🌸9🌸

1.7K 264 37
                                    

🌸Unicode🌸

"ကြင်ယာတော်ပတ်ခ်ကို ဘာလို့ပေးလိုက်ရတာလဲ??"

"စစ်မဖြစ်ချင်လို့"

မိဖုရားခေါင်ကြီး ဂျောင်ကုနန်းဆောင်ဆီလာပြီး ဖြေရှင်းချက်တောင်းနေခြင်းပင် ။

"လွယ်လိုက်တာ သားတော်ရယ် ၊ အဲ့ဒါက သားတော်ရဲ့ဖူးစာရှင်နော်"

"ဖူးစာရှင်?? အဟက်"

လှောင်ပြောင်ရီလိုက်တဲ့ ဂျောင်ကု ၊ ဂျောင်ကုစီကနေ မိဖုရားခေါင်ကြီးအား ထပ်မံပြီး ဖြေရှင်းချက်ပေးသံထွက်မလာခဲ့တော့ပေ ။

"ပြန်ခေါ်လိုက်ပါ"

"ဗျာ?"

"ပြန်ခေါ်လိုက်ပါ ကြင်ယာတော်ပတ်ခ်ကို"

"မဖြစ်နိုင်တာ..ပြီးတော့ သူကကြင်ယာတော်မဟုတ်တော့ဘူး ကြင်ယာတော်ပတ်ခ်လို့မခေါ်ပါနဲ့တော့..."

"ဘာကိုမဖြစ်နိုင်ရမှာလဲ သားတော်?"

"စစ် ၊ သူ့ကိုသာ‌ပြန်ခေါ်လိုက်ရင် စစ်ဖြစ်မှာ"

"အဲ့ဒီစစ်က တိုင်းပြည်ထက်အရေးကြီးနေလို့လား!!"

"ဘာဆိုင်..!!"

"မင်း တောင်တန်းဒေသတွေမှာ ကပ်ရောဂါဖြစ်နေတယ်ဆိုတာကို သိပြီးပြီလား??"

"သားတော် ဒီမနက် ညီလာခံမှာ သိပြီးပြီ ၊ အဲ့အတွက်လည်း အကောင်းဆုံးဖြစ်အောင် သမားတော်ထယ်ယောင်းတို့ကို စီစဉ်ခိုင်းထားပါတယ်"

"စီစဉ်ခိုင်းမနေနဲ့ ၊ ဘာမှထူးလာမှာမဟုတ်ဘူး"

ဂျောင်ကု ခေါင်းငုံ့နေရင်းကနေ နားမလည်တဲ့မျက်ဝန်းတွေနဲ့ မိဖုရားခေါင်ကြီးကို မော့ကြည့်လိုက်သည် ။

"သားတော် မင်းကိုတော့ မယ်မယ်မပြောရသေးဘူး ၊ ဒါပေမဲ့ ပြောချိန်တန်လို့ပြောပြမယ် ၊ ဂျီမင်းက မင်းရဲ့သာမန်ဖူးစာရှင်တင်မဟုတ်ဘူး ၊ ကံကြမ္မာအလိုတော်တိုင်း ဖြစ်တည်လာတဲ့ မင်းရဲ့ကြမ္မာဖက်ဖူးစာရှင်တစ်ယောက် ၊

မင်းက တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ အရည်အချင်းရှိပေမဲ့ ဘာကြောင့်တိုင်းပြည်မတိုးတက်ရသလဲဆိုတဲ့ တကယ့်အကြောင်းရင်းအစစ်မှန်ကိုမင်းသိလား??

𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ IINơi câu chuyện tồn tại. Hãy khám phá bây giờ