🌸Unicode🌸
"ကိုယ်ဝန်ရှိတယ်??"
"မှန်လှပါ မယ်မယ် ၊ မိဖုရားအွန်ဟီးမှာ ကိုယ်ဝန်ရှိနေတာပါ"
"မဖြစ်နိုင်တာ...?"
ပထမဆံုး မိဖုရားရဲ့ နန်းေဆာင်ထဲတွင် တွေဝေမှုပေါင်းများစွာဖြင့်ပင် ။
.......
"မိဖုရားအွန်ဟီး တော်ဝင်သွေးလွယ်ထားရပြီ"
"ဗျာ!!? မဖြစ်နိုင်တာ.."
"အဲ့ဒါပြောတာ မင်းအိပ်ဆောင်ဝင်တယ်ဆိုတဲ့ အကြောင်းလည်း ငါမသိရလို့"
"ဟာ..ကျွန်တော်အိပ်ဆောင်မဝင်ပါဘူး ၊ မိဖုရားအွန်ဟီးကို ဆင့်ခေါ်စေ!!!!"
"နေဦး မင်းဘာလုပ်မလို့လဲ?"
"သူရထားတဲ့ကိုယ်ဝန်က ကျွန်တော်နဲ့မဟုတ်ဘူးဆိုတာသေချာနေရင် ဘယ်သူနဲ့ရလဲ ရှင်းမလို့လေ"
"နေဦး ညီတော် ၊ မင်းအလောတကြီးမလုပ်သင့်ဘူး"
"ဒါဆို ကျွန်တော်ကခုဘာလုပ်ရမှာလဲ??"
"နေဦး ၊ မင်း ခုသွေးပူနေတယ် ၊ မင်းသွေးအေးသွားတဲ့အချိန်ကြမှ သေချာစဉ်းစားကြတာပေါ့"
"အရှင်မင်းကြီး မိဖုရားဟန် အခစားဝင်ပါတယ်!!!"
စိတ်ရှုပ်နေတဲ့အချိန်ဆိုရင် ပိုစိတ်ရှုပ်စေမယ့် အရာတွေက အမြဲလာတယ် ။
"ဝင်စေ!!!"
စကားအဆုံးမှာတော့ ဝင်လာတဲ့ မိဖုရားဟန်ဂျီဆူး ။
တော်ဝင်မျိုးနွယ်သကေ°တ ပါ အနီရင့်ေရာင်အပေါ်ဝတ်ရုံလွှာကို ဆင်မြန်းထားကာ မျက်နှာခြယ်မှုန့်ကို အသိအသာကြီး ခြယ်သထားခြင်းမရှိပေမယ့်လို့ နဂါးမောက်သီးအရောင်နှင့် နှုတ်ခမ်းဆေးခြယ်ထားေသာကြောင့် မျက်နှာမှာရှင်းလင်းစွာပင် ပြောင်ထင်းနေပေသည် ၊
သူမသည် တကယ့်ကိုပင် မိဖုရားတစ်ပါး၏ ကျက်သရေရှိသောအလှနှင့် ပြည့်စုံသူတစ်ဦးြဖစ်ပေသည် ။
"ဂျီဆူး အရှင့်ကို အရိုအသေပေးပါတယ်"
"ထပါ မိဖုရား ၊ ဘာအကြောင်းရှိလို့ နန်းဆောင်ထိ ရောက်လာရတာပါလဲ"
YOU ARE READING
𝙳𝚎𝚜𝚝𝚒𝚗𝚢 II (Completed)✓ II