူထား ၊ ကိုယ် ကလေးကို လက်ဆောင်ပေးတာ ၊ တစ်ချိန်မှာတော့ အသုံးဝင်လာလိမ့်မယ်"
အကြောင်းရင်း?? အသုံးဝင်မယ်??
ဂျီမင်းကိုစကားပြောခွင့်မပေး ၊ တရစပ်ပြောပြီး ထ ထွက်သွားတဲ့ နမ်ဂျွန်းကို ဂျီမင်းကြောင်ကြည့်ပြီး ကျန်နေခဲ့သည် ။
ဘာဖြစ်သွားရတာလဲ သူက??
"ကဲ ဝေါယာဉ်လည်းရောက်လာပြီဆိုတော့ အကိုတော် သွားပြီ ၊ ကလေးက မင်းကိုရွေးချယ်လိုက်တယ် ဂုဏ်ပြုပါတယ်"
ဂျောင်ကု အတွေးများသွားသလို ရင်ထဲကနေလည်း စမ်းချောင်းေလးတစ်ခုဖြတ်စီးဆင်းသွားသလို ခံစားလိုက်ရသည် ၊ စမ်းချောင်းလေးမှ တကယ်ကို အေးမြတဲ့စမ်းချောင်းလေး ။
.......
"စစ်သူကြီးမင် ဘာအကြောင်းကိစ္စထူးလို့ ရောက်လာရတာလဲ??"
VOUS LISEZ
𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ II